ဥပုပ်သည်တို့ဖတ်ဖွယ် ပုံဝတ္ထုလေးဆယ်
3500 (ကျပ်)
ဤစာအုပ်သည် သီရိလင်္ကာနိုင်ငံ၌ ရှေးအခါက ဥပုသ်သည်များ သီတင်းသီလစောင့်သုံးနေကြခိုက်တွင် စာဖတ်ကောင်းသူတစ်ဦးက ဖတ်ပြသည်ကို ဝိုင်း၍နာယူခဲ့ကြသော ပုံဝတ္ထုများဖြစ်ပါသည်။ ဤဝတ္တများ၏ မူရင်းကျမ်းစာအမည်မှာ “မဓုရ ရသဝါဟိနီ” ဖြစ်သည်။ “ရသဝါဟိနီ” ဟုလည်း ခေါ်ကြသည်။
ထို ရသဝါဟိနီကျမ်းသည် ရှေးနှစ်ပေါင်းနှစ်ထောင်၊ အေဒီ ၁ရာစုအတွင်းပေါ်ထွန်းခဲ့သည်ဟု သီရိလင်္ကာစာပေသမိုင်းကျမ်း၌ပြဆိုထားပါတယ်။ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝါလ်ပိုလာ ရာဟုလာဆရာတော်ကြီးကမူ ” အေဒီ ၁-ရာစုပအတွင်းပေါ်ထွန်းသည်ဟူသော အဆိုသည် အနည်းငယ်စောလွန်းနေပါသည်။ … ‘အေဒီ ၃-ရာစု ကာလအတွင်းပေါ်ထွန်းသည်ဟုဆိုပါလျှင် မလွန်တန်ရာ’ ဟုတင်ပြထားပါသည်။
အေဒီ ၃-ရာစုကိုမြန်မာ့သမိုင်းကာလနှင့် ချိန်ညှိသော် ဟန်လင်း၊သရေခေတ္တရာစသော ပျူနိုင်ငံများ တည်ထောင်စခေတ်ကာလဖြစ်လေသည်။
စာမျက်နှာ | 246 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.4 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | လွင်ဦးစာပေ၊ ၂၀၂၀ ဇန်နဝါရီလ၊ (ပဉ္စမအကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