ငေးရင်းဝေးကျန်ရစ်တဲ့… ကမ္ဘာ

( 0 မှတ်ချက်)

2500 (ကျပ်)

‘ဘာကိုမှ ရေရေရာရာ မရှိလှသည့် ကိုယ့်ဘဝ ကို မေရီ မုန်းမိသည် ။ ဘာကိုမှလည်း တိကျ ပိုင်နိုင်စွာ ဖမ်းဆုပ် ကိုင်နိုင်စွမ်းလည်း မရှိ ။ အဖေ့ မေတ္တာလည်း မေရီ့မှာ မရှိ ။ အမေ့ မေတ္တာ ဆိုသည်လည်း ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရသည့် လေနှင်တိမ်တွေ လို … ”

မေရီ

အချစ်ဆုံး အမေ့ရဲ့ မေတ္တာကိုလည်း မရခဲ့သူ ။

နိုင်လိုမင်းထက် ငါတကော ကောတတ်တဲ့ အရက်သမားဖခင်ရဲ့ မကြည်ဖြူခြင်းကို ခံရသူ ။ အားကိုးစရာရယ်လို့ မှတ်ယူခဲ့တဲ့ ဒေါ်လေးအိမ်ရောက်တော့ လုံခြုံစိတ်ချရပြီလို့ ခံစားမိချိန် မောင်ဝမ်းကွဲရဲ့ အနိုင်ယူခြင်း ခံခဲ့ရသူ။

မိန်းမငယ်လေး တစ်ယောက်ရဲ့ မိဘမေတ္တာ ငတ်မွတ်မှု၊ အားကိုးစရာ မိဘကနေ မေတ္တာ မရရှိတဲ့အခါ နီးစပ်ရာ ဆွေမျိုးကို တွယ်တာမိတဲ့ ဘဝ။ လိုချင်တဲ့ သူဆီက မဟုတ်ဘဲ ရလာတဲ့ ဆန္ဒဇောတွေနဲ့ မေရီ ဆိုတဲ့ မိန်းမငယ်လေးရဲ့ လေနှင်တိမ်လို အတွေးတွေကို စာရေးဆရာမ ခတ္တာခင်ရဲ့ သိမ်မွေ့ လှပတဲ့ အရေးအဖွဲ့ နဲ့ ဖတ်ရှုခံစားရမယ့်

“ငေးရင်း ဝေးကျန်ရစ်တဲ့… ကမ္ဘာ ” ။

ငေးရင်း ဝေးကျန်ရစ်တဲ့ ကမ္ဘာမှာ ကျန်ရစ်ခဲ့သူက ပိုပြီး လွမ်းဆွတ်ရမှာ အသေအချာ ။ တဖြည်းဖြည်း ဝေးသွားတဲ့ ကမ္ဘာဟာ ကိုယ့်အတွက်မှ မဟုတ်တော့တာ ။ လူငယ်တို့ရဲ့ ချစ်ခြင်းတရား ၊ မိသားစု ဆွေမျိုးများ ကြားက လူမှု ပဋိပက္ခ တွေကို မြင်ရမယ့် ဇာတ်လမ်းလေး ။

စာမျက်နှာ

136

စာအုပ််အရွယ်အစား

5.5 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

မဟာစာပေ၊ 2020၊ ဩဂုတ်လ (ပ-အကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ငေးရင်းဝေးကျန်ရစ်တဲ့… ကမ္ဘာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ခတ္တာခင် စာအုပ်များ