ကိုယ်ရည်ကိုယ်သွေး
4000 (ကျပ်)
ကိုယ်ရည်ကိုယ်သွေးဆိုတာ အပြင်ထွက်ခါနီးမှ ပိုက်ဆံအိတ်ထဲကို ပိုက်ဆံကောက်ထည့်လိုက်သလိုရုတ်တရက်ထည့်ပြီး သယ်သွားလို့ရတဲ့အရာမျိုးမဟုတ်ဘူး။ အလုပ်သွားလျှောက်ခါနီး CV form ကို အချက်အလက်တွေ ဖြည့်သလို အလျင်စလို ဖြည့်လို့ရတဲ့ အရာတစ်ခုလည်း မဟုတ်နေဘူး။
ကိုယ်ရည်ကိုယ်သွေးဆိုတာ ဘ၀တစ်ခုလုံးမှာ ကိုယ်နေထိုင်ခဲ့တဲ့ပုံစံ၊ ခံယူထားတဲ့ ခံယူချက်တွေကြောင့် တဖြည်းဖြည်းချင်း တရစ်ရစ်တက်လာတဲ့ အရာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘ၀မှာ ပံ့ပိုးမှုတွေ ဘယ်လောက်ကောင်းနေကောင်းနေ၊ ဘယ်လိုပတ်ဝန်းကျင်မျိုးမှာပဲ ကြီးပြင်းခဲ့ ကြီးပြင်းခဲ့၊ ကိုယ်တိုင်ကိုယ်ကျ ကိုယ်ရည်ကိုယ်သွေး ကောင်းနေမှသာ Self-esteem လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုနဲ့ ဘ၀မှာ အဓိပ္ပါယ်ရှိရှိ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ် …
ဒီစာအုပ်က ဘာအတွက်လဲဆိုရင် ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့အတွက် ဘယ်လိုမျိုး ပြုမှုပြောဆို နေထိုင်မလဲဆိုတာတွေကို ဒီစာအုပ်ထဲကနေ ‘ တီးမိခေါက်မိ’ ရှိသွားဖို့လို့ ဆရာမင်းခန့်က ဆိုထားပါတယ်။ ဆရာမင်းခန့်ရဲ့ ရေးနေကျ ပုံစံ flow ကို ဒီကိုယ်ရည်ကိုယ်သွေးစာအုပ်ထဲမှာ ထပ်ပြီး တွေ့မြင်ရပြန်တယ်။ မကွေ့ဘူး..မဝိုက်ဘူး။ ပြောချင်တာတွေကို ထိထိမိမိနဲ့ ချက်ကျလက်ကျ ပြောထားပြန်တယ်။
ဒီစာအုပ်ထဲမှာ အပိုင်း၂ပိုင်း ပါပါတယ်။
Ideas ရယ်… Applications of Ideas များရယ်။
Ideas ဆိုတဲ့အပိုင်းကို ဖတ်ပြီးရင် ပေးထားတဲ့ massage တွေကို ဝေဖန်၊ သုံးသပ်၊ ချင့်ချိန် လက်ခံနိုင်ဖို့ တွေးမိသွားလိမ့်မယ်။ လက်ခံနိုင်ပြီဆိုရင်တော့ Applications of idea ပိုင်းကို ဆက်သွားနိုင်လိမ့်မယ်။
စာမျက်နှာ | 128 |
---|---|
စာအုပ်အရွယ်အစား | 4.9 x 0.3 x7.1 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာအုပ်တိုက်၊ 2023 ဩဂုတ်လ (ပဉ္စမအကြိမ်) |
35 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