နာကျင်ရပ်ဝန်း

( 0 မှတ်ချက်)

4500 (ကျပ်)

စောင့်နေတာသေချာတယ်ဆိုရင် ပြန်လာမယ့်သူတွေရှိသလို ပြန်လာမှာသေချာရင် စောင့်နေမယ်သူတွေလည်းရှိပါတယ်။

ဘဝမှာ ကြုံခဲ့တွေ့ခဲ့ရတဲ့ နာကျင်စရာအခိုက်တန့်တွေနဲ့ ပျော်ရွှင်စရာနေ့ရက်တွေဆိုတာ လူတိုင်းမှာ ရှိခဲ့ကြမှာပါ။ ဒီစာအုပ်လေးထဲမှာလည်း လူငယ်ပီပီ ခံစားခဲ့ရတဲ့ နာကျင်မှုတွေနဲ့ ပျော်ရွှင်စရာ အခိုက်တန့်တွေကို ရေးထားတာဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လာတဲ့အခါ ၊ လူတစ်ယောက်ကို မြတ်မြတ်နိုးနိုး ချစ်မိသွားတဲ့အခါ ၊ မိမိတို့ချစ်တဲ့ တစ်စုံတစ်ယောက်က မိမိတို့ကို အလေးမထားတဲ့အခါ ၊ ဂရုမစိုက်တဲ့အခါ ဝမ်းနည်းရပြီး နောက်ဆုံး အဲ့ဒီလူ တစ်ယောက်နဲ့ ဝေးသွားရတဲ့အခါ အသည်းကွဲရမှာပဲ မဟုတ်လား။  အတိတ်တွေဆိုတာ မေ့ထားလို့ပဲ ရပါတယ် မေ့ပစ်ချင်လို့ မရပါဘူး။ တိုက်ဆိုင်မှုတွေရှိလာတိုင်း ကိုယ်သိပ်ချစ်ဖူးတဲ့ တစ်စုံတစ်ယောက်ကို သတိရမိတာပဲ မဟုတ်လား ။ ဒါပေမယ့် ကျွန်တော်တို့တစ်တွေ တစ်စုံတစ်ယောက်ကို ပြန်မလိုချင်တော့ပါဘူး။

Social media ပေါ်မှာ ဖတ်ဖူးတဲ့ စာလေးတစ်ခုလိုပေါ့ ” တောအုပ်ထဲကို မင်းသွားတဲ့အခါ အဲဒီနေရာကိုပဲ ထပ်ခါထပ်ခါ ပြန်ရောက်နေရင် မင်းမျက်စိလည်နေတာ ” တဲ့ ။
လမ်းလျှောက်နေရင်း လမ်းပျောက်ခဲ့ရတဲ့နေ့ရက်တွေ၊ အချစ်ခံဖို့ ကြိုးစားရင်း အချစ်မခံခဲ့ရတဲ့အချိန်တွေ အဲသည်လိုမျိုးကာလတွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာလို့ မရအောင် ပျောက်ဆုံးခဲ့ဖူးတယ်။ နောက်ပြီး ဘယ်လို ဆက်ဆံရေးမဆို လွယ်လင့်တကူ ပျက်စီးတက်ကြောင်းကိုလဲ သိရှိခဲ့ပြီးပြီ။ ဒီနေ့ နေသာပေမဲ့ မနက်ဖြန်မှာ မိုးရွာချင် ရွာနိုင်တာပဲလေ ကိုယ့်ကိုအချစ်ဆုံးပါလို့ ပြောတဲ့သူတွေကလည်း မနက်ဖြန်မှာ အခြားတစ်ယောက်ကို ချစ်သွားချင် ချစ်သွားနိုင်တာပဲ  ကိုယ့်ကိုအခင်ဆုံးပါပဲလို့ ပြောတဲ့သူတွေကလည်း မနက်ဖြန်မှာ သူစိမ်းတွေဖြစ်သားနိုင်တာပဲ မဟုတ်လား။

ဒီစာအုပ်လေးက စာရေးသူ ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေ့ရတဲ့ အခြေနေတွေကို ရေးသားထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။

 

 

စာမျက်နှာ

100

စာအုပ်အရွယ်အစား

5.4 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊2024 ဧပြီလ(ပထမအကြိမ်)

27 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နာကျင်ရပ်ဝန်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

လင်းညိုသွေး စာအုပ်များ