ပလီဇာချဲ့ လှိုင်းရဲ့သံဇဉ်

( 1 မှတ်ချက်)

4000 (ကျပ်)

🌊 ပင်လယ်နဲ့ပတ်သက်တဲ့ စာအုပ်လေးတွေကို ဖတ်ချင်နေတဲ့ စာချစ်သူများအတွက် ပန်းဆက်လမ်းစာပေကနေ ဆရာမကြီးမိချမ်းဝေရဲ့ ပလီဇာချဲ့ လှိုင်းရဲ့သံစဉ် ဆိုတဲ့ ပင်လယ်၀တ္ထုတိုများ စုစည်းမှုလေးကို ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေပေးလိုက်ပါပြီ ..

🌊 မြန်မာစာပေလောကမှာ ပင်လယ်နဲ့ပတ်သက်ပြီး ထွက်ခဲ့တဲ့ စာအုပ်တွေဟာ အနည်းအကျဉ်းသာရှိတယ်လို့ ပြောလို့ရပါတယ် ..

🌊 မြန်မာစာပေလောကရဲ့ နည်းပါးနေတဲ့ ပင်လယ်၀တ္ထုတွေ ရေးသား‌ပေးနိုင်ဖို့ ဆရာမကြီး မိချမ်းဝေဟာ မိန်းမသားတန်မဲ့ ပင်လယ်ပြင်ထဲ အသက်နဲ့ရင်းကာ စွန့်စားသွားလာပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ် ..

🌊 သူမရဲ့ အတွေ့အကြုံတွေကို ခံစားရေးဖွဲ့ကာ အကောင်းဆုံး ထုတ်ဖော်တင်ပြနိုင်ခဲ့တာကြောင့် ပင်လယ်ပြင်နဲ့ပတ်သက်တဲ့ အကြောင်းတွေကို လူသိများလာခဲ့ပါတော့တယ် ..

🌊 ဒီစာအုပ်ဟာ ပင်လယ်ပြင်မှာရှိတဲ့ လူမှုဘ၀ ရှုခင်းတွေကို မြင်တွေ့နိုင်ပြီး ခံစားမှုရသ အမျိုးမျိုး အဖုံဖုံကိုလည်း ပေးစွမ်းနိုင်တဲ့ ပင်လယ်၀တ္ထုစစ်စစ် စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ် ..

🌊 “မြိတ်” မြို့တစ်မြို့တည်းမှာ သင်္ကြန်နားနီးရင် ကပြလေ့ရှိတဲ့ “ကျား”ကပွဲအကြောင်း ၊ ကျားဆက်ပါသူဟာ တစ်နှစ်တစ်ကြိမ် “ကျား”မကပါက ကျားစိတ်ပေါက်လာတတ်ပြီး တောထဲ၀င်ပြေး သေဆုံးတတ်ကြတယ်ဆိုတဲ့ ရိုးရာ စွဲလမ်းယုံကြည်မှု တစ်ခုအကြောင်းကလည်း သဘာ၀လွန် ဖြစ်ရပ်ဆန်း တစ်ခုအဖြစ် တအံ့တဩ မြင်တွေ့ရမှာပဲ ဖြစ်တယ် ..

🌊 ပင်လယ်မှာရှိတဲ့ လူမှုဘ၀ ရှုခင်းတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာပြီး တူးဆွရေးသားခဲ့တာကြောင့် ……
ဆရာကြီးလူထုစိန်၀င်းက ဆရာမကြီးမိချမ်းဝေကို
” ပထမ အမျိုးသမီး ပင်လယ်တံငါစာရေးဆရာ ” လို့ ချီးကျူးခဲ့ပါတယ် ..

စာမျက်နှာ

216

စာအုပ်အရွယ်အစား

5.5 × 0.5 × 8.3 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2021 စက်တင်ဘာလ (ပ-ကြိမ်)

15 in stock

ပလီဇာချဲ့ လှိုင်းရဲ့သံဇဉ် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Khin Thida Htaik

