ပန်းဆိုင်

( 1 မှတ်ချက်)

6000 (ကျပ်)

ကျွန်မတို့ အိမ်ကနေ သုံးမိနစ်လောက် စက်ဘီးနင်းလာခဲ့အပြီးမှာ ခပ်ပြေပြေ ကုန်းဆင်းလေးတစ်ခုရှိတယ်။ အဲဒီကုန်းဆင်းပြီး လမ်းလေးရဲ့ တစ်ဖက်တစ်ချက်မှာတော့ ဂန္ဓမာပန်းခင်းကြီးတွေ ရှိပါတယ်။ ပန်းခင်းကြီးတွေ ကျော်လွန်လို့ ပထမဆုံးတွေ့ရတဲ့ လမ်းချိုးကလေးကတော့ ကျွန်မ ခြံက ပန်းတွေ သွားပို့ရမဲ့ ဈေးတွေဆီကို သွားရမဲ့ လမ်းကလေးပါပဲ။ မလေးရှားပိတောက်ပင်တွေ စီရီမှိုင်းပျစွာ ရှိနေတဲ့ လမ်းကလေးပါ။ ရွှေ ဝါရောင်ဝတ်ဆံတွေ ပြန့်ကျဲနေတဲ့ လမ်းလေးပေါ့။ ကျွန်မရဲ့ သုံးဘီးကို အရှိန်နဲ့ ဖြတ်မောင်းတဲ့အခါ လမ်းမပေါ်က အဲဒီရွှေဝါရောင်ဝတ်ဆံတွေ ဟာ လွင့်ခနဲ လွင့်ခနဲ ပျံဝဲသွားတတ်ကြတယ်။ ဒီအရာတွေ ဒီလမ်းတွေ ဟာ ကျွန်မအတွက်တော့ အထူးတလည်ဖြစ်နေတဲ့ အရာတွေတော့ မဟုတ်ခဲ့ပါဘူး။ နေ့စဉ်ဖြတ်သွားဖြတ်လာ သမားရိုးကျအရာတွေပါပဲ။ အင်း ! အဲဒီလမ်းကလေးထဲကို ပန်းဆိုင်လေးတစ်ဆိုင်ရောက်မလာခင်အထိပေါ့။

ယခုစာအုပ်ထဲတွင် ပန်းဆိုင်အပါအဝင် ဝတ္ထုတို (၁၀)ပုဒ်ပါဝင်ပြီး ပါဝင်တဲ့ ဝတ္ထုတိုတစ်ပုဒ်ချင်းစီတိုင်းအတွက် အတွင်းပန်းချီတွဲဖက်ပါဝင်ပါတယ်။

စာမျက်နှာ

161

စာအုပ်အရွယ်အစား

5.3 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2023 နိုဝင်ဘာလ (ဒုတိယအကြိမ်)

6 in stock

ပန်းဆိုင် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    အဲ့ဒီလူကို ပျော်ရွှင်စေချင်တယ်။
    သူပျော်နေတယ်ဆိုရင်
    ကျွန်မလည်း ပျော်တယ်။
    (နီနီ)

    အမောင့်စာအုပ်လေးဖတ်ပြီးသွားပြီ
    အေးမြတဲ့ချစ်ခြင်းမေတ္တာလေးတွေကို
    ခံစားမိတယ်နာမည်လေးတွေကိုက
    ကိုယ့်အကြိုက် “ကြည်ပြာရောင်နေ့စွဲ”
    “တိမ်ပြာပြာနေ့တစ်နေ့”
    “ရေစက်ကြည်လင်” “ပန်းဆိုင်” ဒါမျိုးလေးတွေ🥰 ရင်ထဲမှာအကျန်ခဲ့ဆုံး
    ကတော့”ပန်းဆိုင်”လေးပါ တစ်ယောက်ကချစ်တဲ့သူကိုပျော်စေချင်သတဲ့ တစ်ယောက်က ချစ်ခြင်းမေတ္တာကြောင့်ရှင်သန်လိုစိတ်ပေါ်လာသတဲ့….အခုတော့ စာဖတ်သူကျွန်မ “နီနီ”နဲ့အတူ
    လွမ်းကျန်ခဲ့ရပါပြီ💛

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နွေအိမ်မောင်ဝင်း စာအုပ်များ