စက္ကူကြိုးကြာ

( 1 မှတ်ချက်)

6500 (ကျပ်)

ဒီစာအုပ်က စက္ကူကြိုးကြာခေါက်နည်း ဆယ့်နှစ်မျိုးကို လေ့လာသင်ယူရင်း၊ သင့်ကို သတိအသိလမ်းစဉ်ဆီခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ လှပစွာသရုပ်ဖော် တင်ဆက်ထားတဲ့ ဝတ္ထုပုံပြင်တွေနဲ့နက်နဲသိမ်မွေ့တဲ့ ရှုမြင်တွေးခေါ်မှုတွေက သင့်စိတ်ကို ဘယ်လိုအရှိန်လျှော့ချပြီး အခိုက်အတန့်တိုင်းမှာ ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေရမယ်ဆိုတာနဲ့ စက္ကူကြိုးကြာခေါက်နည်းက ပိုမိုပျော်ရွှင်ပြီး ပိုမိုမျှော်လင့်ချက်ရှိတဲ့ဘဝကို ဘယ်လိုဆောင်ကြဉ်းပေးတယ်ဆိုတာကို လေ့လာရမှာဖြစ်ပါတယ်။

◽ ဂျပန်နိုင်ငံမှာ စက္ကူကြိုးကြာရုပ်ဟာ ငြိမ်းချမ်းမှု၊ မျှော်လင့်ချက်နဲ့ ကုစားမှုတို့ရဲ့ အမှတ်အသားသင်္ကေတတစ်ခု ဖြစ်ပါတယ်။ ပျော်ရွှင်မှုငှက်ငယ်လေးအဖြစ် လက်ခံယူဆထားပြီး ထူးဆန်းလှပတဲ့ ဒီကြိုးကြာငှက်လေးကို နှစ်ပေါင်းတစ်ထောင် ရှင်သန်တယ်လို့ ယုံကြည်ထားကြပါတယ်။ တကယ်လို့ လူတစ်ယောက်က တစ်နှစ်ထဲမှာ စက္ကူကြိုးကြာအရုပ်ပေါင်း တစ်ထောင်ခေါက်နိုင်ခဲ့တယ်ဆိုရင် ပစ္စည်းဥစ္စာပေါများခြင်း၊ ထာဝရကံကောင်းခြင်း၊ အသက်ရှည်အနာမဲ့ခြင်းနဲ့ ပျော်ရွှင်ချမ်းမြေ့ခြင်းတို့လို၊ လိုရာဆုတစ်ခုဆုတောင်းပြည့်တယ်လို့ ရိုးရာပုံပြင်တွေက ဆိုပါတယ်။

◽ စက္ကူကြိုးကြာရုပ်တစ်ထောင်ခေါက်တဲ့အလုပ်ဟာ ပေါ့သေးသေးအလုပ်တော့မဟုတ်ပါ။ လုပ်ကိုင်လိုတဲ့ ဇွဲ၊ သတ္တိ၊ စူးစိုက်နှစ်မြုပ်မှုနဲ့ ရည်မှန်းချက်တို့ ခိုင်မာဖို့လိုအပ်ပါတယ်။ ခေါက်ရိုးတစ်ခုစီတိုင်းကို သတိကြီးကြီးထားပြီး ခေါက်ရပါတယ်။

◽ စက္ကူကြိုးကြာအရုပ်တိုင်းက စိတ်အားတက်ကြွမှုဖြစ်စေပြီး ဒူပေနာပေခံနိုင်ရည်ကို ပေးပါတယ်။ ဒီခရီးဟာ မျှော်လင့်ချက်၊ မဆုတ်မနစ်ကြိုးစားမှု၊ စူးစမ်းလေ့လာမှု၊ ခွင့်လွှတ်မှုနဲ့ ပျော်ရွှင်မှုခရီးတစ်ခု ဖြစ်ပါတယ်။ စက္ကူကြိုးကြာအရုပ်တစ်ထောင် ခေါက်ခြင်းမှတစ်ဆင့် မိမိတို့ရဲ့စိတ်ကို ပြန်လည်ကုစားဖို့ မိမိတို့နဲ့ လိုက်ဖက်တဲ့ နည်းလမ်းတစ်ခုကို ရှာတွေ့နိုင်ပြီး စစ်မှန်တဲ့ပျော်ရွှင်မှုကို ရရှိခံစားနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

◽ သတိအသိ(Mindfulness)ဆိုတာ ပစ္စုပ္ပန်မှာ ရှင်သန်နေထိုင်ခြင်းဖြစ်ပါတယ်။ စိတ်အရှိန်ကို ဖြေလျှော့ပြီး ဖြစ်ပေါ်လာတဲ့အခိုက်အတန့်တိုင်းကို တစ်စုံတစ်ရာဝေဖန်ပိုင်းခြားမှုမလုပ်ဘဲ ဖြစ်ပေါ်လာတဲ့အတိုင်း အပြည့်အဝနှစ်မြုပ်မွေ့ပျော်ခြင်းဖြစ်ပါတယ်။ စက္ကူကြိုးကြာရုပ်ခေါက်ခြင်းဟာ ချစ်စဖွယ် သတိအသိကျင့်ကြံအားထုတ်မှုအလေ့အထကောင်းတစ်ခုဖြစ်ပါတယ်။ ဒါဟာ စက္ကူကြိုးကြာစာအုပ်ရဲ့ လက်ဆောင်မွန်တစ်ခုဖြစ်ပါတယ်။

စာမျက်နှာ

176

စာအုပ်အရွယ်အစား

5.8× 0.4 × 8.2 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာအုပ်တိုက်၊ 2024 ဇွန်လ (ပထမအကြိမ်)

14 in stock

စက္ကူကြိုးကြာ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Kalyarminn

    မျှော်လင့်ချက်မဲ့နေသူတွေ Healing လုပ်ဖို့ခက်ခဲနေတဲ့သူတွေအတွက် တကယ်ကိုဖတ်သင့်တဲ့ စာအုပ်လေးတစ်အုပ်ပါ။ အရာရာကို အလောတကြီးမလုပ်ဖို့ သင်ခန်းစာလည်းရရှိခဲ့ပါတယ်။ တကယ်ကိုကောင်းတဲ့ စာအုပ်လေးတစ်အုပ်ပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဆန်းဝင်း (ပြိုင်းချောင်း) စာအုပ်များ