ဝတ္ထုသမုဒ္ဒရာ(၂)

( 0 မှတ်ချက်)

3000 (ကျပ်)

ကမ္ဘာ့စာပေနယ်ပယ်တွင် မဂ္ဂဇင်း၀တ္ထုရှည်ဟူ၍ သီးခြားသတ်မှတ်ခေါ်ဝေါ်ခြင်းမျိုးအစား ၀တ္ထုတိုဟုပင် သုံးနှုန်းသော်လည်း မြန်မစာပေနယ်တွင်မူ လစဉ်ထုတ်မဂ္ဂဇင်း၀တ္ထုရှည်မှာ တစ်ခန်း တစ်ကဏ္ဍဖြစ်ပါသည်။ မြန်မာ့မဂ္ဂဇင်း၀တ္ထုရှည်များမှာ အများစုက တစ်လတည်းတွင် အပြီး မဂ္ဂဇင်းတွင် ပါဝင်ကြပြီး မဂ္ဂဇင်းကို  တည်းဖြတ်စီစဉ်သူ စာတည်း(အယ်ဒီတာ) များက မဂ္ဂဇင်း၀တ္ထုရှည်များကို ရသစာပေ နှစ်ခြိုက်သူ ပရိတ်သတ်များသို့ဆွဲဆောင်သော “အား” အဖြစ် တခမ်းတနား နေရာပေးဖော်ပြလေ့ရှိပါသည်။စာရေးဆရာများအတွက်လည်း မဂ္ဂဇင်းတွင် မဂ္ဂဇင်း၀တ္ထုရှည်တစ်ပုဒ် ရေးသားခြင်းမှာ မိမိ၏ ၀တ္ထုရေးသားခြင်း အနုပညာကို လှပကောင်းမွန်စွာ ဖော်ထုတ်ပြသနိုင်ခြင်းဖြစ်ပြီး မိမိကလောင်၏ အရည်အသွေးကို မဂ္ဂဇင်းစာတည်းများက အလေးဂရုပြုကာ ဂုဏ်ပြုနေရာပေးခံရခြင်းဟုလည်း ဆိုရမည်ဖြစ်ပါသည်။

မြန်မာမဂ္ဂဇင်း၀တ္ထုရှည်များသည် ပုံမှန်မဂ္ဂဇင်း၀တ္ထုတိုများထက် မဂ္ဂဇင်း၏စာမျက်နှာ ပိုမိုရရှိမြဲဖြစ်ပါသည်။ သို့အတွက် မဂ္ဂဇင်း၀တ္ထုရှည်တွင် ဇာတ်အိမ်ကို ပရိတ်သတ်က ပို၍မြင်ခွင့်သာပါသည် ဇာတ်ဆောင်သည်လည်း လိုအပ်ပါက များစွာလှုပ်ရှားနိုင်သလို ဇာတ်ဆောင်၏ စရိုက်သဘာ၀ကိုလည်း စာရေးဆရာ လိုအပ်သလို ဖန်တီးခြယ်သနိုင်ပါလိမ့်မည်။ဤမျှဆိုလျှင် မြန်မာမဂ္ဂဇင်း၀တ္ထုရှည်များသည် မြန်မာစာပေတွင် တစ်ခန်းတစ်ကဏ္ဍ တန်ဖိုးထားဖတ်ရှုစရာ ဖြစ်နေကြသည့် အကြောင်းအကျဉ်းမျှ ပေါ်လွင်လိမ့်မည်ဟု ယူဆပါသည်…။

စာမျက်နှာ

174

စာအုပ်အရွယ်အစား

4.9 x 0.4 x 7.2 inches

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဝတ္ထုသမုဒ္ဒရာ(၂)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ခင်ခင်ထူး စာအုပ်များ