ပျော်ရွှင်ပါစေ
7000 (ကျပ်)
ဆရာဖြိုးသီဟရဲ့ ၉ အုပ်မြောက်စာအုပ် ဖြစ်ပြီး ခုလို ကိုဗစ်ကာလမှာ အဆင်မပြေ ဖြစ်နေတဲ့ စိတ်ခံစားချက်တွေ ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ရေးသားထားတာ ဖြစ်ပါတယ်။ ပျော်ရွှင်မှုနဲ့ပက်သက်လို့ အမြင်အမျိုးမျိုးကြပါတယ်။ ကျွန်တော်ကတော့ ပျော်ရွှင်မှုဆိုတာလိုက်ရှာရတာမဟုတ်ဘူး…ဖန်တီးယူရတာဆိုတဲ့ အမြင်ကိုလက်ခံတယ်။ နောက်ပြီး ငါ့ကိုပျော်အောင်လုပ်ပေးပါဆိုပြီးလည်း တစ်ယောက်ယောက်ဆီက တောင်းခံလို့ရတာမျိုးမဟုတ်ပါဘူး။ တကယ်တော့ ပျော်ရွင်မှုဆိုတာ ကိုယ်လုပ်တဲ့လုပ်ရပ်တွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒါကြောင့် ပျော်ချင်တယ်ဆို လိုက်မရှာနဲ့။ လိုက်လည်း မတောင်းနဲ့။ ကိုယ့်လုပ်ရပ်တွေ၊ ကိုယ့်အမြင်၊ ကိုယ်အတွေး၊ ကိုယ့်ခံယူချက်တွေကိုသာ ပြောင်းလိုက်ပါ။
စာမျက်နှာ | 290 |
---|---|
စာအုပ်အရွယ်အစား | 5.7× 0.6× 8 inches |
ပုံနှိပ်မှတ်တမ်း | ပီတိအိမ်စာပေ ၊ 2020 စက်တင်ဘာလ (ပထမအကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | 18.5.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 7000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
20 in stock
Phyupyar Lwin –
လူငယ်စာရေးဆရာတွေထဲမှာ ကိုယ်အကြိုက်ဆုံးထဲကတစ်
ယောက်ပါဘဲ ဖတ်ပြီး တစ်ခုခုတော့သေချာပေါက်အကျိုးရှိပြီး
ပြောင်းလဲစေနိုင်ပါတယ်📖💜
Aye Chan Myint –
ဒီစာအုပ်လေးထဲကအချက်တွေကိုအပြင်မှာသာတကယ်လိုက်ကျင့်သုံးမယ်ဆိုတော်တော်လေးအဆင်ပြေလာမှာကိုတွေ့ရပါတယ်။
တကယ်လည်းကျင့်သုံးဖြစ်ပါတယ်။ ကိုယ်လိုအပ်နေတာတွေလည်းတွေ့လာရတယ်။တကယ်ကြိုက်ပါတယ်။
Hnin Thandar Oo (verified owner) –
ဒီစာအုပ်ဖတ်လိုက်တော့ ကိုယ့်ရဲ့လိုအပ်ချက်တွေ၊ အားနည်းချက်နဲ့ မှားယွင်းနေခံယူချက်တွေအကြောင်းသိလာရတယ်
ဆရာပြောတဲ့အတိုင်းလိုက်နာကျင့်သုံးကြည့်တော့ တော်တော်အဆင်ပြေလာတာကို တွေ့ရတယ်
ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။ အရမ်းကြိုက်ပါတယ်။