နံပါတ်တစ်

( 0 မှတ်ချက်)

4500 (ကျပ်)

နယ်ပယ်စုံ၊ ကဏ္ဍစုံ ၊ နေရာစုံမှာ လူတိုင်းကတော့ ထိပ်ဆုံးဆိုတဲ့ ‘နံပါတ်တစ်’ နေရာကို လိုချင်ကြမှာပါပဲ။ ဒါပေမဲ့ နံပါတ်တစ်ဆိုတာ လူတိုင်း ရောက်နိုင်တဲ့နေရာတော့ မဟုတ်ပါဘူး။ အရေးအကြီးဆုံးက ကိုယ်လိုချင်တဲ့ နံပါတ်တစ်က ဘယ်လိုနေရာမျိုးမှာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးစဉ်းစားကြည့်ဖို့လည်း လိုအပ်ပါတယ်။ကောင်းတဲ့နေရာမှာလား၊ ဆိုးတဲ့နေရာမှာလား၊ ဒီမေးခွန်းက အလွန်အရေးကြီးပါတယ်။
နောက်တစ်ခုက နံပါတ်တစ်ပုဂ္ဂိုလ်ကြီးတွေဖြစ်ဖို့ ‘နံပါတ်တစ်’ဆိုတဲ့ ပထမဆုံးသော အလုပ်၊ ပထမဆုံးသော အဆင့်လေးတွေကို လုပ်ရပါလိမ့်မယ်။ နံပါတ်တစ်ကြီးတွေကို နံပါတ်တစ်လေးတွေနဲ့ ထုဆစ်ပုံဖော်ရတယ်ဆိုတာ အမြဲတမ်း သတိရပါ။သူလည်း သူ့နယ်ပယ်မှာ နံပါတ်တစ်။ ကိုယ်လည်း ကိုယ့်နယ်ပယ်မှာ နံပါတ်တစ်။ ဒါပေမဲ့ သူနဲ့ကိုယ် ယှဉ်လိုက်တဲ့အခါမှာ ကိုယ်က နံပါတ်တစ် မဟုတ်ဘဲ နံပါတ်နှစ် ဖြစ်နေတယ်ဆိုရင်တော့ ကိုယ့်ရဲ့ကြိုးစားမှုကို ပိုမိုတိုးမြှင့်ဖို့ သိသာထင်ရှားနေပါပြီ။အရာရာတိုင်းမှာ နံပါတ်တစ်ဖြစ်ဖို့ ကြိုစားနေတယ်ဆိုရင် ဒီစာအုပ်လေးကို ဖတ်ကြည့်ဖို့ ညွှန်းဆိုပါရစေ။

စာမျက်နှာ

134

စာအုပ်အရွယ်အစား

5.5 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

မိုးကောင်းမြေစာပေ၊ 2023 မတ်လ(ပထမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နံပါတ်တစ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

သုနေ စာအုပ်များ