ပျော်ရွှင်ပါစေ

( 5 မှတ်ချက်)

5000 (ကျပ်)

ဆရာဖြိုးသီဟရဲ့ ၉ အုပ်မြောက်စာအုပ် ဖြစ်ပြီး ခုလို ကိုဗစ်ကာလမှာ အဆင်မပြေ ဖြစ်နေတဲ့ စိတ်ခံစားချက်တွေ ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ရေးသားထားတာ ဖြစ်ပါတယ်။  ပျော်ရွှင်မှုနဲ့ပက်သက်လို့ အမြင်အမျိုးမျိုးကြပါတယ်။ ကျွန်တော်ကတော့ ပျော်ရွှင်မှုဆိုတာလိုက်ရှာရတာမဟုတ်ဘူး…ဖန်တီးယူရတာဆိုတဲ့ အမြင်ကိုလက်ခံတယ်။ နောက်ပြီး ငါ့ကိုပျော်အောင်လုပ်ပေးပါဆိုပြီးလည်း တစ်ယောက်ယောက်ဆီက တောင်းခံလို့ရတာမျိုးမဟုတ်ပါဘူး။ တကယ်တော့ ပျော်ရွင်မှုဆိုတာ ကိုယ်လုပ်တဲ့လုပ်ရပ်တွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒါကြောင့် ပျော်ချင်တယ်ဆို လိုက်မရှာနဲ့။ လိုက်လည်း မတောင်းနဲ့။ ကိုယ့်လုပ်ရပ်တွေ၊ ကိုယ့်အမြင်၊ ကိုယ်အတွေး၊ ကိုယ့်ခံယူချက်တွေကိုသာ ပြောင်းလိုက်ပါ။

စာမျက်နှာ

290

စာအုပ်အရွယ်အစား

5.7× 0.6× 8 inches

ပုံနှိပ်မှတ်တမ်း

စက်တင်ဘာလ (ပ-ကြိမ်)

ပျော်ရွှင်ပါစေ အား ဝေဖန်သုံးသပ်မှု 5 ရှိပါသည်။

  1. မဆုဖြိုး

    ကျမအတွက် အထပ်ထပ်အခါခါဖတ်နေဆဲဖြစ်တဲ့စာအုပ်လေးပါ ဆရာက ပျော်ရွှင်နိုင်အောင် ရှူ့ထောင့်ပေါင်းစုံက ရေးထားပေးပါတယ် ဖတ်ရုံမက လိုက်နာနိုင်မယ်ဆို စာဖတ်သူအားလုံးအတွက် ပိုပီး အကျိုးရှိမှာပါ ဒီစာအုပ်လေးဖတ်ပီး ကိုယ့်ဒေါသကို နည်းနည်းထိန်းနိုင်သွားတယ်လို့ထင်မိတယ် အားလုံးကိုလည်းဖတ်သင့်တဲ့ စာအုပ်လေးပါလို့ အကြံပြုချင်ပါတယ်ရှင့်

  2. ကိုဖူး

    Good

  3. Zaw Naing Moe

    ဖတ်ရတာတကယ်ကိုကောင်းပါတယ်ဗျ

  4. Pwint Phyu Aung

    ပျော်ရွှင်ပါစေ။ ဆိုတဲ့ စာအုပ်ကလေးကို ဖတ်လိုက်ရတဲ့အခါ တကယ့်ပျော်ရွှင်ခြင်းတွေကို ခံစားလာရတယ်။ ကိုယ့်ကိုယ်ကို ခွင့်လွှတ်တတ်လာတယ်။ သူများတွေနဲ့ယှဥ်ပြီး ကိုယ်တစ်ယောက်တည်းပဲ စိတ်ညစ်နေခဲ့ရသလား အဆင်မပြေနေသလား တွေးမိနေရင်းက လူတိုင်းမှာ အခက်အခဲကိုယ်စီနဲ့ဆိုတာလေးတွေ တွေးတတ်လာတယ်။ ကိုယ်ရော စိတ်ပါ ကျန်းမာဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ သေချာရှင်းပြပေးထါးလို့ အရမ်းကို သဘောကျမိတဲ့ စာအုပ်ကလေးပါ။

  5. Aung Paing Soe

    ပျော်ရွှင်ခြင်းတွေ ပျောက်‌ဆုံးနေလို့

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဒေါက်တာဖြိုးသီဟ စာအုပ်များ