ပါမောက္ခချုပ်မိတ်ဆက် (၁+၂+၃) ပေါင်းချုပ်

( 1 မှတ်ချက်)

5000 (ကျပ်)

စာမျက်နှာ

357

စာအုပ်အရွယ်အစား

4.2 x 0.6 x 6.7 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2022 စက်တင်ဘာလ (တေရသမအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

1.9.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 3500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

2 in stock

ပါမောက္ခချုပ်မိတ်ဆက် (၁+၂+၃) ပေါင်းချုပ် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. ‎Pyae Ar Kar‎

    ဒီစာအုပ်လေးဟာ ပါချုပ်ဆရာတော်ကြီး ဟောကြားခဲ့တဲ့ တရားတော်တွေကို ပြန်လည်ပြီး အနှစ်ချုပ် ကောက်နှုတ်ထားတာဖြစ်တယ် ၊ ဒီထဲက မိမိ ကြိုက်နှစ်သက်ရာ အချို့ကို ပြန်လည်ဖော်ပြပါမယ်

    ” တရားနာရင် ကြားဖူးနား၀များတယ် ၊ သုတများလာရင် အသိဉာဏ်ဖြစ်ထွန်းတယ် ၊ ပညာဖြစ်ထွန်းရင် နားလည်လာတယ် ၊ နားလည်မှုရှိရင် ချမ်းသာလာတယ် ” ကျွန်တော် ဉာဏ်မှီသလောက်တွေးကြည့်တဲ့အခါမှာ ဒီလိုအဖြေထွက်တယ် ၊ ကျွန်တော်တို့ တရားတွေ နာတာများလာတဲ့အခါ ဗသုတုသ‌ေတွ ပိုကြွယ်၀လာမယ် ၊ ဗဟုသုတများလာရင် သိချင်စိတ်တွေပိုဖြစ်လာပြီး အမြင်တွေ ကျယ်လာမယ် ၊ အမြင်တွေကျယ်လာတဲ့အခါ တကယ့် တရားသဘောတွေကို ဉာဏ်အသိနဲ့သိလာမယ် ၊ ဉာဏ်အသိနဲ့ သိလာတဲ့စိတ်ဟာ လူ့စိတ်ကို အေးချမ်းစေတယ် …

    ” လူတစ်ယောက် မြင့်မြတ်တယ် ၊ ယုတ်ညံ့တယ် ဆိုတာ အမျိုးဇာတ်နဲ့ မဆိုင်ပါဘူး ၊ သူ့ရဲ့ လုပ်ရပ်ကိုကြည့်ပီးသာ မြင့်မြတ်တဲ့သူ ၊ ယုတ်မာတဲ့သူ ဆိုပီး ခွဲခြားသင့်တယ် ” တဲ့ ၊ ကျွန်တော်တို့ လူအများစုကတော့ များ‌ေသာအားဖြင့် လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာကို ငွေရှိမရှိ ဆိုတာနဲ့ ခွဲကြတယ် ၊ ဒါပေမဲ့ နာမည်ကျန်ရစ်ခဲ့တဲ့ သူတွေကတော့ အများအကျိူးအတွက် စွန့်လွှတ်အနစ်နာခံသွားသူတွေသာ ဖြစ်တယ်

    ” သစ်ကျုတ်စောင့်တဲ့ သီလ ” ဆိုတဲ့ခေါင်းစဉ်လေးဖတ်ပြီး စဉ်းစားသွားတယ် ၊ လူတော်တော်များများဟာ သီလနဲ့ပတ်သက်ရင် သစ်ကျုတ်စောင့်တဲ့ သီလလို ကျင့်သုံးကြတာကို တွေ့ရတယ် ၊ ဥပမာ ဒီအခွင့်အရေးတစ်ခုကို မရသေးခင်မှာတော့ ဒီအခွင့်အရေးကို ငါသာဆို မယူဘူး ဆိုတဲ့ အတွေးမျိုးတွေးတယ် ၊ အခွင့်အရေးကို ကိုယ်ကိုယ်တိုင် ရရင်တော့ နောက်တစ်ခါ ဒီလိုအခွင့်အရေးမျိုးရဖို့မလွယ်ဘူး ဆိုပီး ယူတတ်လိုက်ကြတယ် …

    ” ဗုဒ္ဓဘာသာ၀င်ဆိုတာ ယုံကြည်မှုနဲ့ မျက်စိမှိတ်လက်ခံတာမျိုး မဟုတ်ဘဲ အသိဉာဏ်နဲ့ ဆင်ခြင်လက်ခံတာဖြစ်ရမယ် ၊ အနည်းဆုံးတော့ အနုမာနဆိုတဲ့ ကျိုးကြောင်းဆင်ခြင်ဉာဏ်ရှိရမယ် ” တဲ့ ၊ ကျွန်တော်က ထပ်မံဖြည့်စွက်ပြီး တွေးလိုက်မိတာက ယောနိသော မနသိကာရ ဆိုတဲ့ မှန်ကန်သောအမြင်ရှိရမယ် ၊ ပြီးရင် အပ္ပမာဒေန သမ္မာဒေထ ဆိုတဲ့ မပေါ့မဆ မမေ့မလျော့ နေတတ်ရမယ်လို့ တွေးလိုက်မိတယ်

    တစ်ခုရှိတာက ဉာဏ်စဉ် ရင့်သန်တဲ့ သူတွေအတွက် ဒီစာအုပ်ပါ ကောက်နှုတ်ချက်ကလေးတွေကတင် အလင်းရသွားစေနိုင်ပေမယ့် ပါရမီ အားနည်းသေးတဲ့ သူတွေအတွက်တော့ သေချာလေး နှလုံးသွင်း ဖတ်ကြည့်ဖို့ တိုက်တွန်းအပ်ပါတယ် …

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

လူအောင်(ဝမ်းတွင်း) စာအုပ်များ