ဖြစ်တည်ခြင်း

( 3 မှတ်ချက်)

12000 (ကျပ်)

ဤစာအုပ်တွင် ပထမဆုံးအကြိမ်အဖြစ် မစ်ရှယ်အိုဘားမားက အိမ်ထောင်ကျစ ပထမနှစ်များတွင် အလုပ်နှင့် မိသားစုဘ၀ မျှတအောင်ကြိုးစားကာ ခင်ပွန်းသည်လုပ်လိုသော နိုင်ငံရေးသမားဘ၀ကိုလည်း ဖြည့်ဆည်းရပုံများကို ဖော်ပြထားသည်။ သူမက စာဖတ်သူအား ခင်ပွန်းသည်ကို သမ္မတရွေးကောက်ပွဲဝင်မည်ဟု ပြောကြားသည့်အခါ၌ အခြေအတင်ပြောရပုံများ၊ သူမ ထင်ပေါ်လာပုံများ၊ ခင်ပွန်းသည် စည်ရုံးရေးပွဲ၌ သူမအား ဝေဖန်ပုံများကိုလည်း ဖော်ပြထားသည်။ မရေမတွက်နိုင်သည့် ထူးခြားသော အဖြစ်အပျက်များ၊ သူမ မထင်မရှားရှိခဲ့ရာက တစ်ကမ္ဘာလုံး အာရုံစူးစိုက်ခံရသည့်အနေအထားသို့ ရောက်ရှိလာပုံ၊ အိမ်ဖြူတော်တွင်နေထိုင်ခဲ့သည့် ရှစ်နှစ်တာကာလ၊ သူ့တိုင်းပြည်အကြောင်း သူသိလာပုံ၊ တိုင်းပြည်က သူ့အားသိလာပုံတို့ကိုလည်း တင်ပြထားသည်။

စာမျက်နှာ

565

စာအုပ်အရွယ်အစား

5.5 x 1.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2019 နိုဝင်ဘာလ (ပ-ကြိမ်)

4 in stock

ဖြစ်တည်ခြင်း အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. မအိမ့်အိမ့်ထူးအောင်

    “#ဖြစ်တည်ခြင်း” တဲ့။

    ဒီစကားလုံးလေးတွေကို ရေရွတ်ကြည့်မိရကတည်းက နှစ်သက်မိနေတာ ကြာပေါ့…။

    အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသော လူမည်းသမ္မတကတော် တစ်ဦးအကြောင်း…။
    (လူမည်းလို့ ထည့်ပြောရခြင်းက ချိုးနှိမ်လိုသော ဆန္ဒမပါ ၊ သူမရဲ့ အံ့ဩလေးစားဖွယ်
    အရည်အချင်းတွေကို တန်ဖိုးထားခြင်းတွေ
    အပြည့်အဝ ဖော်ကြူးလိုတဲ့ သဘောပါ…)

    ဒီစာအုပ်လေးကို ဖတ်ရင်…
    သူမရဲ့ဖြစ်တည်ခြင်းသာမက ဘားရက်ရဲ့ ဖြစ်တည်ခြင်းအ‌ကြောင်းကိုပါ သိရမယ်။

    သူမရဲ့ ဖြစ်တည်ခြင်းကို ‌ ဖော်ညွှန်းရေးသားပြလိုတာထက် ‘ဘားရက်’ဟာ ဘယ်လို ( ကောင်းမွန်တဲ့) လူတစ်ယောက်ဖြစ်တယ်ဆိုတာကို လူအများကို
    ချပြ၊ ရှင်းပြလိုတဲ့ သဘောမျိုးလို့ ယူဆမိတယ်၊ (ဒါဟာ ဘားရက်ကို သူမ ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲဆိုတဲ့ အဓိကအချက်ပဲ။)

    ဘားရက်ရဲ့ စိတ်ဓာတ်ခံယူချက် သဘောထား အမျိုးမျိုးက
    “ဪ…ဒီလို အံ့မခန်းတဲ့ စိတ်ထားမြင့်မြတ်ပုံတွေကြောင့် ဘားရက်အိုဘားမား ဆိုပြီး တစ်ကမ္ဘာလုံးက လူသိများတာကိုး…” လို့ ဩချရလောက်အောင် သူ့ရဲ့ တွေးခေါ်ပြုမူပုံတွေက အရမ်းကို လေးစားအတုယူဖွယ်ရာတွေ များပြားလှတယ်။

