
Pro 1&2 Box
12000 (ကျပ်)
သမုဒ္ဒရာတစ်ခုလိုနက်ရှိုင်းပြီးတိတ်ဆိတ်နေတဲ့ ကောင်လေးဘဝထဲကို ရိုးရှင်းတဲ့ ကောင်လေးတစ်ယောက် စတင်ဝင်ရောက်လာခြင်းနဲ့ အစပြုထားတဲ့ Bromance ဇာတ်လမ်းလေးပါ…
ကောင်လေးနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာဟာ လူအများနားမလည် လက်မခံနိုင်တဲ့ အခြားတစ်ဖက်မှာရှိနေပေမယ့် တိတ်ဆိတ်အေးချမ်းမှု လုံခြုံနွေးထွေးမှုတွေကတော့ ချစ်ခြင်းမေတ္တာမှန်ရင် ပျောက်ပျက်မသွားဘူးဆိုတာကို ဖွင့်ဟ ရေးဖွဲ့ထားတဲ့ မြတ်နိုးနှစ်သက်စရာကောင်းတဲ့ BL အနုပညာ ဇာတ်လမ်းလေးတစ်ပုဒ်ပါ…
စာမျက်နှာ | 232+296 |
---|---|
စာအုပ်အရွယ်အစား | 5.6 x 1.3 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2022 ဩဂုတ်လ (ပထမအကြိမ်) |
15 in stock
မခင်ဝသုန်ဦး –
မဆုငယ်ရဲ့အရေးအသားလေးတွေအရမ်းကြိုက်တယ်ရင်ထဲစွဲနေတဲ့ထိပဲ ထွက်သမျှစာအုပ်လေးတွေကိုလဲဝယ်စုထားတယ် မဆုငယ် collection သီးသန်းကိုသိမ်းထားတာ limited ကအစအားလုံးဝယ်စုဖားတာ မြတ်နိုးလို့ မဆုငယ်ဒီ့ထက်မကအောင်မြင်ပါစေရှင်
Anonymous –
မဆုရဲ့ဒီတစ်ခါထွက်တဲ့စာအုပ်လေးကအရင်ကထွက်ခဲ့တဲ့စာအုပ်တွေနဲ့မတူဘဲထူးခြားနေတယ်။ ဒီစာအုပ်လေးထဲမှာသူတို့နှစ်ဦးကသူတို့ကိုတွဲပေးနေတဲ့သူတွေရဲ့စကားကိုငြင်းဆန်ခြင်းလဲမလုပ်သလိုဝန်ခံခြင်းလဲမလုပ်ဘူးဆိုတော့စာဖတ်သူတွေရဲ့စိတ်ကိုညိှ့ယူနိုင်တာတော့အမှန်ဘဲ။ မဆုရဲ့expectစာအုပ်လေးကစပြီးတော့ဖတ်မိလို့မဆုရဲ့fanဖြစ်ခဲ့ရတယ်။နောက်ပြီးအသစ်ထပ်ထွက်တဲ့စာအုပ်တိုင်းလည်းဖတ်နေပါတယ်။မဆုရဲ့သေချာတိကျနဲ့အရေးအသားကြောင့်ပညာလည်းရတယ်။ကိုယ်မသိသေးတဲ့gay life ကိုလည်းတီးမိခေါက်မိသွားတယ်။ဒီလိုတိကျတဲ့အရေးအသားတွေကြောင့်လည်းမဆုရဲ့fanဖြစ်ခဲ့ရတာပါ။မဆုဒီထက်မကပိုအောင်မြင်ပါစေ။နောက်ထပ်proဆန်တဲ့အရေးအသားတေွကိုလည်းစောင့်မျှော်နေပါတယ်ရှင်။
Royal Venus –
မြတ်နိုးရသောလေး တွေကို ဖန်တီးပေးတဲ့အတွက် ကျေးဇူးပါ ဆုငယ်။
💙💙💙
May Thazin Aung –
အရမ်းကြိုက် တယ် pro လေး
ပြီးမှာတောင် ကြောက်မိတယ်
ရိန်း ကိုရော ညီ ကိုရော နှစ်ယောက်လုံးရဲ့ နှလုံးသားကို ချစ်တယ်
Anonymous –
အရမ်းကောင်းတဲ့စာအုပ်လေးပါ
should buy ပါဘဲ❤