ဒေါမာန်ဟုန် (ဗမာပြည်ဒီမိုကရေစီတိုက်ပွဲ)

( 0 မှတ်ချက်)

6000 (ကျပ်)

1988 ခုနှစ်မတ်လတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကြို့ကုန်းရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်ငယ်လေး၌ ဖြစ်ပွားခဲ့သော ရန်ပွဲတစ်ပွဲသည် ခေတ်သစ်အာရှသမိုင်းတွင် အကြီးကျယ်ဆုံးသော ဒီမိုကရေစီအုံကြွမှု အရေးအခင်းကြီးကို မီးမွှေးပေးခဲ့သည်။

ဘာတီးလ်လင့်တနာ

အထက်ပါရန်ပွဲကို အာဏာပိုင်များက မှားယွင်းညံ့ဖျင်းစွာ ကိုင်တွယ်ခဲ့သည်။ ထို့ပြင် တစ်ချိန်တုန်းက အရှေ့တောင်အာရှတွှင် အကြွယ်၀ဆုံးနိင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး ဒီမိုကရေစီအလားအလာ အလွန်ကောင်းမွန်ခဲ့သည့် နိုင်ငံကို စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအရ ချွတ်ခြုံကျ ပျက်စီးသွားစေခဲ့သော၊ အုပ်ချုပ်သူများအပေါ်အချိန်ကြာမြင့်စွာ ကြိတ်မှိတ်မျိုသိပ်ထားရသော မြန်မာပြည်သူတို့၏ မကျေနပ်စိတ်များ အရှိန်အဟုန် ပြင်းထန်စွာ ပေါက်ကွဲထွက်ပြီး မြန်မာနိင်ငံကိုသာမက တစ်ကမ္ဘာလုံးကိုပါ ကိုင်လှုပ်ခဲ့ပေသည်။ ထိုနှစ်ဩဂုတ်လတွင် အထွေထွေသပိတ်ကြီးဖြစ်ပေါ်ခဲ့ပြီး သန်းချီသော လူထုကြီးသည် မြို့တော်လမ်းမများပေါ်တွင်သာမက နိုင်ငံအနှံ့မြို့များ၊ ရွာများတွင်ပါ ချီတက်ဆန္ဒပြခဲ့ကြသည်။ လူထုတစ်ရပ်လုံးက တိုင်းပြည်ကို ဘေးဥပါဒ်ကျရောက်စေခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နှင့် လမ်းစဉ်ပါတီ၏ တစ်ပါတီအုပ်ချုပ်ရေးစနစ် ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။
သို့သော် နောက်ဆုံးတွင် စက်တင်ဘာလ 18ရက်နေ့၌ စစ်တပ်က ကြားဝင်ခဲ့သည်။ အာဏာသိမ်းရန် မဟုတ်၊ တစ်နိုင်ငံလုံး တောမီးလောင်သကဲ့သို့ ပျံ့နှံ့နေသော ဆူပူသောင်းကျန်းမှုများကို ထိန်းချုပ်ရန် အတွက်သာဖြစ်သည်ဟု အကြောင်းပြ ပြောဆိုခဲ့သည်။ သို့ဖြင့် ဒီမိုကရေစီလှုပ်ရှားမှုမှာ ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းခံခဲ့ရသည်။
ယခုစာအုပ်သည် 1988 ခုနှစ် ဗမာပြည်ဒီမိုကရေစီအရေးတော်ပုံကြီးတွင် အနစ်နာခံ အသက်စွန့်လွှတ်ခဲ့ကြသူများ၊ မိမိယုံကြည်ချက်ကို ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ပြီး နယ်စပ်ဒေသများတွင် ကျဆုံးသွားသော ကျောင်းသားတော်လှန်ရေးတပ်ဦးမှ ရဲဘော်ကျောင်းသားများနှင့် အကျဉ်းထောင်ထဲတွင် နှစ်ကာလရှည်ကြာစွာ မိမိတို့၏ နုပျိုသစ်လွင်သော ဘ၀များကို ပေးဆပ်ခဲ့ရသော ကျောင်းသားများအတွက် ဂုဏ်ပြုထုတ်ဝေထားသည့် နိုင်ငံရေးသမိုင်း စာအုပ်ဖြစ်ပါသည်။ 

စာမျက်နှာ

349

စာအုပ်အရွယ်အစား

6 x 0.7 x 9 inches

ပုံနှိပ်မှတ်တမ်း

လွင်ဦးစာပေ၊ 2020 ဩဂုတ်လ (ဒု-ကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဒေါမာန်ဟုန် (ဗမာပြည်ဒီမိုကရေစီတိုက်ပွဲ)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

စံဝင်းမောင် စာအုပ်များ