ယာကူဇာမင်းသမီး

( 0 မှတ်ချက်)

6000 (ကျပ်)

◽ယာကူဇာ ဂိုဏ်းခေါင်းဆောင်ရဲ့ နေအိမ်က မွှေးပျံ့နေတဲ့ သစ်လုံးနံ့တွေနဲ့ ရစ်သိုင်းထားပြီး နန်းမြို့ရိုးဆန်ဆန် ချယ်ရီပင်…ရေကန်ကျယ်ကြီးနဲ့အတူမော်ဒယ်အမြင့်ဆုံး ကားတွေ ရှိနေခဲ့ဖူးတယ်။နှစ်သစ်ကူးတိုင်း ရွှေရောင်သစ်ချသီးထမင်း နဲ့အတူ ဟင်းအမယ်ဆုံကို ယွန်းပန်းကန်အမည်းရောင်တွေထဲ ထည့်စားကြလေ့ရှိပြီး ဘုရားကျောင်းမှာ ဟောစာတမ်းတွေကို နှိုက်ယူ ဖတ်ကြလေ့ရှိတယ်။ဒါက တန်ဒိုမိသားစုရဲ့ ထုံးစံတစ်ခု။

◽တစ်နေ့မှာတော့ တန်ဒိုမိသားစုဟာ မထင်မှတ်တာတွေ စတင်ပြောင်းလဲ သွားခဲ့တယ်။ယာကူဇာဂိုဏ်းမိသားစုဝင် သမီးဖြစ်တဲ့ ရှိုကိုဟာ ခွဲခြားဆက်ဆံခံလာရတယ်။ယန်းကီး ဖြစ်လာတယ်။ဘားတွေရဲ့နာမည်ကျော်မယ် တစ်ယောက် ဖြစ်လာတယ် သူက မာကျောသူတစ်ယောက် ဆူပူ ရိုက်နှက်သောင်းကျန်း ခံရတာမျိုးတွေနဲ့ ပြောင်းလဲ ပြုပြင်မယ့်သူ မဟုတ်ဘူး ကြောက်လန့် တုန်လှုပ်ဟန်မပြဘူး နာကျင်မှုတွေနဲ့သိမ်မွေ့လာအောင် အားထုတ်ပေမဲ့အူလှိုက်သည်းလှိုက် ဟားတိုက် ရယ်မောခဲ့တယ်။

◽သူ့ကိုယ်ထဲမှာ တန်ဒိုမိသားစု ယာကူဇာဂိုဏ်းခေါင်းဆောင်ရဲ့ သွေးတွေ စီးဆင်းနေတယ် ချစ်သူတွေဟာ ယာကူဇာဂိုဏ်း ခေါင်းဆောင်တွေချည်းပဲ။မိန်းကလေး တစ်ယောက်ရဲ့ ကိုယ်ခန္ဓာအပြည့်မှာ ရောင်စုံတက်တူးတွေနဲ့ ဆိုတော့ လူ့အသိုင်းအဝိုင်းက လက်ခံပေးလိုက်ကြသလား သူဟာ လူဆိုးလား…သူဟာ လူကောင်းလား။

◽ဒီစာအုပ်က ယာကူဇာဂိုဏ်းခေါင်းဆောင် တစ်ယောက်ရဲ့ သမီးဖြစ်သူ Shoko Tendo ကိုယ်တိုင် ရေးသားထားတဲ့ စိတ်ဝင်းစားဖွယ်ရာ ဖြစ်ရပ်မှန် မှတ်တမ်း စာအုပ် တစ်အုပ်ပဲ ဖြစ်ပါတယ်။

စာမျက်နှာ

147

စာအုပ်အရွယ်အစား

5.5. x 0.2 x 8.1 inches

ပုံနှိပ်မှတ်တမ်း

အိပ်မက်အသစ်စာပေ ၊ 2024 ဧပြီလ (ပထမအကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ယာကူဇာမင်းသမီး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

နေထွန်းလင်း စာအုပ်များ