ကိုယ်ပိုင်အနာဂတ်

( 0 မှတ်ချက်)

5000 (ကျပ်)

အနာဂတ်ကို လူငယ်တွေကပဲ အုပ်စိုးပါလိမ့်မယ်။

ဒီတော့ လူငယ်တွေရဲ့ ကိုယ်ပိုင်အနာဂတ်တွေ လှနေမှ လူ့ဘောင်လောကရဲ့ အနာဂတ်ကလည်း လှလာမှာပါ။

လူတိုင်းမှာ အနာဂတ် ရှိတယ်။
လူတစ်ယောက်ချင်းစီတိုင်းမှာ ကိုယ်ပိုင်အနာဂတ် ရှိတယ်။
ဒါက ပုံမှန်ပဲမို့ အရေးမကြီးပေမဲ့ အရေးအကြီးဆုံးက လူငယ်တွေမှာရှိတဲ့ သူတို့ရဲ့ကိုယ်ပိုင်အနာဂတ်တွေ လှပနေဖို့၊ အရည်အသွေး မြင့်မားနေဖို့၊ တန်ဖိုးမြင့်နေဖို့ပါပဲ။

လက်ရှိ လုပ်ဆောင်နေသမျှ အားလုံးက အနာဂတ်အတွက် ဖန်တီးနေမှုတွေချည်းသာ ဖြစ်ပါတယ်။
လုပ်ဆောင်ချက်တွေ ကောင်းရင် အနာဂတ်လည်း ကောင်းမယ်။
လုပ်ဆောင်ချက်တွေ တန်ဖိုးရှိရင် အနာဂတ်လည်း တန်ဖိုးရှိမယ်။

အနာဂတ်တစ်ခုဆိုတာ…
ကောင်းတိုင်းလည်း မလှဘူး။
တန်ဖိုးရှိတိုင်းလည်း မလှဘူး။
ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်ပြီး ကိုယ့်အတွက် သင့်လျော်မှ အဲဒီ အနာဂတ်က လှပနေမှာပါ။ ကိုယ်ပိုင်ဆိုင်တဲ့ အနာဂတ်ကို အလှပဆုံးဖြစ်အောင် လက်ရှိအချိန်ကတည်းက လုပ်ဆောင်ချက်တိုင်းကို ပညာဉာဏ်နှင့် ယှဉ်ပြီး ပုံဖော်တတ်ဖို့ အရေးကြီးပါတယ်။

ဒီစာအုပ်လေးထဲမှာတော့ ကမ္ဘာစစ်ကြီးကြောင့် မိဘမဲ့ ဖြစ်ခဲ့ကြရတဲ့ ကလေးငယ် သုံးဦးအကြောင်းကို ရင်နင့်ဖွယ်ရာ တွေ့မြင်ရပါလိမ့်မယ်။

• သူတို့သုံးဦးကို ပြုစုပေးခဲ့တဲ့ သင်းအုပ်ဆရာ ကာလ်ဆွန်…
• အိမ်ကနေ ဆယ်နှစ်ကျော်ကြာ ထွက်ပြေးသွားခဲ့တဲ့ ကယ်ဗင်…
• စာတော်လွန်းလှတဲ့ ဒန်…
• စေတနာရှင် ဆရာမလေး ဆီနာ…

သူတို့အားလုံးရဲ့ မတူညီတဲ့ အနာဂတ်တွေကို ပုံစံမျိုးစုံနဲ့ တွေ့မြင်ရမှာဖြစ်သလို လူငယ်တွေအတွက် အတုယူ မှတ်သားသင့်တဲ့ သဘောတရားတွေ၊ ခွန်အားရှိစေတဲ့ စကားလုံးတွေ၊ တန်ဖိုးရှိလှတဲ့ အတွေးတွေကိုလည်း ဖတ်ရှုခံစားရမှာလည်း ဖြစ်ပါတယ်။

စာအုပ်ရဲ့ တစ်နေရာမှာတော့ အောက်ပါအတိုင်း ရေးသားထားတာကို တွေ့မြင်ရမှာပါ…

ဒီနေ့ ငါ ကြိုးစားမယ်၊
ဒါပေမဲ့…
ငါ့ရဲ့ကြိုးစားမှုက
ဒီနေ့အတွက် မဖြစ်စေရဘူး။

မနက်ဖြန်မှပဲ
ကြိုးစားမှုရဲ့ ရလဒ်ကို
ငါ ပြန်ရှာတော့မယ်။

#သုနေ

စာမျက်နှာ

135

စာအုပ်အရွယ်အစား

5.5 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

မိုးကောင်းမြေစာပေ၊ 2023 အောက်တိုဘာလ

11 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကိုယ်ပိုင်အနာဂတ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

သုနေ စာအုပ်များ