ပြန်လည်ဆန်းသစ်ခြင်း

( 1 မှတ်ချက်)

6000 (ကျပ်)

နယူးယောက်တိုင်းမ်ရဲ့ ရောင်းအားအကောင်းဆုံး ဖြစ်တဲ့ဒီစာအုပ်ဟာ လူတစ်ဦးချင်းရဲ့ အပြောင်းအလဲ၊ မိုက်ခရိုဆော့ဖ်ရဲ့ ကုမ္ပဏီအတွင်းထဲက ပြုပြင်ပြောင်းလဲမှုတွေ နဲ့ ကျွန်တော်တို့ဘဝတွေ အားလုံးကို မကြာခင်မှာ ရိုက်ခတ်တော့မယ့် နည်းပညာတွေအကြောင်း ရေးထားတာဖြစ်ပါတယ်။ လူသားတွေရဲ့ အတွေ့အကြုံတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးနဲ့ ရိုက်ခတ်မှု အများဆုံးဖြစ်မယ့် နည်းပညာလှိုင်းမှာ Artificial Intelligence၊ Mixed Reality နဲ့ Quantum Computing တို့ ပါဝင်ပါတယ်။ ဒီစာအုပ်မှာ လူသားတွေ၊ အဖွဲ့အစည်းတွေနဲ့ လူ့အသိုင်းအဝိုင်း တစ်ခုလုံးက ဘယ်လို ပြုပြင်ပြောင်းလဲနိုင်ရမယ်၊ ဘယ်လိုပြုပြင်ပြောင်းလဲ ရမယ်ဆိုတာနဲ့ သူတို့ အမြဲတစေရှာဖွေနေတဲ့ စွမ်းအင်အသစ်၊ အိုင်ဒီယာအသစ်၊ ပြန်လည်ဆန်းသစ်ခြင်းနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေခြင်းတို့မှာ ပြန်လည်ဆန်းသစ်ခြင်း ခလုတ်ကိုနှိပ်ဖို့ လိုအပ်တဲ့အကြောင်းတွေ ဖြစ်ပါတယ်။

မိုက်ခရိုဆောဖ့်ရဲ့ စီအီးအိုဖြစ်တဲ့စာရေးသူကသူအိန္ဒိယမှာ နေထိုင်စဉ် ကလေးဘဝကနေ ဒီဂျစ်တယ်ခေတ်ရဲ့ အသိသာဆုံး နည်းပညာ ပြောင်းလဲမှုတချို့ဆီ ဦးတည်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်အကြောင်းနဲ့ ကုမ္ပဏီရဲ့ ဆက်လက်ဖြစ်ပေါ် နေတဲ့ ပြုပြင်ပြောင်းလဲမှုရဲ့ အတွင်းကျကျ အကြောင်းအရာတွေကို ပြောပြထားပါတယ်။ ဆတ္တရာနာဒယ်လာက သူ အမေရိကန်ကို ပြောင်းရွှေ့မနေထိုင်ခင် အိန္ဒိယက သူ့ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ လူငယ်ဘဝနဲ့ ဘဝခရီးတစ်လျှောက်လုံး သူ ဘယ်လိုလေ့လာသင်ယူခဲ့တယ်ဆိုတာတွေကို ဖော်ပြထားပါတယ်။

ပြီးတော့ ထူးခြားတဲ့ ဦးနှောက်ပိုင်ရှင် ဘီလ်ဂိတ်နဲ့ အမြဲစွမ်းအားပြည့်နေတဲ့ စတိဘောလ်မားတို့ရဲ့ နောက်က လူမသိ သူမသိ ဖြစ်ခဲ့တဲ့ လူတစ်ယောက် စီအီးအိုဖြစ်လာပြီး သူပြုလုပ်ခဲ့ရတဲ့ စေ့စပ်ညှိနှိုင်းမှုတွေအကြောင်း မျှဝေထားပါတယ်။ ကုမ္ပဏီတစ်ခု သူ့ရဲ့ စိတ်ဝိညာဥ်ကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့မှုရဲ့ အတွင်းကျကျ အကြောင်းရင်းတွေဖြစ်တဲ့ ယဉ်ကျေးမှုအလေ့အထကနေ သူတို့ရဲ့ ပြိုင်ဆိုင်မှုမြင့်မားတဲ့ ပတ်ဝန်းကျင်နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေအထိ ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့တာတွေကို ပြောပြထားပါတယ်။ နာဒယ်လာက ခေါင်းဆောင်နဲ့ အင်ဂျင်နီယာ တစ်ယောက်အနေနဲ့ရော၊ လူသားဆန်သူတစ်ဦးအနေနဲ့ပါ လာမယ့်နည်းပညာလှိုင်းအတွက် သူ့ရဲ့ မျှော်မှန်းချက်တွေကို ကောက်ချက်ချရာမှာ လူ့အဖွဲ့အစည်းအပေါ် ဖြစ်လာနိုင်တဲ့ အကျိုးသက် ရောက်မှုတွေကို လေ့လာသုံးသပ်ကြဖို့နဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့ သက် သေပြဖို့ တိုက်တွန်းထားပါတယ်။

စာမျက်နှာ

314

စာအုပ်အရွယ်အစား

5.5 × 0.7 × 8.2 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာအုပ်တိုက်၊ 2022 ဇန်နဝါရီလ (ပ-ကြိမ်)

3 in stock

ပြန်လည်ဆန်းသစ်ခြင်း အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Khin Nyein Myint

    နည်း ပညာ ဆိုင် ရာ အ ပြောင်း အလဲ နဲ့ဗဟုသု တ များ ရရှိ မယ့် စာ အုပ် ပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ရဲမင်းဝင်း စာအုပ်များ