ဖိုးပြုံးချို

( 0 မှတ်ချက်)

3000 (ကျပ်)

“ထူးချွန်သောသူ မှန်သမျှတွင် အသောက်၊ အကစား၊ အပျော်အပါးတည်းဟူသော မှဲ့သုံးပြောက်တွင် တစ်ပြောက်စွန်းတတ်သည်” ဟူသော စာဆိုရှိ၏။ ဤ ” ဖိုးပြုံးချို” ၀တ္ထုသည် မှဲ့ပြောက်စွန်းထင်းသော အနုပညာရှင်တစ်ဦး၏ ဘ၀ဖြစ်စဉ်ကို တင်ပြထားသော ၀တ္ထုပင်ဖြစ်လေသည်။

အနုပညာသည်များသည် လူထုအတွက် လူများဖြစ်ကြသည်။ မိမိတို့၏ ကိုယ်ရေးထက် လူထု၏အကျိုးကို ဘယ်နည်းဖြင့် ဖြည့်စွမ်းရပါမည်နည်း…ဟူသော စိတ်ဇောမီးတစ်ပွင့် အမြဲကပ်ရောက်နေကြလျက် ကိုယ်ရေးကို ဒုတိယထားကြစမြဲဖြစ်သည်။ မိမိ၏ ကိုယ်ရေး၌ လောကဓံနှင့် ဆုံကြုံလာရသောအခါတွင် မှဲ့အစွန်းတွင် သတိကင်းလွတ်နစ်မွန်းတတ်ကြ၏။

ယခု ဝတ္ထု မူရင်းမှာ The Champ ခေါ် ၀တ္ထုဖြစ်၏။ ထို၀တ္ထုထဲ၌ လက်ဝှေ့ချန်ပီယံဟောင်းတစ်ဦးသည် သားကလေး၏ကောင်းစားရေး အတွက် လက်ဝှေ့နယ်မှ အတော်ကြာ အနားယူထားရာက ပြန်၍ လက်ဝှေ့ထိုးရာ၌ အသက်ဆုံးရ၏။ ဤသဘောဖြင့် ဖခင်၏အချစ်ကို ဖော်ထုတ်ခဲ့လေသည်။ ယင်းသည့် ဇာတ်သွားကိုပင် အခြေပြုကာ များမကြာမီက The Clown ခေါ် ရုပ်ရှင်ဇာတ်ကားတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုကားထဲ၌ လူရွှင်တော်တစ်ဦး တေပေပျက်စီးနေရာက သားကလေးအတွက် အလုပ်ကို ပြန်၍ ကြိုးကြိုးစားစားလုပ်သည်တွင်  ယခင်က တေပေခဲ့သော ဒဏ်ချက်များကြောင့် အသက်ဆုံးရှုံးရသည့်အကြောင်းကို သရုပ်ဖော်ထား၏ မူရင်း The Champ ဝတ္ထု၌ သားအဖအချစ်ကို မူတည်ထားသော်လည်း The Clown တွင်မူ အနုပညာသည်တို့ သတိလွတ်ကင်းတတ်သော “မှဲ့တစ်ပြောက်” ဉာဉ်ကို သရုပ်ဖော်ကာ ဇာတ်သားထဲ၌ ဖခင်အချစ်ကို ဌာပနာ၍ထားပေသည်။ ဖိုးပြုံးချို ၀တ္ထုသည် The Clown ၏ ဇာတ်အိမ်ဆင်ပုံကို မှီငြမ်းပြုထားပါသည်။

စာမျက်နှာ

234

စာအုပ်အရွယ်အစား

5.2 x 0.3 x 7.2 inches

7 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဖိုးပြုံးချို” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

တင့်တယ် စာအုပ်များ