ပညာပြဿနာအဖြေရှာ
6000 (ကျပ်)
ပညာကို ဖွင့်ဆိုရှင်းပြရာတွင် ဗုဒ္ဓတရားဓမ္မများကို ကိုးကားတင်ပြထား၏ ဘာသာတရားကို လက်တွေ့လူ့ဘ၀ လွတ်မြောက်ငြိမ်းချမ်းရေးအတွက် အသုံးချရမည့် ပညာအဖြစ်သိစေရလို၏ ဘာသာရေးဟာ အချိန်တိုင်းအတွက် လိုက်နာကျင့်သုံးရမည့် ဘ၀နေနည်းပညာဖြစ်ရမယ်၊ လူနဲ့ လူ့ပတ်ဝန်းကျင်ကို အကျိုးပြုနေရင် တရားပဲဖြစ်တယ် ဟုရဲရဲဝံ့ဝံ့ဆိုထားသည်။ သိရုံတက်ရုံဖြင့် ပညာဟု မခေါ်ဆိုထိုက်ကြောင်း ဆင်းရဲသား လှေသမားလေးတစ်ယောက်က ပညာရှိကြီးတစ်ဦးအားလှေဖြင့် တစ်ဖက်ကမ်းသို့ ခေါ်လာရာ၊ ပညာရှိကြီးက လှေသမားလေးကိုကြည့်ပြီး ပညာမဲ့လို့သာ ယခုလိုပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကိုင်နေရသည်ဟု စိတ်၌ခံယူကာ သနားပြီးအထင်သေး စိတ်များဝင်လာပုံ၊ လှေသမားလေးလည်း ပညာရှိကြီး ပညာမာန်တက်၍ သူ့အားအထင်သေး စိတ်ဝင်လာသည်ကို သိရှိလာပုံ၊ ခဏအကြာတွင်ပင် လှေသည်မြစ်လယ်၌ရှိစဉ် လေနီကြမ်းဝင်လာရာ လှေသမားလေးက ပညာရှိကြီး ရေကူးခြင်းဗေဒကို သိပါသလား ဟုမေးရာ ပညာရှိကြီးက မသိဘူး ဟုဖြေပုံ၊ ဆရာကြီးဘ၀ဟာ အင်မတန်သနားစရာကောင်းနေပါပြီ ခဏနေရင် ဆရာကြီးရဲ့ အသက်နဲ့ယှဉ်ပြီး သနားစရာကိစ္စ ဖြစ်လာပါတော့မယ် ဟုလှေသမားလေးကပြောသဖြင့် ပညာရှိကြီးလည်း ကောင်းကင်ကို မော့ကြည့်ပြီး တုန်လှုပ်ခြောက်ခြားနေရသည့်အဖြစ်ကို တင်ပြထားသည်မှာ ပညာဆိုသည်မှာ သိရုံ၊ တက်ရုံလောက်ကို မခေါ်ဆိုကြောင်း၊ လက်တွေ့လူ့ဘ၀အတွက် အသုံးဝင်ရန်လိုကြောင်း ရေးသားဖော်ပြထားပါတယ်။
ဤစာအုပ်၌ ပညာဆိုတာ ဘာလဲ၊ ပညာဘာကြောင့်သင်ရသလဲ၊ သိပ္ပံနည်းကျ ဘ၀နေထိုင်မှုပညာ ၊ မြန်မာနိုင်ငံအတန်းပညာရေးမြှင့်တင်ရေးစီမံချက်၊ မိမိသည် မိမိဘ၀ရဲ့ အရှင်သခင်ဖြစ်ဖို့ လိုက်နာရမည့်အချက်(၁၀) ချက်နှင့် ဉာဏ်ပညာနဲ့ ချစ်ခြင်းတရား ပေါင်းစပ်ထားမှုသည် ပြီးပြည့်စုံသော ဘ၀နေထိုင်မှု ပညာဖြစ်ကြောင်းများ ဖော်ပြထားပါသည်…။
မြင့်ဝင်းမောင်(AZ)အမှာစာမှ ကောက်နှုတ်ဖော်ပြချက်
စာမျက်နှာ | 340 |
---|---|
စာအုပ်အရွယ်အစား | 4.9 x 0.6 x 7.5 inches |
ပုံနှိပ်မှတ်တမ်း | သစ်ခွရောင်စာပေ၊ 2022 မေလ (ပ-ကြိမ်) |
9 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