တယောက်သောသူက_တယောက်သောသူကို

( 1 မှတ်ချက်)

7000 (ကျပ်)

◾ ဥပမာ၊ ဥပမေယျ ကောင်းကောင်း၊ အတွေး သွက်သွက်၊ အရေး ညက်ညက်နဲ့ ဆရာမ သော်တာအေးလဲ့ရဲ့ စာအုပ်အသစ်ကို မျှော်နေကြတဲ့ စာဖတ်သူများအတွက် တယောက်သောသူက တယောက်သောသူကို ဝတ္ထုတိုများ စာအုပ်လေးက ကျေနပ်မှု တစုံတရာကို ရရှိစေမှာ အသေအချာ။

◾ တယောက်သောသူက တယောက်သောသူကို ဝတ္ထုတိုများ စာအုပ်ထဲက ဝတ္ထုတိုများဟာ ပုံသဏ္ဌာန်အဖုံဖုံနဲ့ သီကုံးထားတဲ့ ပျူခေတ် လည်ဆွဲကုံးလေးပမာ ချစ်မက်စိတ်ဝင်စားစရာ ကောင်းနေတယ် ဆိုတာ ဖတ်ပြီးတာနဲ့ ခံစားသိမှတ်စေပါလိမ့်မယ်။
◾ ဝတ္ထုတိုစုစည်းမှု စာအုပ်လေးတွေဟာ ဟင်းအမယ် အစုံစုံ တည်ခင်းထားတဲ့ စားတော်ပွဲကြီးနဲ့ တူသတဲ့။

◾ ဒီလိုဆို တယောက်သောသူက တယောက်သောသူကို ဆိုတဲ့ စားတော်ပွဲကြီးမှာ ချို၊ ချဥ်၊ ဖန်၊ ခါး ရသာကွဲပြားတဲ့ ဟင်းအမယ် ၁၂ မျိုးကို သုံးဆောင်ခွင့်ရမှာ ဖြစ်ပါတယ်။

စာမျက်နှာ

189

စာအုပ်အရွယ်အစား

5.2 × 0.3× 8.2 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ 2023 ဇူလိုင်လ (ပထမအကြိမ်)

