ပန်းပျိုးနည်း သံမဏိစည်းမျဉ်းများ (၂)

( 0 မှတ်ချက်)

4000 (ကျပ်)

“ကိုယ့်ကလေးကို တည်ငြိမ်ပျော်ရွှင်တဲ့ လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းလာစေမယ့် နည်းမှန်လမ်းမှန်ပေါ် ရောက်ဖို့ ဘာတွေ ပြောရမလဲ၊ ဘာတွေ လုပ်ရမလဲ ဆိုတာ သိရှိအောင် ရှာဖွေကြရတယ်။ အဲဒီလို ရှာဖွေရင်း ခရီးလမ်းတစ်လျှောက် စိတ်ပျက်လက်ပျက် ဖြစ်ရတာတွေ၊ လက်မှိုင်ချရတာတွေ၊ စိတ်ရှုပ်ထွေးရတာတွေ၊ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ဆန်းစစ်ရတာတွေကလည်း ရှိလာဦးမှာ အသေအချာပါပဲ။ ဒီစာအုပ်ဟာ အဲဒီအကြောင်းအရာတွေအကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်” လို့ မူရင်းစာရေးသူ ရစ်ချာ့ဒ်တမ်ပလာက အမှာစကား ဆိုထားပါတယ်။

“စာအုပ်အမှတ် (၁) မှာတုန်းက အပိုင်း(၁) ဆင်ခြင်တုံတရားရှိခြင်း စည်းမျဥ်းများ၊ အပိုင်း(၂) ခံယူချက်သဘောထားစည်းမျဥ်းများ၊ အပိုင်း(၃) နိစ္စဓူဝစည်းမျဥ်းများ ဆိုတဲ့ အပိုင်းသုံးပိုင်းနဲ့ မိဘတွေ လိုက်နာကျင့်ကြံဖွယ်ရာ ကလေးပြုစုပျိုးထောင်ရေးစည်းမျဥ်းတွေကို ဖော်ပြခဲ့ပါတယ်။ ဒီစာအုပ်အမှတ် (၂)မှာတော့ အပိုင်း (၄) စည်းကမ်း ကြပ်မတ်ခြင်းဆိုင်ရာစည်းမျဥ်းများ၊ အပိုင်း(၅) ကိုယ်ရည်ကိုယ်သွေး ဆိုင်ရာစည်းမျဥ်းများ၊ အပိုင်း(၆) ညီအစ်ကိုမောင်နှမစည်းမျဥ်းများ၊ အပိုင်း(၇) ကျောင်းနေအရွယ်စည်းမျဥ်းများ ဆိုပြီး အပိုင်းလေးပိုင်း ပါဝင်ပါတယ်။

အဆက်ဆိုပေမဲ့လည်း စာအုပ်အမှတ် (၁) ပြီးမှ (၂) ဖတ်ရမယ်၊ (၂) ပြီးမှ (၃) ဖတ်ရမယ် ဆိုတာမျိုး မဟုတ်ပါဘူး။ ဘယ်စာအုပ်ကိုပဲ အရင်ဖတ်ဖတ်၊ တစ်အုပ်ချင်းစီမှာလည်း ဘယ်အပိုင်းကိုပဲ အရင် ဖတ်ဖတ်၊ တစ်ပိုင်းချင်းစီမှာလည်း ဘယ်စည်းမျဥ်းကိုပဲ အရင်ဖတ်ဖတ် ဖတ်လို့ရပါတယ်။ တစ်ပုဒ်ချင်း တစ်ပိုဒ်ချင်းစီ၊ စည်းမျဥ်းတစ်ခုချင်း တစ်ခုချင်းစီကို ဖတ်ပြီးတိုင်းမှာလည်း တန်ဖိုးရှိတဲ့ အသိအမြင်တစ်ခုခု ရရှိသွားလိမ့်မယ်၊ စိတ်ကျေနပ်မှု ရရှိသွားလိမ့်မယ် ဆိုတာ ကျွန်တော် ရဲရဲကြီး အာမခံရဲပါတယ် ခင်ဗျာ” လို့ မြန်မာပြန်သူ ဆရာကောင်းမြတ်က မိတ်ဆက်ပေးထားပါတယ်။

စာမျက်နှာ

185

စာအုပ်အရွယ်အစား

5.3 × 0.2 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ဆုရောင်စဉ်စာပေ ၂၀၂၂၊ ဩဂုတ်လ (ပ-ကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပန်းပျိုးနည်း သံမဏိစည်းမျဉ်းများ (၂)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကောင်းမြတ် စာအုပ်များ