    #ပန်းရိုင်းကြွေလွင့်
    တံငါရွာငယ်ကလေးက အရိုင်းပန်းကလေး
    တစ်ပွင့်ဖြစ်တဲ့ မိုးစံ။ မိန်းမငယ်ကလေးဆိုပေမယ့် အိမ့်အတွက် အားကိုးအားထားပြုရတဲ့
    ကလေးမလေးပါ။ အားကိုးရတာမှ ယောကျ်ား
    ကလေးတစ်ယောက်လိုပါပဲ။ အဖေမရှိတော့ရှာ
    တဲ့အိမ်ကလေးမှာ သူမဟာ အလိုလိုနေရင်း
    အဖေ့နေရာကလေးကို အမွေဆက်ခံရှာပါတယ်။
    အဖေ့အမွေဖြစ်တဲ့ ဂွေးဖောင်ကလေးကျန်ရစ်
    တာမို့ တစ်ဝမ်းတစ်ခါးအတွက်ကတော့
    ပူပန်စရာမလိုဘူးဆိုရဲ့။ နာမည်ကလေးကသာ
    မိုးစံ ဆိုပေမယ့်၊မိုးစံဘဝကလေးကတော့
    အမြင့်မှာမစံခဲ့ရရှာပါဘူး။ ရွာကျောင်းကလေး
    ရဲ့ ခိုင်းဖော်၊ ခိုင်းဖက်ကလေးပေါ့။ အိမ်သာကလေး ဆေးလိုက်ပါဦးဆိုလည်းဆေးရဲ့၊
    ဟိုဟာလေး သည်ဟာလေး ဝယ်ပေးပါဦး
    ဆိုလည်း အပြေးကလေးဝယ်လိုက်နဲ့
    ကျောင်းရဲ့ လက်တိုလက်တောင်း ခိုင်းစရာ
    ကောင်မလေးဖြစ်လို့နေပါရော။ ဒါပေမယ့်
    သူမကလေးဟာ သည်လိုအလုပ်တွေလုပ်ရတာကိုပဲ ကျေနပ်ပျော်ရွှင်နေတတ်ခဲ့သူ။ အရင်းခံ
    ကိုစစ်လိုက်တော့ မြို့သား၊ သူဌေးသားလေး
    ဖြစ်တဲ့ ဆရာလေး(သူမအခေါ် အစ်ကိုလေး)
    ရှိနေခဲ့တာကိုး။ ကံအကြောင်းတိုက်ဆိုင်စွာ
    အစ်ကိုလေးနဲ့ ဖူးစာဆုံခွင့်ရခဲ့ပေမယ့်၊
    ကံအကြောင်းမလှတဲ့အချိန်မှာတော့ ဓနဂုဏ်
    မောက်တဲ့ အစ်ကိုလေးတို့အသိုင်းအဝိုင်းထဲ
    ကနေ သူမထွက်ပြေးလာခဲ့တယ်။ နောက်ဆုံး
    တော့လည်း အရိုးခံ အရိုင်းပန်းကလေးဟာ
    အိမ်အပြန်လမ်းတစ်ဝက်မှာတင်ပဲ၊အသက်ဆုံးခဲ့ရရှာတယ်။
    ကျွန်မတို့မမြင်နိုင်တဲ့ စည်းတစ်ဖက်မှာ
    တော့ မိုးစံတစ်ယောက် သူမချစ်တဲ့ တံငါရွာ
    ငယ်ကလေးဆီ အပြေးကလေးပြန်လို့
    ဂွေးဖောင်ကလေးချရင်း ဂွေးကောင်ကလေး
    တွေနဲ့ စိမ်းစားငါးပိကလေးတွေ လုပ်ချင်
    လုပ်မှာပေါ့။ ဒါမှမဟုတ်လည်း မောင်ငယ်
    လေးနှစ်ယောက်နဲ့အတူ ရွာရိုးကိုးပေါက်လျှောက်လို့ခရုရှာချင်လည်း ရှာနေမှာ။ ကျွန်မအလိုသာဆိုရင်တော့၊ မိုးစံကလေးကို ရွာရဲ့အရိပ်ကလေးမှာပဲနေစေခဲ့မိမှာ။ အဲသလောက်ထိ၊ အရိုးခံ
    မိုးစံကလေးကိုကျွန်မ ချစ်ခင်သနား၊ နှမျောမိခဲ့ရတာပဲ။

    #ဒဘယ်လ်အီး(EE)

