ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင်

( 1 မှတ်ချက်)

15000 (ကျပ်)

မားကက်တင်းမှာ..ဈေးကြီးတယ်၊ ဈေးသက်သာတယ်ဆိုတာထက်
တန်လား/မတန်ဘူးလား ဆိုတာက အရေးကြီးပါတယ်။
ဈေးကြီးတာနဲ့ တန်ဖိုးကြီးတာမတူပါဘူး။ ၁၀၀ တန်ကို ၁၅၀ ရောင်းနေရင်
ဒါဈေးကြီးတာပါ။ ၁သိန်းဖြစ်ပါစေ ၁သိန်းနဲ့ ထိုက်တန်တယ်ဆိုရင်
ဒါဟာ ဈေးကြီးတာမဟုတ်ပါဘူး။ ဒါကြောင့် ဈေးမလျှော့ပါနဲ့၊
တန်အောင်ရောင်းပါ။

အွန်လိုင်းကနေ စျေးရောင်းနေလား ဒီစာအုပ်ကို ဖတ်ပါ။ ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ စဉ်းစားနေပြီလား ဒီစာအုပ်ကို ဖတ်ပါ။ ​Freelance ကနေ ကိုယ်ပိုင်လုပ်ငန်းလေး စဖို့ စဉ်းစားနေလား ဒီစာအုပ်ကို ဖတ်ပါ။ ကိုယ်ပိုင်စီးပွားရေး လုပ်နေပြီလား ဒီစာအုပ်ကို ဖတ်ပါ။ ကိုယ်ပိုင်စီးပွားရေး လို့ စဉ်းစားလိုက်ပြီဆိုတာနဲ့ ဒီစာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ပါ။
ဒီစာအုပ်ထဲမှာ ​လုပ်ငန်းမတင်ခင် စဉ်းစားစရာတွေ ၊ လုပ်ငန်းစတင်ချိန်မှာ အခက်အခဲတွေ၊ လုပ်ငန်းချဲ့ထွင်ချိန်မှာ သတိပြုစရာတွေ၊ လုပ်ငန်းရေရှည်တည်တံ့အောင် ထိန်းသိမ်းရမယ့် အရာတွေ စသည်စသည်ဖြင့် ❝ကိုယ်ပိုင်စီးပွားရေး❞ နဲ့ ဆိုင်တဲ့ စာစုပေါင်း (၅၂) ပုဒ် ပါဝင်ပါတယ်။

စာမျက်နှာ

267

စာအုပ်အရွယ်အစား

5.7× 0.5×8.1 inches

ပုံနှိပ်မှတ်တမ်း

CECစာပေ 2024 မတ်လ (စတုတ္ထအကြိမ်)

26 in stock

ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Htet Htet Tin Zar

    📟 ဆရာအောင်ကိုဦးရဲ့ “ကိုယ်ပိုင်စီးပွားရေး လုပ်မယ်ဆိုရင်” စာအုပ်က ဆရာ့ရဲ့ ဆယ်အုပ်မြောက် စာအုပ်ပါ။ ဆရာက ပုံမှန်အားဖြင့်ဆိုရင် အင်္ဂလိပ်စာနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေနဲ့ လူငယ်တွေအတွက် အောင်မြင်ရေးစာအုပ်တွေသာ ရေးသားနေသူဖြစ်ပေမဲ့ ဒီစာအုပ်ကတော့ စီးပွားရေးနဲ့ပတ်သက်လို့ ပထမဆုံးစာအုပ်ပါ။

