ပျော်ရွှင်ဖို့ ဒီလောက်မခက်ခဲပါစေနဲ့

( 2 မှတ်ချက်)

2000 (ကျပ်)

လူတိုင်း အချစ်နဲ့မကင်းကြဘူး၊ အချစ်ကြောင့် လမ်းတွေ့သွားသူရှိသလို အချစ်ကြောင့် လမ်းပျောက်သွားသူတွေလည်း၊ မနည်းဘူး၊ အချစ်က ဘ၀မဟုတ်ဘူး… အချစ်က ဘ၀တစ်စိတ်တစပါ ဆိုကြလည်း တကယ်တမ်း အချစ်နဲ့ထိပ်တိုက်တွေ့တဲ့အခါ ဘ၀ပျက်သွားကြတဲ့သူတွေလည်းရှိပါတယ်။ ဒီစာအုပ်ကအချစ်ကြောင့် လမ်းပျောက်သူကိုလမ်းစရှာပေးနိုင်ချင်မှာရှာပေးနိုင်ပေမယ့် အချစ်ကြောင့် ခံစားနေရတဲ့ နာကျင်မှု၊ ဝမ်းနည်းမှု၊ ခံပြင်းမှုဝေဒနာတွေကိုတော့ သက်သာစေမှာပါ။ အချစ်ကြောင့် လမ်းတွေ့သွားသူကိုလည်း တစ်ဖက်သားကိုပိုပိုပြီး ချစ်တတ်၊ တန်ဖိုးထားတတ်လာစေမှာပါ။ အချစ်မရှိတစ်ကိုယ်ရေတွေအတွက် ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာစေမှာလို့ယုံကြည်ပါတယ်။
အချစ်ကြောင့် ဒါမှမဟုတ် နေ့စဉ်လူနေမှုဘ၀ကြောင့် သောကတွေ၊ကြောင့်ကျမှုတွေ၊ ဝမ်းနည်းနာကျင်မှုတွေ ခံစားနေရပြီး ရှေ့ဆက်ဖို့အားအင်နဲ့နေခဲ့ရင် ဒီစာအုပ်က အလင်းတစ်စက်အဖြစ် ကူညီဖေးမနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

စာမျက်နှာ

160

စာအုပ်အရွယ်အစား

5 × 0.4 × 7.2 inches

ပုံနှိပ်မှတ်တမ်း

Synergy Publication၊ 2020 ဇူလိုင်လ၊ (ပ-ကြိမ်)

ပျော်ရွှင်ဖို့ ဒီလောက်မခက်ခဲပါစေနဲ့ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Zin Ei

    ဘဝမှာလူတိုင်းကြုံတွေရတဲ့နေ့စဥ်လူနေမှုဘဝတွေကြောင့်စိတ်ဆင်းရဲမှုတွေ ဝမ်းနည်းရမှုတွေ သောကရောက်ရမှုတွေကိုလျော့ကျပေးနိုင်အောင်ခွန်အားပေးထားတဲ့စာအုပ်လေးပါ။ ပင်ပန်းတဲ့အချိန်မှာအဲ့စာအုပ်လေးထဲကစာစုလေးတွေကိုဖတ်ရတဲ့အခိုက်ကိုယ့်အတွက်တော့အားပေးဖော်ရပြီးစိတ်သက်သာစေပါတယ်။
    အချစ်ကြောင့်ခံစားရလို့ပဲဖြစ်စေ၊ ဝမ်းနည်းနာကျင်ရလို့ဘဲဖြစ်စေ၊ တစ်ယောကိတည်းအထီးကျန်နေရလို့ဖြစ်စေ ဒီစာအုပ်လေးကိုဖတ်ပြီးကိုယ့်ကိုယ်ကိုတန်ဖိုးထားပိုချစ်ပြီးချစ်ခြင်းတရားကိုအေးချမ်းစွာနားလည်တန်ဖိုးထားပျော်ရွှင်နိုင်စေမှာပါ။ စိတ်ချမ်းသာစွာပျော်ရွှင်ချင်သူတိုင်းဖတ်ကြည့်ပါလို့ညွှန်းပါရစေနော်

  2. Ei Shwe Zin Htun

    စာအုပ်လေးက အမှာစာကိုစဖတ်ဖတ်ခြင်းကနေစပြီး အပိုင်းတိုင်းလိုလို စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ် တစ်ပိုင်းပြီးသွားတဲ့အခါတိုင်းလည်း ရသတစ်ခုကျန်ခဲ့ပါတယ် သေချာပါတယ် ဆရာမပြောသလို စာအုပ်လေးဖတ်ပြီးတဲ့အခါ ကိုယိ့ကိုကိုယ်ချစ်တတ်သွားမယ်ဆိုတာတော့ ကြိမ်ပြီးပြောရဲပါတယ်💜

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နိုင်းနိုင်းစနေ စာအုပ်များ