    မီရှယ်လ်ရဲ့ ဖြစ်တည်ခြင်းကိုပဲ သက်သက် လေ့လာရမယ်ဆိုရင်တော့ သူမက
    မိန်းမသားတစ်ဦးဖြစ်တာနဲ့အညီ စိတ်ခံစားချက်ကို အနည်းငယ် ရှေ့တန်းတင်တယ်ထင်ရသော်လည်း သူမရဲ့ စိတ်ဓာတ်မာကြောကြံ့ခိုင်မှုနဲ့ ဘဝကို ပိုမိုတိုးတက်ကောင်းမွန်အောင် တည်ဆောက်ပုံတွေက အမျိုးသမီးတိုင်း အတုယူလိုက်နာကျင့်သုံးသင့်တဲ့ အချက်တွေအားလုံး ဖြစ်တဲ့အပြင် အချို့ယောကျ်ားတွေထက်ကို စိတ်ဓာတ်ခိုင်မာတဲ့
    အံ့ဖွယ်အမျိုးသမီးတစ်ယောက်အဖြစ် မြင်တွေ့ရတယ်။

    ဒီစာအုပ် မဖတ်ဖူးခင်က တွေးမိတာ တစ်ခုက မီရှယ်လ်ဟာ ဘားရက်ရဲ့ ဇနီးတစ်ယောက်အနေနဲ့ သမ္မတကတော်တစ်ဦး ဖြစ်ခွင့်ရတာ ကံကောင်းပါလားပေါ့နော်…(သူမရဲ့ ကိုယ်ပိုင်အရည်အချင်းစစ်တွေကို မသိရှိသေးဘဲ ပြောခဲ့မိသေးတယ်..)

    ဒါပေမဲ့ ဒီစာအုပ်စဖတ်ဖတ်ချင်းပဲ သိလိုက်ရတာက စောစောက ကျွန်မတွေးခဲ့မိတဲ့အချက်ဟာ တက်တက်စင်အောင် မှားယွင်းသွားတယ် ဆိုတာပါပဲ။
    တကယ်တော့ ဘားရက်အနေနဲ့ အမေရိကန်လို ထင်ရှားကျော်ကြားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတတစ်ယောက်အဖြစ် ကမ္ဘာမှာ ထွက်ပေါ်လာနိုင်တာဟာ မီရှယ်လ်လို
    ထက်မြက်ပြီး ဘက်စုံ အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးကောင်းတစ်ယောက်ရဲ့ စိတ်ရှည်သည်းခံမှု ၊ နားလည်ခွင့်လွှတ်ပေးမှုတွေအများကြီးပါတဲ့ supportတွေ ကောင်းကောင်းလုပ်ပေးနိုင်မှု
    ကြောင့်လည်း ပါပါတယ်။ဒါကြောင့်
    တကယ်တမ်းကံကောင်းခဲ့သူက ဘားရက်လို့
    ကျွန်မက ဆိုချင်ပါတယ်။

    ဒီစာအုပ်ဖတ်ပြီး အရေးကြီးဆုံး သုံးသပ်မိတာက ဘားရက်သမ္မတဖြစ်လာတာဟာ သမ္မတတစ်ယောက်ပိုင်ဆိုင်ခွင့်ရမယ့် ချမ်းသာကြွယ်ဝမှုကို မက်မောပြီး
    သမ္မတဖြစ်ချင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တမင်ကြိုးစားခဲ့လို့ ဖြစ်လာတာမဟုတ်ဘဲ
    သူများတွေကောင်းကောင်းမွန်မွန်အိပ်နေချိန်မှာတောင် မအိပ်မနေ မျက်နှာကျက်ကို ငေးမောစိုက်ကြည့်ရင်း အမေရိကန်နိုင်ငံမှ
    လူလတ်တန်းစား ပြည်သူတွေရဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းပေးရမလဲဆိုပြီး အမြဲတွေးပူနေကာ ၊ စာအုပ်တွေ အချိန်တိုင်းဖတ်ပြီး လေ့လာကာ ကြိုးစားအဖြေရှာပေး ခဲ့လို့ ဆိုတာကြောင့်ပဲ ဖြစ်တယ်။ သူတစ်ပါးတွေရဲ့ အခက်အခဲတွေကို ကိုယ့်အခက်အခဲလို ခံစားပေးနိုင်မှုဆိုတဲ့ သူရဲ့စေတနာအရင်းခံတွေကြောင့် ကြိုးစားရင်းရလာတဲ့ results တွေက သူ့ကို ဒီလို သူများထက် ခြားနားတိုးတက်စေတဲ့ သမ္မတ တစ်ဦးရဲ့ ဘဝကို ရရှိသွားစေတာပါပဲ။ ( ကိုယ့်အတွက်ဆိုပြီး ဦးတည်တာမျိုးမဟုတ်ဘဲ အများအကျိုးအတွက်ပဲ ဦးတည်ခဲ့လို့ ရလဒ်ကောင်းတွေရလာတာကို အတုယူစေချင်တဲ့ သဘောပါ။)

