အန္တရာယ်

( 1 မှတ်ချက်)

14000 (ကျပ်)

“အမေရိကန်နိုင်ငံရေးသမိုင်းမှာ အဆိုးရွားဆုံ ဖြစ်ရပ်”သမ္မတဒေါ်နယ်ထရန့်ဟာ ရွေးကောက်ပွဲရလာဒ်တွေကို မသမာမှုရှိတယ်ဆိုပြီးငြင်းပါတယ်။သူ့ထောက်ခံသူတွေဟာလည်းကက်ပီတော်လ်အဆောက်အဦးကို ဝင်ရောက်စီးနင်းပါတော့တယ်။အမေရိကန်စီးပွါးရေးတွေကမောက်ကမ ဖြစ်ကုန်သလိုတစ်ကမ္ဘာလုံးက ရင်တထိတ်ထိတ်စောင့်ကြည့်နေရတဲ့ ဖြစ်စဉ်ကြီးပါ။ဒီလိုဖြစ်ရပ်ကြီး ဘာကြောင့်ဖြစ်ခဲ့တာလဲ။ဘယ်သူတွေမှာ တာဝန်ရှိသလဲ။အမေရိကန် ရွေးကောက်ပွဲ၊စစ်တပ်၊ လွှတ်တော်တို့ကနေ ဘယ်လိုရပ်တည်ခဲ့ကြသလဲ။လူပေါင်း ၂၀၀ ကျော်ကို အင်တာဗျူးပါတယ်။စာမျက်နှာ ခြောက်ထောင်ကျော်ရှိတဲ့စစ်တမ်းတစ်ခုထွက်လာပါတယ်။အဆိုပါစစ်တမ်းကို အခြေခံပြီးအခုစာအုပ်ကြီးကိုပြုစုရေးသားထားတာပါ။မူရင်းစာအုပ်ကလည်း စာမျက်နှာ ၆၀၀ ဝန်းကျင်ရှိပါတယ်။ထရန့်ရဲ့ နောက်ဆုံးနေ့နဲ့ဘိုင်ဒင်ရဲ့ အစောပိုင်းနေ့ကာလအပိုင်းအခြားတစ်ခုကိုရေးဖွဲ့ထားတဲ့ စာအုပ်ကြီးပါစိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ပါ။ဒါပေမယ့် အက်ရှင်ရုပ်ရှင်ကားကောင်းတစ်ကားကြည့်နေရသလိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းနေပါလိမ့်မယ်။ဒါကြောင့်လည်း စာအုပ်စထွက်ကတည်းကယနေ့ချိန်ထိ အရောင်းရဆုံးစာရင်းဝင်နေတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။နိုင်ငံရေးနောက်ကွယ်မှာရှိနေတဲ့အကျိုးစီးပွါးတွေ၊ စစ်ရေးတွေကိုပါကွက်ကွက်ကွင်းကွင်းတွေ့ရပါလိမ့်မယ်။မြန်မာဘာသာပြန်စာမျက်နှာ ၇၀၀ နီးပါးရှိပေမယ့် တစ်ချက်လေးမှပျင်းစရာမရှိပါဘူး။စာမျက်နှာတိုင်းဟာ စွဲဆောင်မှုအပြည့်ပါပဲ။ဆရာဝင်းငြိမ်းက လက်စွမ်းပြဘာသာပြန်ထားပါတယ်။

စာမျက်နှာ

681

စာအုပ်အရွယ်အစား

5.5 x 1.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2022 နိုဝင်ဘာလ(ပထမအကြိမ်)

3 in stock

အန္တရာယ် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Anonymous

    English လိုစာအုပ်ဖတ်ဘူးပါတယ် ၊ သမ္မတနှစ်ရောက်ရဲ့အကူးအပြောင်းကဖြစ်ခဲ့တဲ့ ပြသာနာတွေကို ရေးထားတာပါ ၊ အရမ်းစိတ်ဝင်စားစရာကောင်းပါတယ် ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဝင်းငြိမ်း စာအုပ်များ