4 in stock

တယောက်သောသူက_တယောက်သောသူကို အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    ဆရာမသော်တာအေးလဲ့ကို ဆယ်တန်းပြီးခါစ စာအုပ်တွေ စဖတ်ဖြစ်တဲ့အချိန်
    “ကျန်ရစ်မြစ်”စာအုပ်လေးနဲ့ စသိခဲ့တယ်။
    အဲ့ကတည်းက ဆရာမစာအုပ်တွေဆို
    အမြဲမျှော်ရတော့တာပဲ။
    အခုလည်း စာအုပ်အသစ်မထွက်တာ
    ကြာပြီဖြစ်တဲ့ဆရာမရဲ့ စာအုပ်လေး
    ထွက်တော့မယ်ဆိုတည်းက ဝမ်းသာပီတိဖြစ်မှုနဲ့အတူ Pre Orderကာလစ
    ကတည်းက မှာဖြစ်ခဲ့တယ်။
    လက်ထဲရောက်ရောက်ချင်း ခင်မင်ရတဲ့
    စာချစ်သူအစ်မတစ်ယောက်ကို ပေးငှားလိုက်လို့ ကျွန်မကတော့ ဒီနေ့မှပဲ
    ဖတ်ဖြစ်တော့တယ်။
    တစ်ပုဒ်ဆို တစ်ပုဒ်ဆိုသလို အတွေးပေါင်းများစွာ ဆက်ရင်း၊ စကားလုံးတွေရဲ့ အနုပညာရသမှာ စီးမျောရင်း ဝတ္ထုတို(၁၂)ပုဒ်ပါတဲ့
    ဒီစာအုပ်ကို တထိုင်တည်း ဖတ်ပြီးသွားပါတယ်။
    မာတိကာလေးမှာ ဖူးငုံ၊ ပွင့်ဦး၊
    ပွင့်လွှာ၊ ဝတ်မှုန်၊ ရိုးတံ ဆိုပြီး
    ပန်းကလေးတစ်ပွင့် ပွင့်ဖူးလာသလို
    ဒီဝတ္ထုတိုလေးတွေကို တင်စားထားပုံကလည်း ထူးခြားပြီး ချစ်စရာကောင်းနေတော့တာရယ်။🥰
    လူပျိုပေါက်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်နဲ့အပြုအမူတွေကို
    ◇ကိုလူပျို◇ မှာ ခံစားမိသလို
    ◇မြက်ခြောက်ရိတ်ချိန်◇ အပုဒ်လေးမှာတော့ လူတစ်ယောက်ရဲ့ ရှင်သန်မွေးဖွားချိန်ကနေ ဘဝနေဝင်ချိန်ရောက်တဲ့ထိ ရုန်းကန်ကျော်ဖြတ်ရပုံတွေကို
    သံဝေဂရဖွယ် ဖတ်ရှုရပါတယ်။
    ဘဝတစ်ခု ကံကုန်သွားဖို့ မလွယ်ကူသလို၊တကယ်တမ်း အသက်၊ဓါတ်
    ကုန်ရမဲ့ အချိန်ရောက်ပြန်တော့လည်း
    ဘယ်အရာနဲ့မှ ဆွဲ၊ထားလို့မရ၊
    တားဆီးလို့လည်း မရနိုင်ဘူးဆိုတာလေး သတိကပ်မိစေပါတယ်။
    ကျွန်မအနှစ်သက်ဆုံးအပုဒ်ကတော့
    ◇ဖေဖေ့ချစ်သူ◇ဆိုတဲ့ အပုဒ်လေးပါ။
    ဖေဖေ့ ငယ်ချစ်ဦးက အန်တီဆွေ၊
    ဖေဖေအချစ်ဆုံးကတော့ မေမေတဲ့…။
    “အချစ်ဆိုတာ ခွဲပေးလို့ရလား မေမေ…
    အချစ်တော့ မသိဘူး သမီးရယ်၊
    မေတ္တာကတော့ ပေးဝေငှလိုက်ရလို့လဲ
    ကုန်ခန်းသွားတတ်တဲ့ အရာမျိုး မဟုတ်ပါဘူး။”
    “ကံ့ကော်ပန်းတွေလေ…။
    သမီးဖေဖေက မေမေ့ကို ကံ့ကော်ပန်းတွေ ပေးခဲ့ဖူးတယ်”
    ချစ်ခြင်းမေတ္တာသည် တန်ဖိုးကြီးလက်ဆောင် မဟုတ်၊ကံ့ကော် ပန်းလေးများသာဖြစ်သည်🤍
    လွမ်းစရာကောင်းတဲ့အပြင် စိတ်အကြည်ဓါတ်ရစေတဲ့ အပုဒ်လေးမို့ ဖတ်ရင်း
    သဘောကျနေမိတာပါပဲ။
    ◇အိမ်မက်၊ တိမ်ခိုး၊ မြူ၊ အရိပ်◇
    သမီးရှိရာ နိုင်ငံရပ်ခြားမှာ လိုက်နေရင်း၊ မွေးရပ်ဇာတိအညာမြေကိုသာ
    သံယောဇဥ်တွယ်ပြီး လွမ်းတတ်တဲ့ ဖခင်တစ်ယောက်ရဲ့ အလွမ်းကို ရေးပြသွားတာမို့ စာနာသနားမိပြန်တယ်။
    “ကျွန်မတို့တတွေဟာ အစာရှာရင်း
    မူလအသိုက်ကို ဘယ်တော့မှ ပြန်မရောက်နိုင်တဲ့ ငှက်ကလေးတွေပါပဲ။”
    “ကျွန်မတို့တတွေဟာ ကိုယ့်ကိုယ်ကိုယ်
    ကျေနပ်နှစ်သိမ့်နိုင်ဖို့အတွက် ဘယ်အရာတွေကို ဘယ်လောက် အတိုင်းအတာထိ
    ရွေ့လျားသင့်သလဲ။
    ပြီးတော့ ဘယ်အချိန်မှာ ရပ်တန့်ပစ်လိုက်သင့်သလဲ။
    ကျွန်မ မသိပါဘူးလေ…။
    သေချာတာကတော့ ဒီနှစ် ဆောင်းတွင်း တတွင်းလုံး နှင်းတွေ တဖွဲဖွဲကျတာကို ငေးမောရင်းပဲ ကုန်ဆုံးရပြန်ဦးမယ်။
    နောက်နှစ်ကျရင်ရောပေါ့။”
    ဆရာမစာတွေ နှစ်သက်သဘောကျတဲ့ စာချစ်သူများအတွက် လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းလေးမို့ ညွှန်းချင်ပါတယ်။ ဖတ်ကြည့်ပါဦးနော်…🥰
    #သော်တာအေးလဲ့
    #တယောက်သောသူကတယောက်သောသူကို
    #ဝတ္ထုတိုများ
    #reviewby하은
    #Aug27

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

သော်တာအေးလဲ့ စာအုပ်များ