ပျော်ရွှင်ခြင်းနိဒါန်း

( 3 မှတ်ချက်)

2500 (ကျပ်)

” လူတိုင်းလူတိုင်း ပျော်ပျော်နေချင်ကြတာ သဘာ၀ပါ။ ပျော်ရွှင်ခြင်းအာသီသဟာ မိမိတို့ရဲ့ မျိုးရိုးဗီဇထဲမှာ ကိန်းအောင်းလာပြီးသား။ မွေးဖွားလာကတည်းက ဖြစ်တည်လာတဲ့အရာဆို မမှားဘူး။ ခင်ဗျားအမြဲတမ်း ပျော်ရွှင်ချင်နေဦးမှာပဲ။ ကျွန်တော်တို့အားလုံးဟာ ပျော်ရွှင်ခြင်းအတွက် မွေးဖွားလာတဲ့ သတ္တဝါတွေပါပဲ။
ရေရှည်ပျော်ရွှင်မှုပေးနိုင်တဲ့ အရာတွေကို မသိကျိုးကျွံပြုပြီး ခဏတာပျော်ရွှင်ရမဲ့ အရာတွေနောက်ကို တကောက်ကောက်လိုက်နေကြတာ၊ တဒင်္ဂဖြစ်တည်လာတဲ့ လိုအင်ဆန္ဒတွေနောက် လိုက်ရင်း မကြာခဏ လမ်းမှားရောက်သွားကြရတာ ကျွန်တော်တို့လူသားတွေပါပဲ။
ယခုစာအုပ်ထဲတွင် ကျွန်တော်ကိုယ်တိုင် ခင်ဗျားလက်ကိုဆွဲပြီး အစစ်အမှန် ပျော်ရွှင်ရဖို့ ဘာတွေလိုအပ်သလဲဆိုတာကိုလမ်းပြပေးသွားမယ်။ ခင်ဗျားအလုပ်ပြုတ်သွားလို့ပဲဖြစ်ဖြစ်၊ခင်ဗျားချစ်ရတဲ့သူတစ်ယောက်ယောက်ဆီမှာ ကင်ဆာရောဂါရှိနေလို့ပဲဖြစ်ဖြစ်၊ ခင်ဗျားရဲ့ ခွေးလေးပျောက်သွားလို့ပဲဖြစ်ဖြစ်၊ခင်ဗျားအနေနဲ့ဘယ်သို့ ဘယ်ပုံ ပျော်ရွှင်နိုင်သေးတယ်ဆိုတာတွေကို ဒီစာအုပ်လေးမှာ ရှင်းလင်းပြသထားပါတယ်။ ”
(စာရေးသူအမှာစာမှကောက်နှုတ်ချက်လေးဖြစ်ပါတယ်)

ဒီစာအုပ်လေးကို အပိုင်း(၇)ပိုင်းနဲ့ဖွဲ့စည်းထားပါတယ်။ အပိုင်း (၁)ပိုင်းစီမှာ မတူညီတဲ့နည်းလမ်းတစ်ခုစီကို ဆွေးနွေးတင်ပြထားပါတယ်။
• ပြုံးပြုံးလေးနေပါ
• စိတ်အားထက်သန်သောအရာတွေကို ရှာဖွေလုပ်ဆောင်ပါ။
• အိပ်မက် မက်ပါ။
• ခွန်အားဖြစ်စေသော ပိုစတာများကို အသုံးပြုပါ။
• ကောင်းမွန်သော ဆုလာဘ်များအတွက် သည်းခံစောင့်စားပါ
• နောင်တကင်းစွာနေထိုင်ပါ။
• ကြင်နာခြင်းအားဖြင့်အနိုင်ယူပါ

စာမျက်နှာ

95

စာအုပ်အရွယ်အစား

4.8 × 0.3 × 7.4 inches

ပုံနှိပ်မှတ်တမ်း

9စာပေ၊ 2020 ဒီဇင်ဘာလ (ပ-အကြိမ်)

25 in stock

ပျော်ရွှင်ခြင်းနိဒါန်း အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Dr Myint Thein Tun

    ဘာသာပြန် မူရင်း စာအုပ် ရှေ့မျက်နှာ ကာဘာမှာ ရေးပေး ရင်ပို ကောင်းပါမည်

  2. ကြယ်စင်မင်း

    အရမ်းဖတ်လို့ကောင်းပါတယ်
    ကိုဗစ်ကာလနဲ့တော့ ကွက်တိပဲ

  3. Kyaw Kyaw

    ဖတ်ရမှတ်ရလွယ်တဲ့ ပျော်ရွှင်ခြင်းစာအုပ်ကောင်းလေးတစ်အုပ်ပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

အောင်မင်းဟန် စာအုပ်များ