ပဲ့ကိုင်ရှင်
5000 (ကျပ်)
ဒီစာအုပ်လေးက စာရေးသူရဲ့ ပထမဆုံးသော ဝတ္ထုတိုစာအုပ်ကလေး ဖြစ်ပါတယ်။ စုစုပေါင်း ဝတ္ထုတို (၁၀) ပုဒ်တိတိပါဝင်ပြီး တစ်ပုဒ်စီတိုင်းမှာ -ဘဝရသများ၊ လူနေမှုစရိုက်များကို ထင်ဟပ်စေသော ဇာတ်ကောက်စရိုက်များ၊ ဆင်ခြင်စရာ လူမှုရေးပြဿနာများနှင့် အတုယူဖွယ်ရာ ဘဝသင်ခန်းစားများကိုလည်းဖတ်ရှုခံစားရမှာလည်း ဖြစ်ပါတယ်။လူတိုင်းကတော့ အမှားနဲ့ မကင်းနိုင်ကြသလို အချို့သော အမှားတွေက အမှားကျူးလွန်သူကိုသာမက မိသားစုကိုပါ ထိခိုက်ကြေမွစေတယ်ဆိုတာကိုလည်း စာရေးသူက ဝတ္ထုတစ်ပုဒ်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ အချို့မိဘတွေက ကိုယ်ကိုယ်တိုင်က အတန်းပညာမရှိသဖြင့် သားသမီးတွေကို အတန်းပညာရှိအောင်၊ ပညာတတ်တွေဖြစ်အောင် ပျိုးထောင်ပေးလေ့ရှိကြပါတယ်။ အချို့ကတော့ ကိုယ်ကိုယ်တိုင်လည်း အတန်ုးပညာ မရှိသလို သားသမီးတွေကိုလည်း လုံးဝမပေးနိုင်ကြပါဘူး။ အချို့ကတော့ ကိုယ့်မှာလည်း မရှိသော၊ သားသမီးတွေကိုလည်း မပေးနိုင်သော အတန်းပညာကို မပေးနိုင်စေကာမူ သားသမီးတွေရဲ့ ရှေ့ရေးအတွက် ရည်မှန်းကာ ကိုယ်စီအတတ်ပညာများရှိအောင် ပေးတတ်ကြပါတယ်။ဒီအကြောင်းအရာလေးတွေကို မိဘတိုင်း အတုယူဖွယ်ဖြစ်အောင် စာရေးသူက “ပဲ့ကိုင်ရှင်” အမည်ဖြင့် ဖော်ကျူးထုဆစ်ထားပါတယ်။
စာမျက်နှာ | 197 |
---|---|
စာအုပ်အရွယ်အစား | 5.6 x 0.5 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | မိုးကောင်းမြေစာပေ၊ 2023 ဇန်နဝါရီလ (ပထမအကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