လူထုသန္ဓေ လူထုသန့်စင် လူထုလောကဓံ
15000 (ကျပ်)
♦️ “လူထုသန္ဓေ လူထုသန့်စင် လူထုလောကဓံ”စာအုပ်ဟာ ဝါရင့်သတင်းစာဆရာ/စာရေးဆရာကြီးမောင်သစ်လွင်(လူထု)ရဲ့ လူထုသတင်းစာမှာရောက်ရှိခဲ့ပုံ၊ လူထုသတင်းစာမှာ တာဝန်ယူခဲ့ပုံနဲ့ သတင်းစာရဲ့အခန်းကဏ္ဍအရေးကြီးပုံ သမိုင်းထဲက သတင်းစာအကြောင်းတွေကို ပြည့်ပြည့်စုံစုံ ရေးသားတင်ပြထားပါတယ်။
♦️ ”ကျွန်တော်ဟာ လူထုထဲက လူတစ်ယောက်ဖြစ်တယ်။ လူထုကိုချည်းကပ်ခဲ့တယ်။ လူထုနဲ့အတူနေခဲ့တယ်။ လူထုကိုလေ့လာခဲ့တယ်။ လူထုဆီကပညာသင်ခဲ့ရတယ်။ ပြီးတော့ ကိုယ်စွမ်းဆောင်နိုင်သမျှ လူထုအတွက် အလုပ်တွေ လုပ်ခဲ့ရတယ်။ လူထုသတင်းစာကို ၁၉၆၄ခုနှစ်၊ ဧပြီလ၊ ၁၉ရက် ဗမာနှစ်ဆန်း၁ရက်နေ့က စတင်ထုတ်ဝေခဲ့သည်။ တနင်္ဂနွေနေ့မှတပါး နေ့တိုင်းထုတ်ဝေမည်ဟူ၍လည်း သတ်မှတ်ကြသည်။”ဟု ဆရာကြီးမောင်သစ်လွင်(လူထု)က ဆိုထားသည်။
♦️ ဒီစာအုပ်ဟာ သတင်းစာသမိုင်း၊ သတင်းစာဆရာတစ်ယောက်ရဲ့ကျင့်ဝတ်နဲ့ အရေးပါပုံ သတင်းတန်ဖိုး စတာတွေကိုရေးသားတင်ပြထားတဲ့ စာအုပ်ဖြစ်ပြီး သတင်းစာအကြောင်းစိတ်ဝင်စားသူများ စာတမ်းတင်သူများ စာကြည့်တိုက်များနဲ့ သတင်းသမားများ လက်ကိုင်ထားရမည့် စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 210 (Burma Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.4x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ဆောင်းစုရတီစာပေ၊ 2024 ဒီဇင်ဘာလ(ပထမကြိမ်) |
44 in stock






ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