စိတ်တည်ကြည်ငြိမ်းအေးခြင်းအခြေခံသိမှတ်ဖွယ်ရာများ
3500 (ကျပ်)
ဝိပဿနာဘာဝနာကို အခြေခံကျကျ သိရှိလိုသော လူငယ်များအတွက် ကမ္မဋ္ဌာန်းဆိုတာ၊ သမထဆိုတာ၊ ဝိပဿနာဆိုတာ စသည်ဖြင့် အသေးစိတ်ကျနစွာ ရေးသားပြုစုထားသော စာအုပ်ဖြစ်ပြီး အနုဿတိ ၁၀ ပါး၊ ဓာတ်ကြီး ၄ ပါး၊ အာနပါနအကြောင်းအရာများမှ အစ ဝိပဿနာနှင့်ဆိုင်သော အကြောင်းအရာများကို ဖော်ပြထား ပါသည်။ ထို့အပြင် မိုးကုတ်ဆရာတော်ဘုရားကြီး၊ ဝေဘူဆရာတော်ဘုရားကြီး၊ မဟာစည်ဆရာတော်ဘုရားကြီး တို့၏ ဝိပဿနာကျင့်စဉ်တွေကိုလည်း ဖော်ပြပေးထားပါသည်။ လူ့ဘဝရဖို့ ကုသိုလ်ကံ – ကောင်းသောအမှုကိစ္စ များ ပြုလုပ်ရန် လိုအပ်သည်။ ကုသိုလ်ကံ အထောက်အပံ့ ရမှသာလျှင် လူဖြစ်နိုင်သည်။ ကုသိုလ် အကုသိုလ် ကောင်းမှု မကောင်းမှုတို့ကို ခွဲခြားသိမြင်နိုင်မှ လူဖြစ်စေနိုင်သည့် ကောင်းကံ ကုသိုလ်ကို ပြုလုပ်နိုင်ပေမည်။ ကောင်းကံ ကုသိုလ်တို့ကို ပြုလုပ်အားထုတ်မှသာ လျှင် လူ့ဘဝ နတ်ဘဝ စသည်တို့ကို ရရှိနိုင်ပေသည်။ လူ့ဘဝကို ကုသိုလ်ကံအထောက်အပံ့ကြောင့် ရခဲ့ခြင်း ဖြစ်လေရာ ကုသိုလ်ကံတွေကို ဆက်တိုက်ပြုလုပ်အားထုတ်မှသာလျှင် လက်ရှိဘဝထက် မနိမ့်ကျသော ဘဝတွေဆီ တက်လှမ်းနိုင်မှာ ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ တရားတော်များသည် ကျင့်ကြံသူတို့ကို ဆင်းရဲမှုအပေါင်းမှ လွတ်မြောက်စေနိုင်ပါသည်။ စိုးရိမ်မှု၊ ပူပန်မှု၊ ပူလောင်မှုတို့မှလည်း ချုပ်ငြိမ်း စေနိုင်ပါသည်။ သတ္တဝါတို့၏ စိတ်အစဥ်ကို ကြည်လင်စင်ကြယ်စေနိုင်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ အမြင့်ဆုံး ရည်မှန်းချက် မဂ်ဖိုလ်နိဗ္ဗာန်သို့တိုင်အောင် ပို့ဆောင်ပေးမည့် တရားတော်များဖြစ်ရာ ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြစေရန် ‘စိတ်တည်ကြည်ငြိမ်းအေးခြင်း အခြေခံသိမှတ်ဖွယ်ရာများ’ စာအုပ်တွင် လေ့လာဖတ်ရှုနိုင်ပါသည်။
စာမျက်နှာ | 172 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.3 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | ဆုပြည့်စုံထွန်းစာပေ၊ 2022 ဇွန်လ (ပထမအကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