နိဗ္ဗာန်စခန်းလက်တစ်ကမ်း

( 0 မှတ်ချက်)

6000 (ကျပ်)

ဒီစာအုပ်က နိဗ္ဗာန်ဆိုတာ ဘာလဲ၊ နိဗ္ဗာန်ရောက်ကြောင်းတရားဆိုတာ ဘာလဲ၊ နိဗ္ဗာန်ရောက်ဖို့ ဘာတွေ လုပ်ရမလဲဆိုတဲ့ အမေးတွေကို အတိုရှင်းဆုံး ဖြေဆိုထားပါတယ်။ ဒီစာအုပ်မှာ လက်တစ်ကမ်းမှာရှိနေတဲ့ နိဗ္ဗာန်ကို နိဗ္ဗာန်လို့ မမြင်၊ ဘဝဇာတ်ဆရာအလိုကျ ကပြအသုံးတော်ခံနေကြရတဲ့ ပုဂ္ဂိုလ်အသီးသီးတို့ မမျှော်လင့်တဲ့ အလှည့်အပြောင်း အချိုးအကွေ့တစ်ခုကြောင့် နိဗ္ဗာန်မဂ်ဖိုလ်ကို အရောက်လှမ်းနိုင်သွားတယ်ဆိုတဲ့ ဇာတ်ကြောင်းတွေကို စိတ်ဝင်စားဖွယ် ဖော်ပြထားပါတယ်။ ပြီးတော့ အပျော်နယ်ကျွံနေသူတွေ၊ ဒုစရိုက်နယ်ကျွံနေသူတွေ ‘ယနေ့သည် နောက်မကျသေး’ ဆိုတဲ့ အတွေးရှိရင်၊ စိတ်ကောင်းကလေးတစ်ခုထားတတ်ရင် အပျော်အပါးနဲ့ ဒုစရိုက်ကြားထဲမှပင် နိဗ္ဗာန်ဆိုတဲ့ အမြိုက်တရား ရနိုင်ကြောင်း ဇာတ်တော်လာအကြောင်းအရာများကို သာဓကပြု တင်ပြထားတဲ့စာအုပ်ဖြစ်ပါတယ်။

အလှအပကို ကိုးကွယ်တဲ့ ဇနပဒကလျာဏီ၊ လူသတ်သမားကြီး အင်္ဂုလိမာလ၊ အရက်သမားကြီး သန္တတိအမတ်၊ သူဌေးသားစင်စစ်က ကျွမ်းဘားသမားတစ်ဖြစ်လဲ ဥဂ္ဂါသေန၊ မစင်စားတဲ့ တက္ကဒွန်း၊ ဘရားရှေ့မှောက် မူးရူးသောင်းကျန်းနေတဲ့ မိန်းမကြမ်း ငါးရာ၊ အလှပဂေး ပြည့်တန်ဆာ သီရိမာနဲ့ စွဲလမ်းသူရဟန်း၊ သားသေလင်ဆုံး မိဘနှစ်ပါးပါ ဆုံးရှုံးလိုက်ရလို့ အရူးလုံးလုံးဖြစ်ရတဲ့ ပဋာစာရီ စတဲ့ ဘဝဇာတ်ခုံပေါ်က လူသားတွေရဲ့ အဖြစ်သနစ်တွေ၊ ဇာတ်ကြောင်းတွေနဲ့တကွ နိဗ္ဗာန်ဆိုတာ အဝေးကြီးမဟုတ် အနီးအနားမှာပဲ ရှိနေတယ်၊ သွားရောက်ယူရင် ရနိုင်ပြီး မယူရင်တော့ မရနိုင်လို့ တင်ပြထားတဲ့စာအုပ်ပဲ ဖြစ်ပါတယ်။

စာမျက်နှာ

320

စာအုပ်အရွယ်အစား

5.8 x 0.5 x 8.7 inches

ပုံနှိပ်မှတ်တမ်း

Myanmar heritage၊ 2022 မေလ (ပထမအကြိမ်)

4 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နိဗ္ဗာန်စခန်းလက်တစ်ကမ်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဒဂုန်ဦးစန်းငွေ စာအုပ်များ