ပေါ့ပါးစွာနဲ့ပိုကောင်းပါ
7000 (ကျပ်)
တခါတရံမှာ လူတစ်ယောက်ဟာ အပြောင်းအလဲလုပ်ဖို့အတွက် အများကြီး မလိုတတ်ပါဘူး။ သူ့အတွက် ပြောင်းလဲရလောက်အောင် ခိုင်လုံသွားတဲ့အခိုက်အတန့် သေးသေးလေးတွေပဲ လိုအပ်တာလည်း ဖြစ်နိုင်ပါတယ်။လက်နှိပ်ဓာတ်မီး ဆတ်ခနဲ ထိုးလိုက်သလို၊ လျှပ်စီးလေး လျှပ်ခနဲလက်လိုက်သလို လင်းလက်သွားတဲ့အခိုက်အတန့်တွေ ဘဝမှာ လိုအပ်ပါတယ်။အဲဒီအခိုက်အတန့်သေးသေးလေးတွေဆိုတာ ခေါင်းထဲမှာ လျှပ်တစ်ပြက် လင်းလက်ပြီး သေချာရှင်းလင်းသွားတဲ့ အတွေးလေးတစ်ခု ဖြစ်ချင်ဖြစ်မယ်၊ မထင်မှတ်ထားတဲ့ အတွေ့အကြုံလေးတစ်ခုကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်၊ ကလေးဘဝက ကိစ္စတစ်ခုခုကြောင့်လည်းဖြစ်မယ်၊ တစ်ယောက်ယောက်ရဲ့ စကားတစ်ခွန်း၊ စာတစ်ပုဒ်ကြောင့်လည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ အဓိကကတော့ လူတွေဟာ ပြောင်းလဲဖို့လုံလောက်တဲ့ အကြောင်းအရင်း ရှိလာတဲ့အခါမှာ ပြောင်းလဲတတ်ကြတာပဲ ဖြစ်ပါတယ်။ဒီစာအုပ်က ပိုကောင်းတဲ့အပြောင်းအလဲတွေကို ဖန်တီးလိုသူတွေအတွက် အထောက်အကူတစ်ခုအဖြစ် ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပေါ့ပါးပေမယ့် ပိုကောင်းတဲ့နည်းလမ်းတွေ၊ ပေါ့ပါးပေမယ့် တကယ်အလုပ်ဖြစ်တဲ့ နည်းလမ်းတွေ၊ ပေါ့ပါးပေမယ့် ဘဝကို တကယ်ပြောင်းလဲနိုင်တဲ့ အတွေးအမြင်၊ အယူအဆတွေကို ဒီစာအုပ်ထဲမှာ ဖတ်ရှုလေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။
စာမျက်နှာ | 163 |
---|---|
စာအုပ်အရွယ်အစား | 5.4 x 0.4 x 7.8 inches |
ပုံနှိပ်မှတ်တမ်း | Country Roadစာပေ 2022 အောက်တိုဘာလ (ပထမအကြိမ်) |
13 in stock
Anonymous –
စအုပ်ကအရမ်းကောင်းပါတယ်