အိုဟင်နရီ၏၀တ္ထုတိုများ

( 0 မှတ်ချက်)

2500 (ကျပ်)

အိုဟင်နရီသည် အမေရိကန်လူမျိုး စာရေးဆရာဖြစ်သည်။ အမေရိကန် စာပေလောက၌သာမက ကမ္ဘာ့စာပေနယ်၌ပါ ဝတ္ထုတိုအရေးအဖွဲ့၌ ထူးချွန်သူအဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ ဝတ္ထုတို အဖွဲ့အနွဲ့တွင် အိုဟင်နရီသည် အရေးအဖွဲ့၊ ဇာတ်လမ်းဇာတ်ကွက်နှင့် အလှည့်အပတ်များ၌ အလွန်ထူးချွန်သည်ဟု စာဖတ်ပရိသတ်ကရော စာပေပညာရှင်များကပါ အသိအမှတ်ပြုခဲ့ကြပေသည်။

၁၉၈၁ခုနှစ်တွင် “အမေရိကန် အနုပညာနှင့်သိပ္ပံပညာရပ်ဆိုင်ရာအဖွဲ့ကြီး” က “အိုဟင်နရီ စာပေဆု” ဟူသောအမည်ဖြင့် တစ်နှစ်အတွင်းထွက်သမျှ ဝတ္ထုတိုများထဲမှ အကောင်းဆုံးဝတ္ထုတိုအား နှစ်စဉ်ဆုချီးမြှင့်ခဲ့ကြသည်။ သူ့ဝတ္ထုတိုများသည် နယူးယောက်မြို့တော်အတွင်းရှိ လမ်းများပေါ်မှ လူများကို ရေးဖွဲ့သည်ကများ၏။ သူ့ဇာတ်ကောင်များသည် ဘဝကို ရုန်းကန်နေရရှာသော သူများသာဖြစ်သည်ကိုလည်းတွေ့ရ၏။

စာမျက်နှာ

146

စာအုပ်အရွယ်အစား

5.3 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2021 ဒီဇင်ဘာလ (ဒု-ကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အိုဟင်နရီ၏၀တ္ထုတိုများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မောင်ထွန်းသူ စာအုပ်များ