    ပုလဲငုပ်ခြင်းနဲ့ ပတ်သတ်လို့ ဗဟုသုတတွေ
    အများကြီးရစေတဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ။
    ပထမဦးဆုံး ပုလဲမွေးမြူရေးလုပ်ငန်းကို
    မြိတ်မြို့အနောက်တောင်ဘက်၊ မိုင် ၉၀ အကွာ
    မှာရှိတဲ့ “ဒိုမေ” ဆိုတဲ့ ကျွန်းကြီးမှာ စတင်လုပ်
    ကိုင်ခဲ့လို့ “မြန်မာ့ပုလဲအစ၊ ဒိုမေ” ကလို့တောင်
    ပြောလို့ရနိုင်သတဲ့။ ပုလဲငုပ်ဖို့ဆိုရင် ရေငုပ်
    ဒိုင်ဗာလိုမှာပေါ့။ သည်ထဲမှာ ရေငုပ်ဒိုင်ဗာတစ်
    ယောက်ဖြစ်တဲ့ သူရိန်ဆိုတဲ့ ဇာတ်ကောင်ကလေး
    နဲ့ ဇာတ်လမ်းတည်ထားပါတယ်။ သူရိန်ဆိုတာ
    ကလည်း ဒိုင်ဗာကောင်းဖြစ်တဲ့ ဖိုးဒိုင်ဗာရဲ့ မြေး
    ကလေးမဟုတ်လား။ သည်မြေးကလေးဟာ
    ငယ်ကတည်းက အဖိုးဖြစ်သူရဲ့ ဒိုင်ဗာပုံပြင်
    တွေနဲ့ ကြီးပြင်းခဲ့ရသူမို့ ကြီးလာတဲ့အခါ
    အဖိုးလို ဒိုင်ဗာကောင်းတစ်ယောက်ဖြစ်ခဲ့တယ်ပေါ့လေ။
    အဖိုဘက်ကအပြား၊ အစ်မဘက်ကအခုံး၊
    နှစ်ခြမ်းအုပ်မှတစ်ကောင်ဖြစ်တဲ့ မုတ်ကောင်
    ကလေးတွေကို မျက်စိနဲ့ခန့်မှန်း၊ ခြောက်လက်မ၊
    ရှစ်လက်မကောင်တွေကို ခြင်းထဲထည့်၊
    ရေမှာချပြီး မြုံးလှောင်၊ ကျန်တဲ့ ဒဘယ်လ်အီး
    (EE) တစ်နည်းအားဖြင့် အားနည်းနေတဲ့ မုတ်ကောင်အဘိုးအိုတွေကိုတော့ အခွံချည်းသက်သက် ရောင်းဖို့ဖယ်ထားသတဲ့။
    သြော်၊အခုမှ ခေါင်းစဥ်ကိုသဘောပေါက်တော့
    တယ်။ လက်စသတ်တော့ သူရိန်က သူ့အဖိုး
    ကို ဖိုးဒိုင်ဗာကို ဒဘယ်လ်အီး(EE) ရယ်လို့
    ချစ်စနိုးနဲ့ခေါ်တာရယ်ကိုး။
    သည်အပုဒ်ကလေး ဖတ်ပြီးတဲ့အခါ ကျွန်မ
    ကိုယ်တိုင် မြိတ်ကျွန်းစုသွားပြီး ပုလဲ ငုပ်လိုက်
    ရသလိုပါပဲ။ သိပ်လှတဲ့ ပင်လယ်ကဗွီးပင်တွေ၊
    သဲသောင်ဖြူလွလွကလေးတွေ၊ ကမ်းစပ်ပျော်.ငှက်ကလေးတွေ၊ ဟိုးပင်လယ်ရေအောက်
    က သန္တာနီ၊ သန္တနက်၊ ကျောက်ပန်း၊ ကျောက်ခတ်လှလှကလေးတွေဟာ ကျွန်မရဲ့ အတွေး
    ဂယက်ထဲ တဝဲလည်လည်နဲ့။

