Positive Messages For You

( 5 မှတ်ချက်)

5500 (ကျပ်)

✉️ ဒီစာအုပ်လေးဟာ အပြုသဘောဆောင်တဲ့အမြင် Positive thinking တွေ… ရှိသင့်ရှိထိုက်တဲ့ ခံယူချက်တွေ…အပြုသဘောဆောင်တဲ့ အကောင်းမြင်စိတ်နေစိတ်ထား Positive Mindset တွေကို ထွန်ယက်စိုက်ပျိုးပေးရင်း… စာအုပ်ပါ အကြောင်းအရာများကို လက် တွေ့အသုံးချနိုင်ရင် ချနိုင်သလို … မိမိတို့ရဲ့ တစ်ကိုယ်ရည် ဖွံဖြိုးတိုးတက်မှု Personal Development ခရီးစဥ်ကို တိုးတက်ကောင်းမွန်လာအောင် ဖော်ဆောင်ပေးနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်…

💌 Positive Messages for you ဆိုတဲ့အတိုင်း ပေးပို့လိုက်တဲ့ messages တိုင်းကို လက်တွေ့ကျင့်သုံးကြည့်မယ်ဆိုရင် သင်ဟာ positive ဘက်ကို သိသိသာသာ transformation ဖြစ်ပြီး Inner Growth level ဟာ တိုးတက်လာမှာဖြစ်ပါတယ်။ သင့် စိတ်နေစိတ်ထား ကောင်းမွန်မှုလေးအတွက် messages လေးတွေကို တစ်စောင်ချင်း ဖွင့် ဖောက်လိုက်ရုံပါပဲ။ ပြီးတဲ့အခါ တွေးတောစဥ်းစားကျင့်ကြံပြီး… 2024 မှာ ကိုယ့်ကိုယ်ကိုယ် Transform ပြုလုပ်လိုက်ပါနော်…

စာမျက်နှာ

140

စာအုပ်အရွယ်အစား

5.3 x 0.3x 8.1 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2024 ဇန်နဝါရီလ (ပထမအကြိမ်)

28 in stock

Positive Messages For You အား ဝေဖန်သုံးသပ်မှု 5 ရှိပါသည်။

  1. Lucas

    ပထမတစ်အုပ်ထဲက အနှစ်သာရရှိတယ်။အဓိပ္ပာယ်ရှိတာမို့ ဒုတိယတစ်အုပ်ကို ယုံကြည်စွာ တန်ဖိုးထားအားပေးတာပါ။
    Ko Myo Thiha Kyaw (Randy) ယုခထက်ပိုမိုအောင်မြင်ပါစေ။

  2. Zin Zin Htun

    ကို Randy ရဲ့ စာလေးတွေ FB မှာ ဖတ်လိုက်တိုင်း ဗဟုသုတတွေ အများကြီးရပါတယ်။ ကိုယ်မသိသေးတာတွေလဲ သိခွင့်ရပါတယ်။ စာတွေဖတ်တိုင်း Reminder အနေနဲ့ ကိုယ့်ရဲ့ တကယ့်အခြေအနေကိုလဲ သတိပြုမိစေပါတယ်။ ကို Randy ဒီထက်မက အောင်မြင်ပါစေ လို့ ဆုတောင်းပေးပါတယ်။

  3. ဖူးဖူး

    ဆရာရေးတဲ့စာတွေ ဖတ်ဖြစ်တဲ့အခါတိုင်းမှာ ကောင်းတဲ့အတွေးအမြင်တွေ အများကြီး ရခဲ့သလို ကိုယ့်အတွက် ဆင်ခြင်သုံးသပ်စရာတွေလဲ သတိထားမိသွားပါတယ်။ ကိုယ်သိထားတဲ့ တချို့အရာတွေကိုလည်း ပြန်မှတ်မိလာပြီး ကျင့်သုံးလာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီစာအုပ်လေးကိုလဲ အမှာတင်ထားပါတယ်။ ဆရာ အောင်မြင်ပါစေ။

  4. Khaing Thet Lwin

    ဆရာ့စာတွေကို ဖတ်ရတာ စိတ်အေးချမ်း တည်ငြိမ်ပြီး ခွန်အားတွေရစေလို့ အမြဲဖတ်ဖြစ်ပါတယ်။ လက်တွေ့ဘဝမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အားပေး လမ်းပြတဲ့ စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ရမယ့် ခြေလှမ်းအသစ်တွေအတွက်လဲ တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။ အခုလဲ ဒီစာအုပ်ကို အမှာတင်ပြီး Positive Messages for You ထဲမှာ ပါဝင်မယ့် စာလေးတွေကို ရင်ခုန်စွာ စောင့်မျှော်နေပါတယ်။

  5. ​နေမျိုး

    ဆရာRandy ပထမ စာအုပ် မဖတ်ဘူးသေးပါ။
    ယခု ဒုတိယ စာအုပ် Positive Messages For You စာအုပ် နှစ်သက်မိသည့် 4R Process အား ဖော်ပြအပ်ပါသည်။
    1.Reset,2.Readjust,3.Refocus,4.Restart အဆင့်၄ ဆင့်ကို ကြိမ်ဖန်များစွာ လှည့် နေဖို့ လိုအပ်ပါကြောင်း နားလည်သဘောပေါက်မိပါသည်။
    ကျေးဇူးတင်ပါသည် ဆရာRandy

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

Myo Thiha Kyaw - Randy စာအုပ်များ