ပုံသေအတွေး

( 1 မှတ်ချက်)

12500 (ကျပ်)

ဆယ်စုနှစ်များစွာ သုတေသနလုပ်အပြီးမှာ အမေရိကန် စတန်းဖို့တက္ကသိုလ်က ကမ္ဘာကျော် စိတ်ပညာပါမောက္ခ ဒေါက်တာကယ်ရယ်ဒွဲစ်က ရိုးစင်းဆန်းသစ်တဲ့ အတွေးအခေါ်တစ်ခု တွေ့ရှိလိုက်ပါတယ်။ အဲဒါက ပုံသေအတွေး (Mindset) ရဲ့ ခွန်အားပါပဲ။ ဒီစာအုပ်ထဲမှာ ကျောင်း၊ အလုပ်၊ အနုပညာနဲ့ လူတွေကြိုးပမ်း အားထုတ်နေကြတဲ့ နယ်ပယ်အားလုံးနီးပါးမှာ အောင်မြင်မှုတွေနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ရဲ့အရည်အချင်းတွေအပေါ် ဘယ်လိုစဉ်းစားသလဲဆိုတာက ဘယ်လောက် ထူးထူးခြားခြား စိုးမိုးနိုင်သလဲဆိုတာကို ဖော်ပြပေးထားပါတယ်။ အရည်အချင်းတွေဆိုတာ မွေးရာပါဖြစ်တယ်၊ အပြောင်းအလဲလုပ်လို့မရဘူးလို့ ယူဆတဲ့ တရားသေစွဲ ပုံသေအတွေး (Fixed Mindset) ရှိတဲ့သူတွေဟာ အရည်အချင်းတွေဆိုတာ တိုးတက်အောင် လုပ်ယူလို့ရတယ်ယုံကြည်တဲ့ ကြီးပွားတိုးတက်ပုံသေအတွေး (Growth Mindset) ရှိတဲ့လူတွေလောက် တိုးတက်ကြီးပွားလေ့မရှိကြပါဘူး၊ အောင်မြင်မှုကြီးတွေရဖို့ သိပ်တော်တဲ့ မိဘ၊ ဆရာ၊ မန်နေဂျာနဲ့ အားကစားသမားတွေက ဒီသဘောတရားကို ဘယ်လိုသုံးရမယ်ဆိုတာ ဒီစာအုပ်က ထုတ်ဖော်ပြသထားပါတယ်။

စာမျက်နှာ

420

စာအုပ်အရွယ်အစား

5.8 x 0.9 x 8.2 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာအုပ်တိုက်၊ 2023 မေလ (ပထမအကြိမ်)

Out of stock

ပုံသေအတွေး အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. မလှယဉ်ဝင်း

    ဒီစာအုပ်လေးကတကယ်ကောင်းပါတယ်။ အခုလက်ရှိနှစ်ခန်းလောက်ပဲဖတ်ရသေးပေမဲ့အတော့်ကိုကောင်းနေပါပြီ။ ကျောင်းသားတစ်ယောက်အနေနဲ့အငယ်တုန်းကထူးချွန်ခဲ့ပြီး uni ရောက်မှမထက်မြက်တော့သလိုဖြစ်တဲ့ကျွန်မအတွက် ဘာတွေကွာခြားစေလဲဆိုတာ နှစ်ခန်းထဲနဲ့တင်နားလည်ခဲ့ရပါပြီ။
    စာလုပ်တဲ့ပုံစံတွေပါဝင်သလို mindsetအကြောင်းကို ပုံမှန်ဖတ်နေကြစာအုပ်တွေလို တစ်ဖက်သတ်မင်းဒါလုပ်၊ကောင်းပါတယ်လို့ ဒီစာအုပ်လေးကပြောမထားပါဘူး။ ကောင်းတဲ့အတွေးနဲ့မကောင်းတဲ့အတွေးကိုယှဉ်ပြတယ်။ဘယ်ဟာလုပ်ပါလို့မပြောဘူး။ နောက်ပြီးဒီစာအုပ်က ကျောင်းသားတွေတင်မဟုတ်ဘဲ ဆရာ၊ဆရာမတွေပါဖတ်သင့်တဲ့စာအုပ်လေးပါ။ အထူးသဖြင့်စာညံ့တဲ့၊ ကြိုးစားခြင်စိတ်မရှိတဲ့ကလေးတွေကို ပြောင်းလဲစေချင်တဲ့၊ပျိုးထောင်ခြင်စိတ်ရှိတဲ့ဆရာ၊ဆရာမတွေဖတ်သင့်တဲ့စာအုပ်ပါလို့ပြောလိုက်ပါရစေရှင့်။ ကိုယ့်ဘာသာစဉ်းစားတွေးခေါ်ပြီးသာ လမ်းမှန်ရောက်အောင်ပြုပြင်နိုင်ပြီး မင်းဒါလုပ်ရမယ်လို့ လုံးဝတဖတ်သတ်ပြောမထားတဲ့စာအုပ်တစ်အုပ်ဖြစ်လို့ ကျွန်မအကြိုက်ဆုံးပါပဲ။ ကျွန်မကိုအထူးပြောင်းလဲစေတဲ့စာအုပ်လေးတစ်အုပ်ပါရှင့်။ ဒီစာအုပ်ကိုဘာသာပြန်ခဲ့တဲ့ ဆရာ့ကိုလည်း ဦးခိုက်ရှစ်ခိုးလိုက်ပါတယ်ရှင့်။ အရောက်ပို့ပေးတဲ့ ပန်းဆက်လမ်းကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။ စာပေကဘဝကိုပြောင်းလဲစေတယ်ဆိုတာကိုကျွန်မလုံးဝလက်ခံလိုက်ခံပါပြီရှင့်။ နောက်ထပ်လဲဝယ်ယူအားပေးပြီး ဖတ်ရှုပါဦးမယ်ရှင့်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မျိုးလွင်(MBA) စာအုပ်များ