    ဒီစာအုပ်ကိုဖတ်ရင်း အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို ဘယ်လို စည်းရုံးကျင်းပသလဲဆိုတာတွေ စိတ်ဝင်စားဖွယ် လေ့လာလို့ရမယ့်အပြင် ဘားရက်တို့တစ်မိသားစုလုံးအနေနဲ့လည်း ဘယ်လောက်ခက်ခဲကြမ်းတမ်းတဲ့ လမ်းတွေပေါ် ဘယ်နှကြိမ်ပဲလဲကျကျ အခါခါ ပြန်ရုန်းထပြီး
    အလျှော့မပေးဘဲ ဆက်လျှောက်လှမ်းခဲ့ရတာတွေကို ဖတ်ရှုရတဲ့အခါ စာဖတ်သူကျွန်မတို့ကို ဘဝအတွေ့အကြုံ နဲ့ စိတ်ဓာတ်ခွန်အားတွေ အများကြီး ရရှိစေပါတယ်။

    အာဖရိကန်-အမေရိကန် လူမည်းလူနည်းစုတို့အ‌နေနဲ့ လူဖြူလူများစုတို့ကြားမှာ ခက်ခဲစွာ နေထိုင်ကြီးပြင်းရင်းကနေပဲ ဘယ်လို အောင်မြင်ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေဖြစ်လာအောင် ကြိုးစားရသလဲဆိုတာတွေ၊
    အမေရိကန်ပြည်ထောင်စုရဲ့ လူသိများတဲ့
    သတင်းခေါင်းစည်းတွေရဲ့ နောက်ကွယ်က
    လူတွေ မသိကျိုးကျွန်ပြုမိခဲ့ကြတဲ့ လူမည်းသမ္မတမိသားစုတစ်ခုရဲ့ မြိုသိပ်ကြိတ်မှိတ်ဖုံးကွယ်ပြီး ကြံ့ကြံ့ခံရင်ဆိုင်နေခဲ့ရတဲ့ ခံစားချက်အစစ်အမှန်တွေ၊
    အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့က ထင်သလောက် မလွယ်ကူပေမယ့်လည်း
    ကိုယ်ကြိုးစားနေသ၍တော့ ငယ်စဥ်က
    သာမာန်အခန်းကျဥ်းလေးထဲမှာ ဒုက္ခိတအဖေနဲ့ အတူနေခဲ့ရတဲ့ ဘဝတစ်ခုကနေတောင် အိမ်ဖြူတော်အထိ ရောက်နိုင်တယ်
    ဆိုတာကို ဥပမာပေးပြီး ဘဝအတွေ့အကြုံ
    သင်ခန်းစာတွေကို ထည့်သွင်းရေးဖွဲ့ထားပုံက ကျွန်မတို့ကို စိတ်ဓာတ်ခွန်အားတွေ အများကြီး ရရှိစေပါတယ်။

