ပြည်သူ့ကြားမှာအမှန်ရှာ

( 0 မှတ်ချက်)

7000 (ကျပ်)

ယခုဤစာအုပ်သည် မြန်မာစာအုပ်လောကတွင် တစ်အုပ်၊နှစ်အုပ် အလွန်ဆုံး ၁၀ အုပ်ထက် ပိုမရှိနိုင်သော ပြည်တွင်းခရီးသွားဆောင်းပါး စာအုပ်များအရေအတွက်တွင် တစ်အုပ်အဖြစ်တိုးပါနိုင်၏။ သာမန်ခရီးသွား ဆောင်းပါးစာအုပ်ဟူသော ကန့်သတ်မှုထက် ပိုမိုကျယ်ပြန့်သော အသွင်ကို ဆောင်နိုင်ပါ၏။ ဤစာအုပ်သည် နိုင်ငံ၏ ပထဝီ စာအုပ်လည်းဖြစ်သည်။ သမိုင်းစာအုပ်ဟုလည်း ဆိုနိုင်၏။ အမျိုးသားယဉ်ကျေးမှု ၊အမျိုးစီးပွားရေးနှင့် အမျိုးသားနိုင်ငံရေးလှုပ်ရှားမှု စာအုပ်ဟုလည်းပြောနိုင်ပေသည်။ ဤစာအုပ်၏ ပိုမိုထူးခြားချက်မှာ ကိုယ့်နိုင်ငံအကြောင်းကို စာတွေ့၊ ပေမှီး၊ သုတေသနအချက်အလက်များဖြင့် ပြုစုထားသည် မဟုတ်မူဘဲ စာရေးသူ၏ အတွေ့၊အကြုံ၊အစူး၊အစမ်းတို့ကို ရသမြောက်မြောက် ရေးထားသည့် အချက်ဖြစ်သည်။ အလွဲအချော် အတိမ်းအစောင်း အပိုအလိုမရှိ ပကတိအစစ်အမှန်တို့ကိုသာ အတိအကျ ရေးထားခြင်းလည်း ဖြစ်သည်။ ယခုဤ စာအုပ်ကိုဖတ်လျက် ကိုယ့်ပြည်တွင်း ထက် ၊လယ်၊အောက် နေသူတို့၏ လူနေမှုကို သိရာ၏ နိုင်ငံရေး လှုပ်ရှားမှုကို သိရာ၏ အသည်းနှလုံးသိရာ၏…။

 

မောင်ကိုဦး(ပုဂံစာအုပ်တိုက်)၏ အမှာစာမှ ကောက်နှုတ်ဖော်ပြချက်

စာမျက်နှာ

327

စာအုပ်အရွယ်အစား

5.7 x 0.5 x 8 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချို ၊ 2022 ဇူလိုင်လ (ပြန်လည်ရိုက်နှိပ်ခြင်း)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပြည်သူ့ကြားမှာအမှန်ရှာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

သိန်းဖေမြင့် စာအုပ်များ