ခမာနီခေါင်းဆောင် ပိုပေါ့

( 0 မှတ်ချက်)

3000 (ကျပ်)

အမည်ရင်း ဆလို့ဆာဟုခေါ်သော ပိုပေါ့အား ၁၉၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်းကိုးဦးအနက်မှ ၈ ဦးမြောက်ဖြစ်ပြီး ပရက်ခ်ဆဗူးဒေသတွင် မွေးဖွားနေထိုင်ကြီးပြင်းခဲ့သည်။ ၁၀ နှစ်သားအရွယ်တွင် ဖနွမ်းပင်မြို့သို့ လာရောက်ခဲ့ပြီ။ မြို့တော်ရှိ ကက်သလစ်သာသနာပြုကျောင်းတစ်ကျောင်းတွင် ပညာသင်ခဲ့သည်။ ၁၉၅၀ ခုနှစ်ဝန်းကျင် အသက် (၂၅) နှစ်အရွယ်ခန့်တွင် လက်ဝဲနိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး ကွန်မြူနစ်ပါတီဝင်တစ်ဦး ဖြစ်လာခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် လက်ဝဲအဖွဲ့အစည်းများအားလုံး၏ ခေါင်းဆောင်နေရာကိုရယူကာ ခမာနီခေါင်းဆောင်အဖြစ် ထင်ရှားလာခဲ့ပြီး အစိုးရကို လက်နက်ကိုင်တိုက်ပွဲဖြင့် အောင်နိုင်ခဲ့သည်။
ပိုပေါ့ကို ကမ္ဘောဒီယားနိုင်ငံ ခေတ်သစ်သမိုင်းတွင် အမည်ဆိုးဖြင့် ကျော်ကြားလှသည့် လူမျိုးတုံးသတ်ဖြတ်သူ ခမာနီခေါင်းဆောင်အဖြစ် သိရှိကြသည်။ ၎င်းအုပ်ချုပ်သည့် ၁၉၇၆-၁၉၇၉ ခုနှစ်များအတွင်းတွင် ခမာနီတို့၏ နှိပ်စက်သတ်ဖြတ်မှုများကြောင့် လူသတ်ကွင်း (kelling field) ဟု ကျော်ကြားသည့် ခမာနိုင်ငံတွင် ခမာလူမျိုးများနှင့် တရုတ်၊ ဟိန္ဒူ၊ ဗီယက်နမ်နှင့် လာအိုလူမျိုးများအပါအဝင် ခန့်မှန်းခြေအားဖြင့် နိုင်ငံအတွင်းရှိ လူဦးရေး ၁.၆ သန်းမျှ သုတ်သင်ခြင်းခံရသည်။

စာမျက်နှာ

136

စာအုပ်အရွယ်အစား

5.5 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်း၊ ၂၀၂၀ ဇွန်လ၊ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ခမာနီခေါင်းဆောင် ပိုပေါ့” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

ရဲနောင်ထွဋ် စာအုပ်များ

သင့်အတွက်ရွေးချယ်ပေးထားသည့်စာအုပ်များ