    ဒီစာအုပ်ဟာ ဝတ္ထုတစ်ပုဒ်မဟုတ်ဘူး၊
    လူမည်းအမျိုးသမီးတစ်ယောက်ရဲ့ ခံစားချက်တွေကို ရှေ့တန်းတင်ရေးဖွဲ့ထားတဲ့
    မဟုတ်မမှန် သတင်းတစ်ပုဒ်လည်း မဟုတ်ဘူး၊
    #အမေရိကန်နိုင်ငံအပြင် တစ်ကမ္ဘာလုံးရဲ့
    သမိုင်းမှာပါ ပထမဆုံးသော လူမည်းသမ္မတ
    မိသားစုလို့ မှတ်တမ်းတင်ခံရတဲ့ သာမာန်မိသားစုတစ်ခုက မိသားစုဝင်တစ်ဦးချင်းစီရဲ့ အတွင်းအဇ္ဈတထဲက ထူးကဲမြင့်မြတ်ပုံတွေကို ပကတိအတိုင်း ထုတ်ဖော်ပြသလိုက်ခြင်းတစ်မျိုးပဲ ဖြစ်တယ်။

    #အမေရိကန်ပြည်ထောင်စု သမ္မတ ကတော်ဟောင်းတစ်ဦး၏ ရိုးရှင်းသော ၊ ဆွဲဆောင်မှုရှိသော ၊ စိတ်ဝင်စားဖွယ်ကောင်းသော
    ဘဝမှတ်တမ်း…။

    #အမေရိကန်သမ္မတကတော်တစ်ဦးရဲ့
    စာကို ဘာသာပြန်ထားတာမို့ ဖတ်ရတာ
    heavy ဖြစ်မယ်လို့ မထင်လိုက်နဲ့နော်။
    စာရွက်တွေ ဘယ်လိုလှန်လို့ လှန်လိုက်မိမှန်းမသိအောင် စိတ်ဝင်စားဖွယ်ကောင်းတာမို့
    ဖတ်ရတာ အဆင်ပြေချောမွေ့တဲ့အပြင်
    ဘားရက်ရဲ့ ချစ်တတ်လွန်းပုံတွေကို မျက်စိထဲမြင်ယောင်ရတာလည်း korea ကားတစ်ကား ကြည့်ရသလို ကိုယ်ပါ ကြည်နူးမိတာမို့
    ဝတ္ထုတစ်ပုဒ်လိုမျိုးလည်း ဖတ်လို့ကောင်းပါတယ်။

    #စာအုပ်တန်ဖိုးကို ဈေးနှုန်းနဲ့ တန်ကြေးဖြတ်ချင်တဲ့ သဘောမျိုးမဟုတ်ပေမယ့် ၈၀၀၀ကျပ်ကို နှမြောပြီး မဝယ်ဖြစ်ကြမှာစိုးလို့ ဈေးနှုန်းလေး ထည့်ပြောပါရစေ။
    ကိုယ်ရင်းနှီးလိုက်ရတဲ့ ၈၀၀၀ဆိုတဲ့ ပမာဏတစ်ခုထက်ပိုပြီး ကိုယ်လုံးဝ မသိရှိသေးတဲ့
    ဘဝအတွေ့အကြုံသင်ခန်းစာအကြောင်းတွေကို သိရှိခွင့်ရမှာမို့ Soft Skill သင်တန်းတစ်ခုခု တက်တယ်လို့ သဘောထားပြီး
    အခြားစာအုပ်တွေဝယ်မယ့်အစား ဒီစာအုပ်လေးကို အရင်ဝယ်စေချင်ပါတယ်။

    #စာဂျပိုးတိုင်း ဝယ်ဖတ်သင့်တဲ့ စာအုပ်လေးမို့ မဖြစ်မနေ ဝယ်ဖတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်??

    .
    .
    .
    #အိမ့်

  2. Myat Thwe

    #ဖြစ်တည်ခြင်း

    ဒီစာအုပ်လေးကတော့ ၀င်းငြိမ်း ဘာသာပြန်ထားတဲ့ “ဖြစ်တည်ခြင်း” ဆိုတဲ့ စာအုပ်လေးဖြစ်ပါတယ်။ ဒီစာအုပ်လေးရဲ့ မူရင်းက Michelle Obama ကိုယ်တိုင်ရေးထားတဲ့ ” Becoming “ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်။

    🌱ဒီစာအုပ်မှာဆိုရင်တော့ Michelle ရဲ့ရိုးရှင်းပြီးချစ်စရာကောင်းတဲ့ အဖေ၊ အမေ၊ အကို တို့ကိုပိုင်ဆိုင်ထားတဲ့ သူမရဲ့ငယ်ဘ၀အကြောင်းအရာတွေ

