ဆိုက်ဝါးထည့်ခြင်း အတတ်ပညာ

( 0 မှတ်ချက်)

4000 (ကျပ်)

ဆိုက်ဝါး ဒါမှမဟုတ် စိတ်ဓာတ်စစ်ဆင်ရေးဆိုတာ နိုင်ငံရေး၊ စီးပွားရေး နဲ့ စစ်ရေးရည်ရွယ်ချက်တွေပြည့်မီဖို့အတွက် ပစ်မှတ်ထားတဲ့လူအုပ်စုကို ဝါဒဖြန့်ခြင်း နဲ့ စိတ်ပညာဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်မှုတွေ အသုံးပြုခြင်းပဲဖြစ်ပါတယ်။

ဆိုက်ဝါးဆိုတာ အသစ်မဟုတ်ပါဘူး။ ကျွန်တော်တို့ မမွေးခင်ကတည်းက ရှိနေခဲ့တာပါ။  ကျွန်တော်တို့ အမေဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက အစိုးရတွေနဲ့ တယ်လီဗေးရှင်းတွေက ကျွန်တော်တို့ အတွက် အစီအစဉ်တွေ အများအပြားပြုလုပ်ခဲ့တယ်ဆိုတာ သတိရှိသင့်ပါတယ်။

ဆိုက်ဝါးပရိုဂရမ်တွေကို လူ့အဖွဲ့အစည်းရဲ့နေရာတိုင်းမှာ အသုံးပြုကြပါတယ်။ဆိုက်ဝါးပရိုဂရမ်တွေဟာ နူးညံ့သိမ်မွေ့လွန်းတာကြောင့် တိမ်းရှောင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ အတွေ့အကြုံအရှိဆုံးဆိုတဲ့သူတွေနဲ့ အမှန်တရားကို တစိုက်မတ်မတ်ရှာဖွေသူတွေတောင်မှ ဆိုက်ဝါးပရိုဂရမ်ရဲ့သားကောင် ဖြစ်နိုင်ပါသေးတယ်။

ဒီစာအုပ်မှာ ဆိုက်ဝါးပရိုဂရမ်တွေရဲ့ အမျိုးမျိုးသော အစိတ်အပိုင်းတွေကို ဖော်ပြထားသလို လူတွေရဲ့စိတ်ကိုကြိုးကိုင် ခြယ်လှယ်ခြင်းနဲ့ စိတ်ရဲ့ပြောင်းလဲလာပုံအဆင့်တွေမှာ လူတွေဘယ်လိုနေထိုင်နေကြတယ်ဆိုတဲ့အကြောင်းတွေကိုဖော်ပြထားတယ်။ ဒီစာအုပ်ရဲ့ရည်ရွယ်ချက်က လူတွေကို ဆိုက်ဝါးနည်းစနစ်တွေကနေ ကာကွယ်နိုင်ဖို့အတွက် ဒီနည်းစနစ်တွေအပေါ် သိနားလည်မှုကို မြှင့်တင်ပေးဖို့ဖြစ်ပါတယ်။

စာမျက်နှာ

165

စာအုပ်အရွယ်အစား

5.2 × 0.5 × 8.4 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာအုပ်တိုက်၊ 2021 နိုဝင်ဘာလ (ပ-ကြိမ်)

21 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဆိုက်ဝါးထည့်ခြင်း အတတ်ပညာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ရဲမင်းဝင်း စာအုပ်များ