    💷 ဒီထဲက ဆောင်းပါးတွေက မဂ္ဂဇင်းတစ်ခုမှာ အခန်းဆက်ရေးသားခဲ့ဖူးတာတွေ ဖြစ်ပါတယ်။ လုပ်ငန်းအနေနဲ့ ဆရာက ၂၀၁၃ မှာ AELC သင်တန်းကျောင်းကို စတည်ထောင်ခဲ့ပြီး ၂၀၁၆ မှာ ကျောင်းခွဲတွေ ချဲ့ပြီး အခုဆို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မကွေး စတဲ့ မြို့ ၄မြို့မှာ ကျောင်းခွဲ ၇ခု ဖွင့်လှစ်ထားပါတယ်။ ၂၀၂၀ မှာ ကလေးအင်္ဂလိပ်စာ သင်တန်းကျောင်းတစ်ခုမှာ co-founder အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဆရာလုပ်ငန်း လုပ်ချိန်မှာ အခက်အခဲတွေ‌ ကြုံတွေ့ခဲ့ရတာမို့ လုပ်ငန်းငယ်တွေအတွက် ပြန်လည်မျှဝေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
    __________________________

    ❝စာရေးသူစကား❞

    ”ကိုယ်ပိုင်စီးပွားရေး လုပ်မယ်ဆိုရင်” လို့ နာမည်ပေးထားတဲ့စာအုပ်က ကျွန်တော်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနဲ့ ဖတ်ဖူးတာတွေ၊ ကျွန်တော် တက်ရောက်ခဲ့တဲ့ စီးပွားရေးဆိုင်ရင် သင်တန်းတွေကနေ ရရှိလာတဲ့ အတွေးအမြင်တွေကို ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို စပြီး ရေးခဲ့တုန်းက အခုလို စာအုပ်တစ်အုပ်ထုတ်ဖို့ မဟုတ်၊ ကျွန်တော့်ကို စီးပွားရေးစလုပ်ဖို့ လာလာမေးကြလို့ ရေးဖြစ်တဲ့ ပထမဆုံးတစ်ပုဒ်ကို ကျွန်တော့်ရဲ့ဖေ့ဘွတ်အကောင့်မှာ ရေးတင်လိုက်တာပါပဲ။ အဲဒီအချိန်မှာ မဂ္ဂဇင်းတစ်ခုက ဆက်သွယ်လာပြီးတော့ အခန်းဆက်ပုံစံမျိုး ပုံမှန်ရေးဖို့ တိုက်တွန်းတဲ့ အတွက် ဆက်တိုက်ရေးဖြစ်သွားတာပါ။

    🛒 ဒီစာစုတွေက စရေးခဲ့တဲ့အချိန်နဲ့ဆိုရင် တော်တော်လေးကြာနေပြီမို့ တချို့အချက်အလက်တွေမှာ ကိန်းဂဏန်းတွေအားဖြင့်တော့ အခုအချိန်နဲ့ မတူနိုင်တော့ပါဘူး။ နောက်တစ်ခု တောင်းပန်ချင်တာက ဒီစာစုတွေမှာ အင်္ဂလိပ်လိုတွေ တအားညှပ်ပါနေတဲ့ကိစ္စပါ။ အဲဒီလို ညှပ်ပါနေတဲ့ စကားလုံးအများစုကလည်း မြန်မာလိုပြန်တာထက် အဲဒီအတိုင်းပဲ ပိုအဆင်ပြတယ်ထင်လို့ ဒီအတိုင်းပဲ သုံးထားတာ ဖြစ်ပါတယ်။ လုပ်ငန်းစလုပ်မယ့်သူတွေနဲ့ လုပ်ငန်းငယ်တွေအတွက် စဉ်းစားစရာတွေရော အသုံးချစရာတွေပါ ရရှိမယ်လို့ ယုံကြည်ပါတယ်။ စာအုပ်ထဲမှာ စီးပွားရေးဆိုင်ရာ ဆောင်းပါးပေါင်း (၅၂) ပုဒ် ပါဝင်ပါတယ်။
    __________________________

