အကုသိုလ်ပန်းတွေလန်းတဲ့အချိန်

( 0 မှတ်ချက်)

5000 (ကျပ်)

ဦးတည်အကြောင်းအရာကို မြင် မြင်သည့်အတိုင်း၊ တွေ့ တွေ့သည့်အတိုင်း၊ ခံစားရ ခံစားရသည့်အတိုင်း ပထမစိတ်ကို ဒုတိယစိတ်က လိုက်၍ကြည့်ကာ ရေးသားထားသော ပို့စ်မော်ဒန်ဆန်သည့်စာများ ဖြစ်သည်။

“ခင်ဗျားတို့က ရယ်ပဲရယ်တတ်ကြတယ်” တွင် ပညာမဲ့လောက အမှောင်ထဲရှိ အသေမှတ်ထားတာချင်း မတူသည့် လူတစ်ယောက်နှင့်တစ်ယောက် အမုန်းတရားများ၊ တစ်ဖက်ပိတ်အလေ့အထများဖြင့် လှောင်ပြောင်ရယ်မောနေကြရင်း အချိန်ကုန်နေကြပုံကို နှိုင်းနှိုင်းဆဆ ရယ်ရယ်မောမောဖြင့်တင်ပြထားသည်။

“အကုသိုလ်ပန်းတွေ လန်းတဲ့အချိန်” တွင် သတ္တလောက၊ သဘာဝလောကများ၏ လည်ပတ်ရှင်သန်နေပုံ၊ လူတစ်ယောက်၏ သေခြင်း၊ရှင်ခြင်း၊ ဘဝအပေါ်ခံယူချက်များကို တစ်ဖက်လှည့်အတွေး၊ ဆန့်ကျင်ဘက်အတွေးများဖြင့် ပုံဖော်တင်ပြထားသည်။ ဘာသာရေးအမြင်ဟု ထင်ယောင်ရအောင်လည်း သံသရာနှင့် အတွေးအား စိတ်စေရာနောက်လိုက်စေရင်း စီးဝင်နစ်မျောသည့် အမြင်ဖြင့် စာရေးသူ၏ ဒဿနအမြင် အတွေးများကို ခပ်သွက်သွက်ကလေး ကူးလာခေါက်တုံ့ တင်ပြထားသည်။

နှစ်ဆယ်ရာစု အနောက်တိုင်းစာပေသမိုင်းတွင် “အတွေးလွန်စာပေ” ခေတ်တစ်ခေတ်ကို ဦးဆောင်ခဲ့သည့် အာဂျင်တီးနားလူမျိုး ဝတ္ထုရေးဆရာ ဟောဟေး လွိစ်ဘော်ရှက်နှင့် အရေးကြီးသည့် ပို့စ်မော်ဒန်နစ်တစ်ဦးဖြစ်သည့် အိုင်းရစ်လူမျိုး ပြဇာတ်ရေးဆရာ၊ ဝတ္ထုဆရာနှင့် ကဗျာဆရာဖြစ်သော ဘက်ကက်တို့အကြောင်းကို သူတို့၏ စာပေလက်ရာမွန်များဖြင့် မိတ်ဆက်ဖော်ပြထားသည်။

စာမျက်နှာ

156

စာအုပ်အရွယ်အစား

5.8 x 0.3 x 8.7 inches

ပုံနှိပ်မှတ်တမ်း

Myanmar heritage၊ 2022 ဧပြီလ (ပထမအကြိမ်)

5 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အကုသိုလ်ပန်းတွေလန်းတဲ့အချိန်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

နရီမင်း စာအုပ်များ