    #မာယာကောင်းကင်
    မြိတ်ဘက်က ရွာကလေးတစ်ရွာစီ ခက်ခက်
    ခဲခဲနဲ့ အလုပ်လာလုပ်တဲ့ စိန်မျက်ခုံးဆိုတဲ့ဆရာမလေးတစ်ယောက်အကြောင်း။ သည်
    ဝတ္ထုကလေးကိုဖတ်ရတော့ ထားဝယ်က
    ချစ်ရတဲ့ ညီမလေးဆရာမကို ပြေးမြင်မိပါတယ်။ သူဆိုရင်လည်း ကျောင်းဖွင့်ရက်တွေ(အရင်က)
    ဆိုရင် ပင်လယ်ပြင်ထဲ လှေကလေးနဲ့ ပုံ
    ကလေးတွေတက်လာရင် ကျွန်မမယ်၊ ပုံ
    ကလေးကြည့်ပြီး စိတ်ပူဆုတောင်းရတာအမော
    ပေါ့။
    မြိတ်ကို လက်ထောက်မြို့နယ် ပညာရေးမှူး
    ခေါ်စာကလေးကိုင်လို့ ရောက်သွားတဲ့ဆရာ
    မကလေးဟာ ဟိုရောက်တော့ အလုပ်ကရှိ
    မနေဘူး။ အိမ်ကလည်း အစကတည်းက သူမကို
    အိမ်နဲ့ ဝေးလံခေါင်သီတဲ့အရပ်ကို မသွားစေ့
    ချင်ဘူးလေ။ အထူးသဖြင့် အမေဖြစ်သူပေါ့လေ။ အဲ့သည်မှာ အစ်ကိုတွေ၊ မောင်တွေက
    “ပူမနေပါနဲ့ အမေရာ၊ အမေ့သမီး ဇီဇာကြောင်
    (အစားအသောက်)ပုံမျိုးနဲ့ မနေနိုင်တဲ့အခါ
    ပြန်လာလိမ့်မပေါ့” ဆိုတဲ့အပြောမျိုးပြောထား
    လေတော့၊ အိမ်ကိုလည်း မပြန်ချင်ဘူး၊ငယ်ရွယ်သူမာနကလေးကလည်း တင်းခံနေတာကိုး။
    သည်တော့ ရောက်ရာပေါက်ရာသွားမယ်၊
    ရတဲ့ရွာသာပေးပါတော့ဆိုပြီး ဇွတ်တရွတ်ထွက်
    လာခဲ့တယ်ဆိုပါတော့။
    ပင်လယ်လေကြောင်းရော၊ ရေကြောင်းပါဆုံ
    တဲ့ ရှင်မော်ဆိုတဲ့နေရာလေးကို လှေကလေး
    အဖြတ်မှာတော့ ပင်လယ်လှိုင်းလုံးတွေကြား
    ကျွန်မပါ မူးမော်ကြောက်လန့်သွားရတော့တာ။
    ကျွန်မအတွက်တော့ သည်ဇာတ်လမ်းရဲ့ တန်ပို
    အမြင့်ဆုံးနေရာကလေးပါပဲ။

    ဝတ္ထုတိုကလေးတွေ ၁၆ပုဒ်တောင်ပါပါတယ်။
    သည်လိုကာလမှာ အိမ်မှာနေရင်း ပင်လယ်
    ကမ်းခြေကလေးဆီ ခရီးရှည်ထွက်ချင်တဲ့သူ
    တွေအတွက် သည်စာအုပ်ကလေးကို ဖတ်ကြည့်ဖို့ ညွှန်းဆိုချင်ပါတယ်။ ခရီးရှည်ထွက်ရုံမက
    ရေပါငုံ့လို့ရပါသေးတယ်။ ကျွန်းတွေလည်း
    ကိုယ်ကြိုက်တဲ့ကျွန်းရွေးလို့ရပါသေးရဲ့
    လန်ပိကျွန်းကိုလား၊ ပုလဲကျွန်း(ဖိုးမောင်ဆောင်
    ကျွန်း)ကိုလား၊ ဒါမှမဟုတ်၊ အလည်မန်ကျွန်းကို
    လား၊ ရွေးစရာတွေမှ တကယ့်ကို အများကြီးပါ
    ပဲ။
    အရင့်အရင်တွေက ပြောခဲ့ဖူးသလိုပါပဲ၊
    ကျွန်မဟာ ရေမကူးတတ်ပေမယ့်၊ ရေကိုမြင်
    ရင် သူမတူအောင်ပျော်တတ်တဲ့သူပါ။ အခုတော့
    ရေပြင်ကို မှီတည်ပြီး အသက်မွေးဝမ်းကြောင်းပြုရတဲ့ ပင်လယ်တံငါဝတ္ထုကလေးတွေကို
    ဖတ်ခွင့်ရတာမို့ ပျော်ရုံမက အင်မတန်လည်း
    ကျေနပ်မိပါတယ်။ သည်လိုစာအုပ်ဆိုတာ
    စိတ်ကူးယဥ်ပြီးတော့လည်း ရေးလို့ရတာမျိုး
    မဟုတ်ဘူးမို့လား။ သည်တော့ ပင်လယ်ပြင်ဆီ
    ကိုယ်တိုင်ဆင်းလို့၊ သေသေချာချာလေးရေးပေး
    တဲ့ ဆရာမ မိချမ်းဝေကိုလည်း ကျေးဇူးတင်ရှိ
    ကြောင်း တခုတ်တရ ဆိုပါရစေ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မိချမ်းဝေ စာအုပ်များ