မှောင်လွန်းသောညများ

( 0 မှတ်ချက်)

8000 (ကျပ်)

၁၉၆၀ နှင့် ၁၉၇၀ တစ်ဝိုက် ပေါ်ပေါက်ခဲ့သော မြန်မာဝတ္ထု စာရေးဆရာများအကြား၊ ထင်ရှားလူသိများသည့် ညိုဝင်း(နောင်တွင် အမျိုးသားစာပေဆုရ ညိုဝင်း) ၏ အမျိုးသားစာပေဆုရ စာအုပ်ဖြစ်သည်။ ဝတ္ထုကို လေလွင့်ပျက်စီးနေသော အခြေအနေမဲ့ ကလေးသူငယ်များဘဝဖြင့် စတင်ဖွင့်လှစ်ပြီး ဆင်းရဲ၍ မပြည့်စုံသောဘဝဖြင့် ဖြတ်သန်း ကြီးပြင်းခဲ့ရသူ မိဘမဲ့မျက်နှာငယ်လူငယ်တစ်ဦးနှင့် အစစအရာရာ ပြည့်စုံ၍ ချောမောသူ အတွင်းဝန်တစ်ဦး၏ သမီးတို့၏ မေတ္တာဘွဲ့ကို ဆွတ်ပျံ့ ကြည်နူးဖွယ် ဖွဲ့ဆိုထားသော ဇာတ်လမ်းဖြစ်သည်။

မိဘမဲ့ လေလွင့်သူ လူငယ်ကလေးများ၏ဘဝကို အဖွင့်မျှသာ ရေးဖွဲ့၍ ဆက်လက်ဖွဲ့ဆိုမထားသော်လည်း လူငယ်နှစ်ဦး၏ မေတ္တာ ဇာတ်လမ်းကို ရေးဖွဲ့သွားပုံမှာ တမြည့်မြည့်ခံစား၍ တစိမ့်စိမ့်လွမ်းမော စေသော အရေးအဖွဲ့လှပသေသပ်သည့် မေတ္တာဘွဲ့ဇာတ်လမ်းတစ်ပုဒ် အဖြစ် စာဖတ်သူအများက အသိအမှတ်ပြုခဲ့ပေသည်။ အထက်လွှာတို့၏ စရိုက်သဘာဝ ပေါ်လွင်အောင် ဖွဲ့ဆိုနိုင်ခြင်းလည်း ရှိခဲ့သည်။ ဤ စာအုပ်ကို “သစ္စာရင်မှာပိုက်လို့ရယ်” အမည်ဖြင့်လည်းကောင်း၊ မူရင်း အမည် “မှောင်လွန်းသောညများ”အမည်ဖြင့် လည်းကောင်း နှစ်ကြိမ်တိုင် ရုပ်ရှင်ရိုက်ကူးခဲ့သည်။ အောက်တိုဘာ ၈ ရက်နေ့တွင် ၃ နှစ်ပြည့်ခဲ့သည့် စာရေးသူကွယ်လွန်ခြင်း အမှတ်တရ ထုတ်ဝေခြင်းလည်း ဖြစ်ပါသည်။

စာမျက်နှာ

276

စာအုပ်အရွယ်အစား

5.6 x 0.9 x 8.4 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ ၊ 2023 အောက်တိုဘာလ (သတ္တမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မှောင်လွန်းသောညများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ညိုဝင်း စာအုပ်များ