ပဲ့ကိုင်ရှင်၏ဇော

( 0 မှတ်ချက်)

5500 (ကျပ်)

င့ါသား..လူဆိုတာ ကိုယ်လုပ်တဲ့အလုပ်မှာ ပီပြင်အောင်လုပ်ရတယ်ကွ။ မင်းက နွားကျောင်းတယ်ဆိုပါစို့။ အချိန်တန်လို့ မင်းအိမ်ပြန်လာတဲ့အခါ နွားတွေဗိုက်ပြည့်နေရမယ်။ မင်းက ကျောင်းသားဆိုရင်တော့ အချိန်တန်လို့ အောင်စာရင်းထွက်တဲ့အခါ မင်းအောင်နေရမယ်။ ဒါဆိုရင် မင်းဘ၀မှာ ဘယ်တော့မှ ထမင်းမငတ်နိုင်ဘူး။ ဘယ်အလုပ်မဆို သေးငယ်တယ်၊ နိမ့်ကျတယ်ဆိုပြီး အထင်မသေးနဲ့။ သမာအာဇီဝကျတဲ့ အလုပ်မှန်ရင် မင်းကျရာနေရာမှာ ပီပြင်အောင်သာလုပ်ပါ။ အောင်မြင်လာလိမ့်မယ်။ အဖေပြောတာ သေချာမှတ်ထားနော်။ ကြားလား ငါ့သား…”

ဒီစာအုပ်ထဲတွင် ကလေး၊ လူငယ်၊ ပြုပြင်ရေး စာမူများကို ရိုးရိုးရှင်းရှင်းရေးဟန်ဖြင့် တွေ့ရပါမည်။ စာအုပ်ထဲတွင်ပါဝင်သည့် “ကျွန်တော်ကျစ်သော ကြိုးတစ်ချောင်း” တစ်ပုဒ်ကိုတော့ စာဖတ်သူ စိတ်အပန်းဖြေစေရန် ရည်ရွယ်ပြီး ရေးဟန်သွက်သွက်ဖြင့် ထည့်သွင်းထားသည်။

ဒီစာအုပ်က ကလေး၊ လူငယ်၊ ပြုပြင်ရေးဝတ္ထုများဟု ဆိုထားပေမဲ့ ဇာတ်လမ်း ဇာတ်အိမ်တွေအရ အရွယ်မရွေး ဖတ်ရှုသင့်တာဖြစ်လို့ ဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

142

စာအုပ်အရွယ်အစား

6.8 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊2024 ဇူလိုင်လ (ပထမအကြိမ်)

16 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပဲ့ကိုင်ရှင်၏ဇော” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဆလိုင်းသန်းဇော်ဝင်း စာအုပ်များ