ကိုးကန့်မင်းသမီး

( 0 မှတ်ချက်)

9000 (ကျပ်)

မြန်မာပြည်မြောက်ဖျား ကိုးကန့်တောင်စွယ်တွေကြားမြင်းဖြူကြီးနှင့် ကဆုန်စိုင်းနေသော လူတစ်ယောက် ယောကျ်ားလား၊ မိန်းမလား မျက်နှာမှာ နီရဲရဲ လက်ကိုပဝါစည်းလျက် ခါးမှာခြောက်လုံးပြူးနှစ်လက်၊ ဘိန်းဘုရင်မလား၊ဧကရီလား၊ သူပုန်ဗိုလ်လား၊ ကိုးကန့်မဟာနွယ်မင်းသမီးလား၊ လိင်တူကိုစိတ်ဝင်စားသူလား၊ စိန်ခေါ်ချက်ကိုတုံ့ပြန်ချင်သူလား၊ စီအိုင်အေသူလျိုသကန်လား၊ ကွန်မြူနစ်ဆန့်ကျင်တော်လှန်ရေးသမားလား၊ ဘိန်းခင်းတွေကြားပြေးလွှားပျော်ပါးချင်သူလား၊ ငြိမ်းချမ်းရေးကို လိုလားသူလား၊ ကိုးကန့်ဟော်နန်းအစဉ်အလာကို ဖျက်ဆီးခဲ့သူလား
ကိုးကန့်ဟော်နန်းမျိုးဆက်အတွက်ကျိန်စာလား၊ ကံကြမ္မာရိုင်း မုန်တိုင်းတွေကြား ဘဝကိုစတေးခဲ့သူလား ပုရိသတို့ကို ရမ္မက်နှင့် ဆွဲဆောင်နေသော ထောင်ချောက်လား၊ စွန့်စားခန်းတွေနှင့် အာဇာနည်ကိုးကန့်ဂျုံးလား၊ ဒဏ္ဍာရီတွေနှင့် အောလစ်(ဖ်)ယန်၊ မဟုတ်တမ်းတရားပါးစပ်ရာဇဝင်တွေနှင့် အောလစ်(ဖ်)ယန် ဘဝကို သေသေချာချာ နိဂုံးချုပ်ခဲ့သည်မှာ အောလစ်(ဖ်)ယန် ရုပ်ကလာပ်ကို အမြှောက်ကိုးချက်ပစ်ဖောက်၍ ဂူသွင်းသဂြိုလ်ခဲ့လေသည်။ အောလစ်(ဖ်)ယန်ဆိုသူ လူပုဂ္ဂိုလ်ကား အဘယ်နည်း။
1950 အလွန် ဆယ်စုကာလ မြန်မာ့မြေပေါ်တွင် အမေရိကန်စီအိုင်အေ သူလျှိုသူကန်တွေ လှုပ်ရှားနေရာ အော်လစ်(ဖ်)ယန် ရွှေတြိဂံနယ်မြေအတွင်း မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်ငန်းတွေ အုံနှင့်ကျင်းနှင့် အားကောင်းလာသည်။ ရလဒ်အနေနှင့် တရုတ် မြန်မာနယ်စပ် ကိုးကန့်ဒေသကို ထိခိုက်၍ မြန်မာပြည်သည်လည်း စစ်အုပ်ချုပ်ရေးခေတ်ကြီး စတင်လာတော့သည်။
ယခုစာအုပ်သည် အော်လစ်(ဖ်)ယန် မိသားစုနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ၏ သရုပ်မှန်ဇာတ်လမ်းနှင့်အတူ စစ်အေးခေတ် တရုတ်-အမေရိကန် ပဋိပက္ခပြဇာတ်ကြီးတွင် အရေးပါသောနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သော အော်လစ်(ဖ်)ယန် အကြောင်းဖြစ်ပါ၏
စာမျက်နှာ

256

စာအုပ်အရွယ်အစား

5.3 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ပါရီစာပေ ၊ 2023 ဇူလိုင်လ(ပထမ-ကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကိုးကန့်မင်းသမီး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

နိုင်ဦး စာအုပ်များ