တခြားကမ္ဘာက အရောင်

( 0 မှတ်ချက်)

6000 (ကျပ်)

နာမည်က တခြားကမ္ဘာက အရောင်တဲ့။ စစ်ငြိမ်းကတော့ သူ့စာအုပ်ကိုသူ အခုလို ဖွင့်ဟထားပါတယ်။

ကျနော်အခု အိမ်ကိုပြန်တော့မယ်။
လေထဲကသစ်ရွက်လေးမြေကြီးပေါ်ကျရသလို
အိမ်ကိုပြန်တော့မယ်။
အိပ်မက်ကနေရုတ်တရက်လန့်နိုးလာရသလို
အိမ်ကိုပြန်တော့မယ်။
အရက်တွေသိပ်မူးနေတဲ့ဆောင်းညမယ်သောက်ရတဲ့
ဘလက်ခ်ကော်ဖီခါးခါးလေးတစ်ခွက်လို
အိမ်ကိုပြန်တော့မယ်။
မိုးတွေရွာနေတဲ့မနက်ရဲ့ စိုစွတ်နေတဲ့ပလက်ဖောင်းလေးလို
ကျနော်အိမ်ကိုပြန်မယ်။
တစ်ယောက်ယောက်ကိုလွမ်းလို့အငွေ့တထောင်းထောင်းထနေတဲ့ရေနွေးခွက်လေးလို
ကျနော်အိမ်ကိုပြန်မယ်။
နားထောင်နေရင်းအမှတ်တမဲ့ပိတ်လိုက်တဲ့ရေဒီယိုသီချင်းလေးတစ်ပုဒ်လို
ကျနော်အိမ်ကိုပြန်မယ်။
ကျနော်အိမ်ပြန်တော့မယ်ကိုစစ်ငြိမ်း။

” တခြားကမ္ဘာရဲ့အရောင်အကြောင်း “

ကျနော့်ကိုယ်ကျနော်ရှာဖွေခြင်းသီးသန့်ဖြစ်သောကြောင့် ဤစာအုပ်ထဲတွင် ဇာတ်လမ်းဇာတ်ကွက်ကို ရှာဖွေခြင်းမပြုလုပ်စေလိုပါ။ ငြိမ်းကို တေးဝေ ချာလီမှသည် စစ်ငြိမ်းဆီသို့၊ စစ်ငြိမ်းမှသည် ကိုညီညီနိုင်ဆီသို့ စိတ်ဖြင့်အိမ်ပြန်နေသောလမ်းသာဖြစ်ပါသည်။
ဤစာအုပ်ဖြင့် ဟိုးအဝေးကနှင်းတွေအောက်မှာမတ်တပ်ရပ်ငေးမောနေသော ကျနော့်ကျောပြင်ကို ခပ်ရေးရေးလှမ်းမြင်ရရန် မျှော်လင့်ခဲ့ပြီး အကယ်၍များပြန်တွေ့ခဲ့လျှင် ကျနော်ကိုယ်ကျနော် ပြေး၍ ပွေ့ဖက်နှုတ်ဆက်ချင်ပါသည်။ ကျနော့်ကိုယ်ကျနော် လွမ်းလှပါပြီ။

ကျနော် စစ်ငြိမ်းမဟုတ်ပါ။ ဆမ်းမား၏ဖေဖေ ကိုညီညီနိုင်သာဖြစ်ပါသည်။

စာမျက်နှာ

107

စာအုပ်အရွယ်အစား

5.4 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2023 စက်တင်ဘာလ (ပထမအကြိမ်)

7 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“တခြားကမ္ဘာက အရောင်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

စစ်ငြိမ်း စာအုပ်များ