ကိုယ်ရည်သွေး

( 0 မှတ်ချက်)

2000 (ကျပ်)

ကျောက်မျက်ရွဲများကို ထပ်မံ၍သွေးခြင်း၊ အကွက်အလပ်ဖော်ခြင်း၊ ရွှေဖြင့် အမွှမ်းတင်ခြင်း၊ ဆေးဖြင့် အရောင်တင်ခြင်းများ ပြုလုပ်သောအခါ ပို၍ အဖိုးထိုက်လာဘိသကဲ့သို့ လူ၏ ပင်ကိုရုပ်ကိုလည်း နည်းကောင်း ဥပဒေတို့ဖြင့် ကျနစွာ အရောင်တင်လိုက်သောအခါ ကျောက်မျက်ရွဲများ အဖိုးပို၍လာသည်ထက်ပင် အဆပေါင်းများစွာ ပို၍အဖိုးထိုက်တန်လာလေသည်။ အရည်အသွေးကောင်းသော ကျောက်များကို ကျွမ်းကျင်လိမ္မာသော ရာဖြတ်တို့သည် တန်ဖိုးကို ဆုံးဖြတ်နိုင်သော်လည်း သွေး၍ထားသော လူ၏ပင်ကိုအရည်အချင်းကိုကား ရာဖြတ်တို့ ဆုံးဖြတ်ရန်ခဲယဉ်းလှပေသည်။ သို့ဖြစ်၍ စိန်ကဲ ကျောက်ကဲထက် လူကဲကို ခတ်ရန် ခဲယဉ်းသည်ဟု ပညာရှိများ ဆိုရိုးစကားရှိလေသည်။

ယခုစာအုပ်ကို ဖတ်ရာတွင် သာမန်ဝတ္တုစာအုပ်တစ်အုပ်ကို အပျင်းပြေဖတ်သကဲ့သို့ မဖတ်မူ၍ ပထမ (စာတစ်လုံးစီ တစ်လုံးစီ) ဒုတိယ (စာတစ်ပုဒ်စီ တစ်ပုဒ်စီ) တတိယ (တစ်ခန်းစီ တစ်ခန်းစီ) သဘောပေါက်သည်ထက် ပေါက်အောင် ဖတ်ကြရမည့် စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

75

စာအုပ်အရွယ်အစား

5.4 x 0.2 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ဆုပြည့်စုံထွန်းစာပေ၊ 2021 ဒီဇင်ဘာလ (ဒုတိယ-ကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကိုယ်ရည်သွေး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ဒဂုန်ရွှေမျှား စာအုပ်များ