ပျော်ချင်သည်ဖြစ်၍

( 1 မှတ်ချက်)

2500 (ကျပ်)

အသစ်စက်စက်ဂီတာတစ်လက်လို ကြိုးမညီသေးတဲ့၊ သံစဉ်တွေမှာ ဆူးကင်းတဲ့၊ အဆိပ်ရှင်တဲ့၊ ဂန္တဝင်အကောင်းစားတေးမထုတ်လုပ်နိုင်တောင် သံစဉ်အရိုင်းလေးတွေကို အရောင်မပါပဲ ဆိုချင်တယ်လို့ ယခု စာအုပ်လေးကို တင်စားထားပါတယ်။ ယခုစာအုပ်လေးထဲတွင် စာဖတ်သူရဲ့စိတ်နှလုံးကို နူးညံ့ငြိမ်းအေးစေမယ့် ကဗျာနှင့် အက်ဆေးပေါင်း ၁၀၀ခန့် ပါဝင်ပါတယ်။

” သစ်ပင်လို ကျင့်ချင်တဲ့ကိုယ်ဟာ
အရွက်လေးရှိသလောက်
အရိပ်ဝေခဲ့ဖို့ ကြိုးစားပြီး
အချိန်တန်ရင်တော့
တိတ်တိတ်ဆိတ်ဆိတ်ပဲ
ကြွေလွင့်သွားချင်တယ်.. ”

( စာအုပ်ကျောဖုံးလေးမှ ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။ )

စာမျက်နှာ

133

စာအုပ်အရွယ်အစား

5.2 × 0.3 × 8.3 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊၊ ၂၀၂၀ ဩဂုတ်လ၊ (ပ-ကြိမ်)

Out of stock

ပျော်ချင်သည်ဖြစ်၍ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Pyae Ar Kar

    #ပျော်ချင်သည်ဖြစ်၍ ဒီစာအုပ်လေးဖတ်မိသည် ၊ ပြုံးမိသည်ဖြစ်၍ ဒီစာအုပ်လေးမျှဝေသည် ၊ ကြည်နူးမိသည်ဖြစ်၍ အသင့်အား ဖတ်ကြည့်စေချင်မိသည် …

    စာရေးသူဟာ သူ့ရဲ့ စာပေါက်စလေးကို အသစ်စက်စက် ဂစ်တာတစ်လက်န‌ဲ့ တူချင်တူနေလိမ့်မယ်လို့ အာမဘန္တေ ခံထားပါတယ် ၊ ကြိုးမညီသေး အသံမပီသေး လက်ကွက်များများ မတီးတတ်သေးပေမဲ့ သံစဉ်တွေမှာ ဆူးကင်းချင်တဲ့ စာရေးသူရဲ့ ရင်ဘတ်ကြီးကနေ အရောင်မပါတဲ့ သံစဉ်လှိုင်းလေးတွေဟာ အရိုင်းဆန်ဆန် ညင်ညင်သာသာလေး ထွက်ပေါ်လာတယ်လို့ ကျွန်တော်ကတော့မြင်တယ်

    ” လရောင်လမ်းကို
    ပြီးအောင်ခင်းလိုက်တယ်
    လိပ်ပြာလေးလည်း
    မလာချင်လို့တော့ မဟုတ်လောက်ဘူး
    လုံခြုံလို့ တိုး၀င်ခဲ့ရင်တောင်
    ရွေးချယ်ရာ အရပ်ဟာ
    ပန်းရုံလေးပဲဖြစ်ပါစေ ” တဲ့ ၊ ကျွန်တော်ချစ်ရတဲ့သူကိုလည်း အဲ့လိုလရောင်လမ်းလေးပဲ ခင်းပေးထားတယ် ၊ ပန်းရုံလေးကို လင်းလင်းထင်းထင်း သူမြင်နိုင်ပါစေလေ …

    ဒီစာအုပ်လေးဟာ ကဗျာစာအုပ်လေးဆိုလည်း ဟုတ်တယ် ၊ အက်ဆေးဆိုလည်းဟုတ်တယ် ပြောလို့ရတဲ့ ကဗျာနဲ့အက်ဆေး ရောစပ်ထားတဲ့စာအုပ်လေး တစ်အုပ်ရယ်ပါ

    အရိပ်ထက်ပိုသောဆိုတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကလည်း စိတ်၀င်စားစရာ ၊ မပြည့်စုံသော အိမ်ထောင်တစ်ခုကနေ ပေါက်ဖွားလာတဲ့ ကလေးတစ်ယောက်ရဲ့ လွယ်အိတ်တစ်လုံး လိုချင်နေတဲ့ ဆန္ဒတစ်ခု ၊ လွယ်အိတ်တစ်လုံးရအောင် ကြိုးပမ်းတဲ့ သူ့ရဲ့ အားမာန်ကလည်း ချီးကျူးဖွယ် …

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

အေးရိပ် စာအုပ်များ