
ပရလောကသားများအတွက် ပရဟိတ
2500 (ကျပ်)
ဗုဒ္ဓဘာသာဝင်တိုင်း ရေစက်ချ၊ အမျှဝေ၊ ကုသိုလ်ပြုခြင်းနဲ့ မစိမ်းကြပါဘူး။ ဝေနေယျသတ္တဝါတွေအတွက်ပဲဖြစ်ဖြစ်၊ မကျွတ်လွတ်သေးသူ ပရလောကသားတွေအတွက်ပဲဖြစ်ဖြစ် ရည်ရွယ်ပြီး ကုသိုလ်ကောင်းမှုပြု ရေစက်ချ အမျှ အတန်းပေးဝေတတ်ကြပါတယ်။ ဒါပေမယ့် အမျှအတန်းပေးဝေခြင်းရဲ့အနက်အဓိပ္ပာယ်ကိုမသိဘဲ ပြုမိလိုက်တဲ့ ကောင်းမှုကုသိုလ်ဟာ ကိုယ့်နဲ့ ကိုယ်ရည်ရွယ်ထားတဲ့သူတွေအတွက် အမှန်တကယ် အပြည့်အဝရနိုင်ပါ့မလား။ သာဓုခေါ်နိုင်ပါ့မလား။ ဒါ့အပြင် ဗုဒ္ဓဘာသာဝင်မဟုတ်သူ ကိုယ့်အသိမိတ်ဆွေတစ်ဦး သေဆုံးသွားပြီး ပြိတ္တာဖြစ်ခဲ့ ရင်ကော အမျှပေးဝေလို့ ရ/မရ၊ သာဓုခေါ်နိုင်/မခေါ်နိုင် … စတဲ့ အကြောင်းအရာတွေကို မေးမြန်းလျှောက်တင်ပုံစံနဲ့ ရေးသားထားပါတယ်။ မြန်မာနိုင်ငံနှင့်သီရိလင်္ကာနိုင်ငံတို့ရဲ့ အမျှဝေပုံကွဲပြားခြားနားမှုအကြောင်းကိုလည်း သုတရဖွယ် ထည့်သွင်းထားပါတယ်။
နည်းမှန်လမ်းမှန်အမျှဝေနည်းနဲ့ ကုသိုလ်ပြုနည်းတွေကို အသေးစိတ်လမ်းညွန်ထားတာကြောင့် ထက်မြက်သောတိဟိတ်ကုသိုလ်ရရှိလိုသူတွေအတွက် အကျိုးရှိစေမယ့်စာအုပ်ေကာင်းတစ်အုပ်ြဖစ်ပါတယ်။
စာမျက်နှာ | 120 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.5 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | PICA Media၊ 2020 ဒီဇင်ဘာလ၊ (ပ-ကြိမ်) |
2 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