မျက်ကွယ်ပြုလို့မရလောက်အောင်ထူးချွန်ပြလိုက်ပါ

( 0 မှတ်ချက်)

12900 (ကျပ်)

မျက်ကွယ်ပြုလို့ မရလောက်အောင်ထူးချွန်ပြလိုက်ပါ ဆိုတာကအမှန်တော့ နာမည်ကျော် လူပြက် Steve Martin ရဲ့အင်တာဗျူး ဗီဒီယိုတစ်ခုမှာ ဘဝအောင်မြင်ရေးသော့ချက် အနေနဲ့ဖြေဆိုထားတာလေးပါ။ ဝါသနာနောက် လိုက်နိုင်မှ ဘဝမှာ တိုးတက်မယ်ဆိုတဲ့ ရှေးဟောင်း အယူအဆကြီးကို ဆန့်ကျင်ပြီး၊ တန်ဖိုးလဲရှိ အသုံးလဲကျတဲ့ ကိုယ်ပိုင်အရည်အချင်း၊ ကိုယ်ရည်ကိုယ်သွေး ရှိမှသာထူးချွန်ပြောင်မြောက်တဲ့ အတွေးအမြင်အသစ်တွေနဲ့ ရေးသားထားတဲ့ စာအုပ်တစ်အုပ်ပါ။
ဒီစာအုပ်လေးဟာ
– စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ
– နည်းပညာ ကြမ်းပိုးတွေ
– ဘွဲ့ရထားပေမဲ့ ဘာဆက်လုပ်မှန်းမသိတဲ့ လူငယ်တွေ
– လုပ်ချင်စရာများပြီး မျက်စိလည်နေတဲ့ လူငယ်တွေ
– ဝမရှိဘဲ ဝိလုပ်မိနေသူတွေ
– ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ် ပါသလောက် ကိုယ်တိုင်ကျ ဟိုမကျ ဒီမကျ ဖြစ်နေတဲ့လူတွေအားလုံးအတွက် ပြေပြစ်တဲ့ အရေးသား၊ လိုတိုရှင်း တင်ပြမှုတွေနဲ့ စနစ်တကျ လမ်းညွှန်ထားပြီး လက်တွေ့အသုံးကျနိုင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ အမေရိကန်စာရေးဆရာ Cal Newport ရဲ့ နာမည်ကျော် So Good They Can’t Ignore You ကို ဆရာမောရိသျှက ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။

စာမျက်နှာ

329

စာအုပ်အရွယ်အစား

5.5 x 0.6 x 8.5 inches

ပုံနှိပ်မှတ်တမ်း

Shwe Note စာပေ၊2024၊ မတ်လ(ပထမအကြိမ်)

80 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မျက်ကွယ်ပြုလို့မရလောက်အောင်ထူးချွန်ပြလိုက်ပါ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မောရိသျှ စာအုပ်များ