ငြိမ်းချမ်းရေးခြေလှမ်းများ (20% OFF)

( 0 မှတ်ချက်)

2400 (ကျပ်)

ငြိမ်းချမ်းရေးဆိုတာ အပြင်ပန်းမှာမရှိသလို ရွေးချယ်ပြီးမှ လက်ဝယ်ရတာမျိုးလည်း မဟုတ်ပါဘူး။ သတိမပြယ် အသိကပ်နေထိုင်ရာက ခြေလှမ်းတိုင်း အသက်ရှူလိုက်တိုင်းမှာ တဖြည်းဖြည်းနဲ့ မွေ့လျော်လာမယ်ဆိုရင် လုံလောက်ပါပြီ…

ယခုစာအုပ်သည် ဗီယက်နမ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး သစ်(ခ)နက်ဟန်ရဲ့ ဟောပြောချက်တွေနဲ့ ရေးသားချက် လက်ရာတွေ စုစည်းထားတာဖြစ်ပါတယ်။ ဆရာတော်ကြီးသည် စာအုပ်ပေါင်း ၁၀၀ ကျော်ကို အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေခဲ့ပြီး ကမ္ဘာတစ်ဝှမ်းပေါ်၌ အုပ်ရေ ၅ သန်းကျော် ရောင်းချထားပြီးဖြစ်ပါတယ်။

‘ငြိမ်းချမ်းရေးခြေလှမ်းများ’ ဟာ ကျွန်ုပ်တို့ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတိုင်းကို သတိတရားဖြင့် ငြိမ်းချမ်းစွာနေထိုင်ဖို့ သတိပေးချက်တွေပါတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ မျက်မှောက်ခေတ်ဘ၀ရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကြားမှာ စိတ်ငြိမ်းချမ်းမှုကို လက်လွတ်ဆုံးရှုံးမခံရစေဖို့ ဆရာတော်ကြီးရဲ့ အရှင်းလင်းဆုံးနဲ့ အပြည့်စုံဆုံး သင်ကြားပို့ချချက်တွေလို့ ဆိုရပါမယ်။

စာမျက်နှာ

152

စာအုပ်အရွယ်အစား

5.5 × 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2021 ဩဂုတ်လ (ပ-ကြိမ်)

19 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ငြိမ်းချမ်းရေးခြေလှမ်းများ (20% OFF)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ညီညီနိုင် စာအုပ်များ