ဆက်ရန်မရှိတော့ပါ
4000 (ကျပ်)
အချစ်ဆိုတာ တောင်းတိုင်းရကောင်းသော အရာမဟုတ်ပေ။ တစ်စုံတစ်ယောက်ကို ကိုယ်က ဘယ်လောက်ပင်ချစ်ချစ်၊ သူကိုယ့်ကို ဆတူပြန်ချစ်လာဖို့ဆိုတာက မျှော်လင့်ရုံလောက်သာ တတ်နိုင်သည်။ သားသမီးပေါ်မှာပဲဖြစ်ဖြစ်၊ အိမ်ထောင်ဖက်ပေါ်မှာပဲဖြစ်ဖြစ်…. ချစ်ချင်သပဆိုလျှင် ကိုယ်… ချစ်နိုင်သမျှ ချစ်ပေးလိုက်ဖို့ပါပဲ။ သူတစ်ဘက်သားဆီက တုံ့ပြန်မှုရဖို့ဆိုတာက သူတို့ အလိုအတိုင်းသာလျှင် ဖြစ်၏။ မျှော်လင့်ချက်တွေ ထားနေရသမျှ ပင်ပန်းမှုတွေနှင့်သာ အဆုံးသတ်သွားရတတ်သည်… (စာအုပ်ကောက်နှုတ်ချက်လေး ဖြစ်ပါတယ်)
မွန်ဟော်စီရဲ့ လက်ရာ စာအုပ်ကောင်းတွေ နှစ်သက်စွဲလမ်းဖတ်ရှုသူတွေအတွက်တော့ အသစ်ထွက်စာအုပ်လေးက စာဖတ်သူရဲ့ နှလုံးသားကို ညွှတ်နူးသိမ်းပိုက်မယ့် ရသစာအုပ်ကောင်းလေးတစ်အုပ်ဆိုတာ သေချာလှပါတယ်….
စာမျက်နှာ | 192 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.5 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2020 ဖေဖော်ဝါရီလ (ပ-ကြိမ်) |
Mg Zin Min Aung –
မိဘနဲ့သားသမီးကြားထဲက ပဋိပက္ခကို ပုံဖော်ရေးသားထားသောစာအုပ်လေးပါ အရမ်းဖတ်လို့ကောင်းသလို သင်ခန်းစာလဲရပါတယ်အများကြီး တကယ်ဖတ်ဖို့recomand ပေးချင်သောစာအုပ်လေးတစ်အုပ်ပါ ဖခင်နဲ့သမီးကြားထဲက ပြဿနာလေးတွေကိုဖော်ပြပေးထားပါတယ် ဖခင်ရဲ့မေတ္တာတွေကိုလဲတွေ့မြင်ရပါမှာ
Shinmin Thadar –
ဘဝ ဆိုတာ အမြဲတမ်း အစစ အရာရာ လိုလေသေးမရှိ ပြည့်စုံနေမှာ မဟုတ်ဘူးဆိုတာ ဒီစာအုပ်လေးဖတ်ပြီး သိခဲ့ရတယ်။ ပထမ ဘဝမှာ သိပ်ချစ်တဲ့ ဇနီးနဲ့ သမီလေးကို ဆုံးရှုံးခဲ့ပြီး ဒုတိယဘဝ မှာ ချစ်ခဲ့ ဖူးသူ မမ နဲ့ သမီးလေး သက် အပြင် ငွေကြေးဥစ္စာတွေ ပြည့်စုံ ခဲ့ပေမယ့် ဘဝဟာ ထင်ထားသလို ဖြောင့်ဖြူးမနေဘဲ မမမှာ မထင်မှတ်လောက်တဲ့ ရောဂါ ရှိမှန်းသိတဲ့ အခါ၊ ခပ်ဆိုးဆိုး သမီးလေး သက် ကလည်းဖခင် ရဲ့ စကားနားမထောင်သောအခါ
စသည်ဖြင့် ကံကြမ္မာကို လှည့်ကွက်မျိုးစုံကို ဆရာမရဲ့ လွေ့ဆန်ဆန် ခပ်သွက်သွက် ရေးသားထားတဲ့ စာအုပ်ကောင်း လေးတစ်အုပ်ဖြစ်လို့ ဖတ်ရကျိုး နပ်ပါတယ်။??