
နှလုံးသားဖြင့် နားဆင်ပါ
3500 (ကျပ်)
ဤစာအုပ်တွင် လူ့သဘာ၀ဖြစ်စဉ်သဘောတရားများအပေါ်အခြေခံ၍ ခံစားမှုရသများအပြင်တယောပြုလုပ်မှုပညာရပ်ဆိုင်ရာအတွေးအခေါ်အယူအဆများကို ထင်ရှားစွာဖော်ပြထားပါတယ်။ အဓိကဖော်ပြထားသည်မှာ လူတစ်ဦးနှင့်တစ်ဦးအလေးထားဆက်ဆံတတ်စေရန် လမ်းညွှန်ထားပြီး လူတစ်ဦးနှင့်တစ်ဦးပြောဆိုဆက်ဆံရာတွင် ဂရုတစိုက်နားထောင်ပေးရန်၊ မိမိလုပ်ကိုင်နေသော အလုပ်ကို ဇွဲမလျှော့ပဲ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ရန်၊ မိမိတို့၏ လက်ရှိအချိန်များကို တန်ဖိုးရှိစွာ အသုံးချတတ်စေရန်ဦးတည်ရည်ညွှန်းထားသော ဘာသာပြန်၀တ္ထုကောင်းတစ်အုပ်ဖြစ်ပါတယ်။
စာမျက်နှာ | 269 |
---|---|
စာအုပ်အရွယ်အစား | 5.7 x 0.5 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | HOPE PUBLISHING ၊ 2020 မေလ၊ (ပ-ကြိမ်) |
3 in stock
Hnin Wut Yi –
ကျွန်မတို့တွေဟာ တခြားသူပြောချင်တာကို သေချာဂရုတစိုက်နားမထောင်ပေးဘဲ???ကိုယ်ပြောချင်တဲ့စကားတွေကိုသာ ပြောနေပြီး ???ဘယ်လောက်တစ်ကိုယ်ကောင်းဆန်နေခဲ့ပြီးပြီလဲ။
တခြားသူရဲ့ စိတ်ခံစားချက် စိတ်နှလုံးကို နားလည်ဖို့ တခြားသူရဲ့ စကားကိုသေချာဂရုစိုက် နားထောင်ပေးဖို့ မလိုဘူးလား။
ဂရုတစိုက် နားမထောင်ပေးခြင်းကနေ လူနှစ်ဦးရဲ့ဆက်ဆံရေးကို သွေးအေးသွားစေတယ်ဆိုတာကိုရော သတိထားမိရဲ့လား။
#နှလုံးသားဖြင့်နားဆင်ပါ
ဒီစာအုပ်လေးကနေ တခြားသူရဲ့စိတ်နှလုံးကိုနားလည်ဖို့ တခြားသူစကားကို နှလုံးသားဖြင့်သေချာဂရုစိုက် နားထောင်ပေးခြင်းက ဘယ်လောက်ကောင်းတဲ့အရာလဲဆိုတာကို နားလည်သဘောပေါက် လာမှာပါ။❤️❤️❤️