    🌱လူမည်းမလေးတစ်ယောက်ပေမဲ့ အရာရာကိုကြိုးစားပြီးတော့ အရွယ်ရောက်လာပြီး ရှေ့နေ ဖြစ်လာတဲ့သူမ👩‍⚖️

    🌱ဒီလိုနဲ့ သူမဆီ အလုပ်သင်အနေနဲ့ ရောက်ရှိလာတဲ့ Barack Obama နဲ့ တွေ့ဆုံတဲ့အခါ🤔

    🌱သူတို့နှစ်ယောက် ဖူးစာဆုံသွားပြီးတော့ ချစ်စရာအရမ်းကောင်းတဲ့ သမီးလေးနှစ်ယောက်ရှိလာတဲ့သူမ👭

    🌱Barack က အမေရိကန်သမ္မတရွေးကောက်ပွဲ၀င်ဖို့အတွက် ဆုံးဖြတ်ချက်ချလာတဲ့အချိန် သူမရဲ့သဘောထားကရော??

    စတဲ့ စိတ်၀င်စားစရာကောင်းတဲ့သူမရဲ့ဘ၀ဖြတ်သန်းလာပံု‌ေတွကို တ၀ကြီးဖတ်ရှုရမှာဖြစ်ပါတယ်။🤩

    🔺မိန်းမသားတစ်ယောက်ပေမဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိတဲ့ Michelle 👩‍💼
    🔺 မိဘ မိသားစုအပေါ်မှာလည်းသိတတ်တဲ့သူမ👩‍💼
    🔺 သူမရဲ့ သမီးနှစ်ယောက်အပေါ်မှာ အလုပ်များပေမဲ့ မိခင်မေတ္တာအပြည့်အ၀ပေးတဲ့သူမ👩‍💼
    🔺Barackအတွက်ဆိုရင်လည်း အမြဲတမ်း support ပေးနေတဲ့ ဇနီးကောင်းတစ်ယောက်အဖြစ်အမြဲ ရှိနေပေးတဲ့ သူမ 👩‍💼
    ဒီစာအုပ်လေးမှာ Michelle ရဲ့ သူမဘ၀ဖြစ်တည်ခြင်းတွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

    စာအုပ်ထဲက စာကြောင်းလေးတစ်ချို့ ရေးပြပေးလိုက်ပါတယ်💁

    ” ကျွန်မအတွက် ဖွင့်ထားသော တံခါးမှန်သမျှ လှည့်လည် ကြည့်ရှုခဲ့သည်။ သူတစ်ပါးတို့အတွက်လည်း ကျွန်မ တံခါးများ ဖွင့်ခဲ့ပါသည်။ ”

    မူရင်းရေးထားတဲ့ Michelleရဲ့အရေးအသားကောင်းတဲ့အပြင် ဘာသာပြန်ထားတဲ့ စာရေးဆရာရဲ့ အရေးအသားတွေက အရမ်းပြေပြစ်တဲ့အတွက်အကြောင့် တကယ်ဖတ်ကောင်းတဲ့စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။

    ဒါကြောင့် bookaholic လေး‌ေတွအတွက် ဖတ်သင့်တဲ့ စာအုပ်လေးတစ်အုပ်ပါလို့ ညွှန်းပေးချင်ပါတယ်။💁📕

  3. Hein Kyaw (verified owner)

    စာအုပ်က ဝယ်ထားတာတော့ ကြာပါပြီ. မအားလို့ မဖတ်ဖြစ်သေးတာနဲ့ အခုမှ စဖတ်မိတော့ စာမျက်နှာ ၆၆,၆၇,၇၀,၇၁,၇၄,၇၅,၇၈နှင့် ၇၉ က လုံးဝ ကွက်လပ်ဖြစ်နေပါတယ်. ကိုယ့်ဆီရောက်လာတဲ့ စာအုပ်တစ်အုပ်ထဲပဲ ပြသာနာဖြစ်နေတာလားမသိပေမဲ့ ရောင်းတဲ့ဈေးနှုန်းအရ လုံးဝမဖြစ်သင့်တဲ့ အရာပါ.

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဝင်းငြိမ်း စာအုပ်များ