    💰 ပထမဆုံးအနေနဲ့ လုပ်ငန်းစတင်တော့မယ်ဆိုရင် ဒီလေးချက်ကို အရင်စဉ်းစားဖို့ အကြံပေးထားပါတယ်။
    (၁) Types of Business
    (၂) Market Area
    (၃) Investment Type
    (၄) Break Even Point (အရင်းကျေအမှတ်)
    ဆိုတာတွေပါ။ ပြီးရင် ကိုယ့်လုပ်ငန်းရဲ့ Theme တစ်ခုကို ရွေးချယ်ရပါမယ်။ ဆိုလိုတာက customer တွေအတွက် အလုံးစုံ perfect ဖြစ်နေမယ့် လုပ်ငန်းမျိုး မဟုတ်ဘဲ Market Area ကို ကြည့်ပြီး customer need/want ကို အဓိကထားပြီး theme ရွေးရပါမယ်။ ဆိုလိုတာက ဒီလုပ်ငန်းအမျိုးအစားမျိုးကို ဒီဧရိယာက customer တွေက ဘယ်လိုပုံစံမျိုးနဲ့ဆို ပိုပြီးနှစ်သက်တတ်သလဲ။ ဈေးသက်သာတာ ဦးစားပေးသလား၊ အရည်အသွေး ဦးစားပေးသလား စသဖြင့် အဲဒီဧရိယာက customer အများ နှစ်သက်တတ်တဲ့ theme မျိုးပေါ့။ နောက်တစ်ခုကတော့ survey လုပ်ရပါမယ်။ ကိုယ်လုပ်မယ့် ဧရိယာမှာ ပြိုင်ဘက်လုပ်ငန်းတူရှိရင် အဲဒီလုပ်ငန်းကို လေ့လာပြီး လုပ်ငန်းတူမရှိရင်တော့ အခြားဧရိယာက လုပ်ငန်းတူကို လေ့လာရပါမယ်။

    🧮 တကယ်လို့ စပ်တူလုပ်ငန်း လုပ်မယ်ဆိုရင် အရင်း ငွေကို Share Point နဲ့ အချိုး သတ်မှတ်ထားပြီး အမြတ်ငွေအချိုးကိုပါ တစ်ခါတည်း သဘောတူညီ သတ်မှတ်ထားဖို့၊ စာရင်းဇယားကို သေသေချာချာ စနစ်တကျလုပ်ဖို့၊ အရင်းငွေကိုလည်း သတ်သတ် မှတ် မှတ် ပြန်လည်ဖယ်ထုတ်နိုင်အောင် ကြိုးစားဖို့ အကြံပြုထားပါတယ်။ Brand တည်ဆောက်ရာမှာလည်း Brand ကို တည်ဆောက်မလား၊ တည်ထောင်သူက ကိုယ့်နာမည်ကို တည်ဆောက်မလားဆိုတဲ့နေရာမှာ Brand ကို တည်ဆောက်ထားမယ်ဆိုရင် ဒီ Brand ကို တည်ထောင်သူ ပြောင်းလဲသွားမယ်ဆိုရင်တောင် Brand က လက်ဆင့်ကမ်း ဆက်လက်ထိန်းသိမ်းနိုင်တာမို့ Brand ကို တည်ဆောက်တာ ပိုသဘောကျတယ်လို့ စာရေးသူအနေနဲ့ ဆိုထားပါတယ်။

    🛒 လုပ်ငန်းစပြီဆိုရင် လုပ်ဆောင်ရမှာတွေထဲက တစ်ခုကတော့ ဝန်ထမ်းခန့်ထားရေးပါ။ ဝန်ထမ်းတွေရဲ့ behaviour တွေက ကိုယ့်လုပ်ငန်းကို ဘယ်လောက်ထိ impact ဖြစ်စေသလဲဆိုတာ ပြောပြထားပါတယ်။ လုပ်ငန်းအတွက် နောက်ထပ် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Marketing ပိုင်းမှာဆိုရင်လည်း online marketing အတွက် မြန်မာနိုင်ငံနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ Facebook Marketing ကို ပြောပြထားပြီး online မှာ interact ဖြစ်ပြီးသား customer တွေကို မြေပြင်မှာ တိုက်ရိုက်ထိတွေ့နိုင်ဖို့ offline marketing အနေနဲ့ Event Marketing အကြောင်း ပြောပြထားပါတယ်။ Offline marketing ရဲ့ အသုံးဝင်မှုကိုလည်း နောက်ပိုင်းမှာ သေချာလေး ပြောပြထားပါသေးတယ်။

