နိုင်ငံရေးဖတ်စာ
4000 (ကျပ်)
▪️ စာရေးသူရေးခဲ့သမျှ နိုင်ငံရေးဆောင်းပါးများကို စုစည်းလိုက်ပါတယ်။ ခေတ်အမြင်နဲ့အပ်စပ်တဲ့ နိုင်ငံရေးရှုထောင့်တစ်ရပ်ကို တွေ့နိုင်မယ်လို့မျှော်လင့်ပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံအရေးဖြစ်ခြင်းကြောင့် ယခုထုတ်ဝေချက်မှာ အကြောင်းအရာစုံနိုင်ပါတယ်။ ရှုထောင့်စုံနိုင်ပါတယ်။ နိုင်ငံရေးကိုလေ့လာသုံးသပ်ဖို့ လက်တွေ့ချဉ်းကပ်မှုလိုအပ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် နိုင်ငံရေးဖတ်စာလို့ ပညတ်လိုက်ပါတယ်။ *(စာရေးသူအမှာစာ ကောက်နှုတ်ချက်)*
▪️ နိုင်ငံရေးလေ့လာသုံးသပ်သူ၊ စာရေးဆရာ ဆရာမင်းသေ့ရဲ့ နိုင်ငံရေးအတွေးအမြင် သုံးသပ်ချက်ဆောင်းပါးကောင်းတွေ စုစည်းထုတ်ဝေထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒုတိယအကြိမ် ထုတ်ဝေမှုလည်းဖြစ်ပါတယ်။ မျက်မှောက်ခေတ် နိုင်ငံရေးအခင်းအကျင်းအပေါ် ပြည်သူအကျိုးစီးပွာဗဟိုပြုပြီး အထောက်မညှာ သုံးသပ်ရေးသားထားမှုတွေကို ဖတ်ရှုရမယ့် နိုင်ငံရေးဖတ်စာ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
စာအုပ်အရွယ်အစား | 5.3 x 0.7 x 8.3 inches |
---|---|
စာမျက်နှာ | 291 |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ ၂၀၂၀ ဇူလိုင်လ၊ (ဒု-ကြိမ်) |
Out of stock
Pyae Ar Kar –
နိုင်ငံ မဖွံ့ဖြိုးမတိုးတက်ရခြင်း အကြောင်းမှာ ပေါ်လစီ ပြဿနာနှင့် လူ့အရင်းအမြစ် ညံ့ဖျင်းမှု့ ပြဿနာကြောင့်ဖြစ်သည် ။
အရာအားလုံးက တစ်ခုနှင့်တစ်ခု ဆက်စပ်နေတာကြောင့် ပေါ်လစီကိုပဲ အပြစ်တင်လို့မရသလို လူကိုလည်း အပြစ်တင်လို့မရချေ ။ ပေါ်လစီကောင်းချမှတ်နိုင်ရင်တောင် နောက်ကမပါလာရင် မဖွံဖြိုး ၊ လူ့အရင်းအမြစ်ကောင်းပြီး ပေါ်လစီညံ့ရင်လည်း လျှောက်သလောက် မရောက် …
စင်ကာပူကို လီကွမ်ယုက လူ့စွမ်းအားအရင်းအမြစ်များဖြင့် တည်ဆောက်ခဲ့သည် ။ လူ့စွမ်းအား အရင်းအမြစ်ကောင်းများစွာကို ရရှိရန် ပညာရေးစနစ်သည် လွန်စွာအရေးကြီးသည် ။ ဒီထဲမှာပါတဲ့ ပညာရေးအတွက် မေးခွန်းတွေ ဆိုသည့် ဆောင်းပါးကို ဖတ်ကြည့်လျှင် သင်တို့တွင်လည်း ပညာရေးနဲ့ပတ်သက်သည့် မေးခွန်းတွေ ထွက်ပေါ်လာနိုင်သည် ။
နိုင်ငံရေးသမားတစ်ယောက်မှာ နိုင်ငံရေးစွမ်းရည် ၊ စီမံခန့်ခွဲမှုစွမ်းရည် နဲ့ စည်းရုံးရေးစွမ်းရည်တွေရှိရင် ပြည့်စုံမည်ဟု ခေါ်ဆိုနိုင်သည် ။ ထိုသို့ ၃ ချက်စလုံးပြည့်စုံရန်မှာ မလွယ်ကူချေ ။ ထိုအခါ သက်ဆိုင်ရာနယ်ပယ်၌ တော်သည့်သူကို အသုံးပြုသင့်သည် ။ အရာအားလုံးကို တစ်ဦးတစ်ယောက်ထဲက ဆောက်ရွက်နိုင်ခြင်း မရှိသည့်သဘောကို နားလည်၍ လုပ်ပိုင်ခွင့်တွေ ခွဲဝေပေးသင့်သည် ။
မြန်မာပြည်နိုင်ငံရေးက လုပ်တတ်သူများက လုပ်ချင်စိတ်မရှိဖြစ်နေပြီး မလုပ်တတ်သူများက လုပ်ချင်စိတ်ကဲနေခြင်းဖြစ်သည် ။ ထိုသို့ဖြစ်ရခြင်းကို မလုပ်တတ်သူများ၏ စပ်စလူးဓာတ်ပူး နေရာလုမှုများကြောင့်ဖြစ်မည်ဟု ထင်မိသည် ။ လူတော်များအတွက် နေရာမရှိသောခေတ်သည် ကုန်ဆုံးသင့်ပေပြီ …
ပါမောက္ခ ဂီယာနိုဒီယာက ” ဒီမိုကရေစီအပြောင်းအလဲမှာ လက်တွေ့မဖြစ်နိုင်သေးတာက မစမိစေနဲ့ ၊ အကျိုးရလဒ်ထွက်ဖို့ အခွင့်အလမ်း အကောင်းဆုံး နယ်ပယ်ကို အာရုံစိုက်ပါ ဒါကစပါ ” လို့ပြောခဲ့တယ်
အစိုးရတစ်ရပ်တက်လာတဲ့ အခါမှာ ငါတို့ပါတီက ဒါတွေကို သေချာလုပ်ပေးနိုင်တယ်ကွလို့ ကြွေးကြော်နိုင်လောက်အောင် တစ်ခုကစပြီး အာရုံစိုက်သင့်တယ်
ဉာဏ်မှီသလောက်လေးတွေးကြည့်ရရင် ဟုတ်ပီ ငါတို့တက်လာပီ နိုင်ငံအတွက် ဘာလုပ်ပေးရင်ကောင်းမလဲ ၊ ငါတို့လက်ထက်မှာ တစ်နိုင်ငံလုံး မီးလင်းရေးလုပ်မလား ? အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီး တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရအောင်လုပ်မလားဆိုတာကို သေချာအာရုံစိုက် လုပ်စေချင်တယ် …