    🛍️ လုပ်ငန်းအရှိန်ရလာရင် စနစ်ကျတဲ့ လည်ပတ်မှုပုံစံတစ်ခု တည်ဆောက်ထားဖို့ လိုပါတယ်။ ဒါမှသာ ဝန်ထမ်း အဝင်အထွက်၊ အကူးအပြောင်းတွေမှာ လုပ်ငန်းအပေါ် ထိခိုက်မှုမရှိဘဲ ပုံမှန်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒါကတော့ SOP (Standard Operating Procedure) တည်ဆောက်ဖို့ပါပဲ။ လည်ပတ်မှုကို စနစ်တကျ ထားရှိသင့်သလို စာရွက်စာတမ်းဖြသိတဲ့ Employment contract, JD Form, KPI Form, Job Promotion အစရှိတဲ့ SOD (Standard Operating Documents) တွေကိုလည်း အစရှိသဖြင့် စနစ်တကျ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

    📟 ဒါ့အပြင် လုပ်ငန်းနဲ့ပတ်သက်ပြီး နောက်ထပ်ထည့်သွင်းစဉ်းစားရမယ့် အချက်အလက်များစွာ ဖြစ်တဲ့ –

    ▪ အရင်းကျေမယ့်အချိန်ကို တွက်ချက်တတ်ဖို့
    ▪ လုပ်ငန်းတိုးချဲ့မယ်ဆို လုပ်ဆောင်တတ်ဖို့
    ▪ ငွေကြေးတွက်ချက် သုံးစွဲတတ်ဖို့
    ▪ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ကွန်ရက် ဖြန့်ကျက်တတ်ဖို့
    ▪ မိရိုးဖလာစနစ်ကနေ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းဖို့
    ▪ လုပ်ငန်းရေရှည်တည်တံ့ဖို့
    ▪ အရေးကြီးတဲ့ offline marketing လည်း လုပ်ဆောင်တတ်ဖို့
    ▪ Marketing Plan
    ▪ လုပ်ငန်းရဲ့ progress ကို သိနားလည်ဖို့

    💷 စသဖြင့် လုပ်ငန်းတစ်ခု စတင်လုပ်ဆောင်တော့မယ်ဆိုရင် စပြီး စဉ်းစားရမယ့်အချက်တွေ၊ စပြီဆိုရင် စစချင်း လုပ်ဆောင်ရမှာတွေ၊ အတိုင်းအတာတစ်ခုရောက်ရင် ထပ်မံစဉ်းစားသင့်တာတွေ၊ ဖြစ်လာနိုင်တာတွေ၊ မျှော်မှန်းထားသင့်တဲ့အရာတွေနဲ့ Finance ပိုင်း၊ HR ပိုင်း၊ Online ရော Offline ပါ ခြုံငုံပါဝင်တဲ့ marketing ပိုင်းဆိုင်ရာ အစရှိသဖြင့် လုပ်ငန်းတစ်ခုကို အဖက်ဖက်ကနေ cover ဖြစ်အောင် ရေးသားထားပါတယ်။ ပိုပြီးနားလည်လွယ်အောင်လို့လည်း စာရေးသူက တစ်ပိုင်းချင်းစီမှာ သူ့ရဲ့သင်တန်းကျောင်း လုပ်ဆောင်ခဲ့ပုံတွေကို ဥပမာပေးရေးထားသလို၊ အခြားစီးပွားရေးလုပ်ငန်းဆိုရင် ဘယ်လိုစဉ်းစားကြည့်သင့်တယ်ဆိုတာပါ နမူနာ ပြောပြထားလို့ သီအိုရီချည်းသက်သက် ဖတ်ရမှာမဟုတ်ဘဲ လက်တွေ့အမြင်သဘောတွေ့ပါ မြင်တွေ့ဖတ်ရှုရလို့ ပိုပြီး နားလည်သဘောပေါက်ရပါတယ်။

    📟💷💰🧮🛒🛍️

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

အောင်ကိုဦး(UMK) စာအုပ်များ